Connect with us

Hi, what are you looking for?

News

ဓာတ်ပုံသတင်းထောက် ဖိုးသားနှင့် တကသကျောင်းသူ မဆုရည်လင်းတို့ ထောင်သုံးနှစ်ချမှတ်ခံရ

ကိုဖိုးသားနှင့် မဆုရည်လင်းတို့သည် ပြီးခဲ့သည့် ၂၀၂၁ ဒီဇင်ဘာလ ၁၉ ရက်က စစ်အာဏာရှင်ဆန့်ကျင်​ရေးဆန္ဒပြပွဲတစ်ခုသို့အသွား လမ်းတွင် အကြမ်းဖက်စစ်တပ် ၏ အဓမ္မဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ဓာတ်ပုံ - တကသ ကျောင်းသားဟောင်းများ အင်အားစု

▪️မဆုရည်လင်းမှာ ထောင်တွင်း၌ ကျန်းမာရေး စိုးရိမ်​နေရဟုဆို

အလွတ်တန်းဓာတ်ပုံသတင်းထောက် ကိုဇော်လင်းထွဋ် (ခ)ဖိုးသား နှင့် ရန်ကုန်အခြေစိုက်တက္ကသိုလ် ကျောင်းသားသမဂ္ဂများမှ မဆုရည်လင်း (ခ) လင်းလင်း တို့ကို ယနေ့ (မတ်လ ၃၁)တွင် အကြမ်းဖက်စစ်တပ်၏ အင်းစိန်ထောင်တွင်းတရားရုံးက အလုပ်နှင့်ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့ကြောင်း တကသ ကျောင်းသားဟောင်းများအင်အားစုက ထုတ်ပြန်သည်။

ကိုဖိုးသားနှင့် မဆုရည်လင်းတို့သည် ပြီးခဲ့သည့် ၂၀၂၁ ဒီဇင်ဘာလ ၁၉ ရက်က စစ်အာဏာရှင်ဆန့်ကျင်​ရေးဆန္ဒပြပွဲတစ်ခုသို့အသွား လမ်းတွင် အကြမ်းဖက်စစ်တပ် ၏ အဓမ္မဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးကို ဖမ်းဆီးပြီးနောက် ၃ လကျော်အကြာတွင် အာဏာသိမ်းစစ်​ကောင်စီက ထောင်ဒဏ် မတရားချမှတ်ခံရခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – တကသ ကျောင်းသားဟောင်းများ အင်အားစု

ထိုသို့အမိန့်ချပြီးနောက် မဆုရည်လင်းအား မှတ်ပုံတင်အတု ကိုင်ဆောင်မှုဖြင့် ထပ်မံတရားစွဲဆိုနိုင်ရန်အတွက် သက်သေခံပစ္စည်းစာရင်းတွင် ၎င်းအား လက်မှတ်ရေး ထိုးစေခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သည့်အသိုင်းအဝိုင်း မှတဆင့် ကြားသိခဲ့ရကြောင်း ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်သည်။

ထို့အပြင် မဆုရည်လင်းသည် ထောင်တွင်း၌ ကျန်းမာရေး အခြေအနေစိုးရိမ်ရကြောင်း ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားသမဂ္ဂက ထုတ်ပြန်ထားသည်။

” လွန်ခဲ့သော ၃ ပတ်အတွင်းက မဆုရည်လင်းဆီသို့ ပေးပို့သော ပါဆယ်ထုတ်များလည်း မရောက်ကြောင်းကိုလည်း မိသားစုဝင်များထံမှ သိရှိရပါတယ်။ ယခုအချိန်ထိ မိသားစုဝင်များနှင့် မတွေ့ဆုံရသေးဘဲ မိသားစုမှ ပါဆယ်ထုတ်သီးသန့်သာ ပို့ပေးနေရပါသေးတယ်။ မဆုရည်လင်းကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ က ဖြင့် တရားစွဲဆိုတဲ့အပြင် မှတ်ပုံတင်အတုကိုင်ဆောင်မှု ၄၂၀ပုဒ်မနဲ့ ထပ်ဆွဲဖို့ တရားရုံးက ကြိုးစားနေတယ်လို့ မိခင်သမဂ္ဂက သိရပါတယ်။ ဒါ့အပြင် နှလုံးမကောင်းတဲ့အတွက် ထောင်တွင်းမှာ နှလုံးဆေးတွေ သောက်နေရကြောင်းနှင့် ကုသရာတွင် အထူးကုနဲ့ စနစ်တကျတိုင်ပင်ပြသထားသကဲ့သို့မဟုတ်ဘဲ ဖြစ်သလိုနည်းလမ်းနဲ့ နှလုံးဆေးတွေအများကြီး တိုက်တဲ့အတွက် မိသားစုက အလွန်အမင်းစိုးရိမ်ပူပန်နေရပါတယ် “ ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကျောင်းသားများသမဂ္ဂအနေဖြင့် မဆုရည်လင်း၏ သတင်းအားမပြတ်နားစွင့်နေပြီး တစ်စုံတစ်ခုဖြစ်ခဲ့ပါက အကြမ်းဖက်စစ်အုပ်စု၏ တာဝန်သာဖြစ်ကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

တောင်ကြီးမြို့သို့ရောက်ရှိနေသည့် လားရှိုးမြို့မှစစ်ဘေးရှောင်တဦးအား ရွေးကောက်ပွဲပျက်ပြားစေရန် လှုံ့ဆော်သည်ဟုစွပ်စွဲကာ စစ်ကောင်စီကဖမ်းဆီးပြီး ထောင် ၇နှစ်ချလိုက်သည့်လုပ်ရပ်သည် လူထုကို ခြိမ်းခြောက်ခြင်းဟု တောင်ကြီးနှင့်လားရှိုးမြို့မှဒေသခံများကပြောသည်။

သတင်း

မေလ ၂၃ ရက်ညက ဗျူဟာသည် လျှပ်စစ်မီးမမှန်သည့်အပေါ် Live လွှင့်၍ ‌ဝေဖန်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီခေါင်းဆောင်နှင့် လျှပ်စစ်ဝန်ကြီးကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်ဟုဆိုကာ မေလ ၂၅ရက်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

နိုင်ငံတကာ

ထောင်ကို ရောက်ပြီး ဆေးစစ်မှုတွေ လုပ်ဆောင်ခဲ့တဲ့အခါ အသက် ၇၄ နှစ်အရွယ် သက်ဆင်ဟာ အသက်အရွယ်ကြောင့်ရော၊ အရင်က နာတာရှည် ဝေဒနာတွေကြောင့်ပါ ကျန်းမာရေး အခြေအနေ အကောင်းဆုံး မဟုတ်တဲ့အတွက် ထောင်ရဲ့ ကုသဆောင်ဆီ ပို့ဆောင်ထားခဲ့ပါတယ်။

သတင်း

ဒီနေ့ ဇူလိုင်လ ၂၇ ရက်ဟာ ဒိုက်ဦးထောင်ကနေ နိုင်ငံရေးအကျဉ်းသား ၃၇ဦး ထောင်ပြောင်းရွှေ့မယ်ဆိုပြီး ခေါ်ထုတ်ခံရတာ တစ်လပြည့်တဲ့နေ့လည်းဖြစ်ပါတယ်။