Connect with us

Hi, what are you looking for?

သတင်း

ကချင်အာဇာနည်နေ့ အခမ်းအနား KIO ဌာနချုပ်လိုင်ဇာမှာ ကျင်းပ

ကချင်တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းမှု ခိုင်မာနေဆဲဖြစ်ပြီး စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ဆက်လုပ်ဆောင်မယ်လို့ CRPH သဝဏ်လွှာပို့

(ဌာနချုပ်လိုင်ဇာမှာ ကချင်အာဇာနည်နေ့ အခမ်းအနား ကျင်းပနေစဉ်။ ဓာတ်ပုံ - Screengrab)

ဩဂုတ် ၁၀။ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ဌာနချုပ်လိုင်ဇာမှာ ကချင်အာဇာနည်နေ့ အခမ်းအနား ကျင်းပခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့ကမှတ်တမ်းဓာတ်ပုံတွေဖော်ပြပါတယ်။

ဒီကနေ့ ဩဂုတ် ၁၀ရက်ဟာ (၅၁) နှစ်မြောက် ကချင်အာဇာနည်နေ့ ဖြစ်ပါတယ်။ လိုင်ဇာမှာ ကျင်းပတဲ့ အခမ်းအနားကို ဒုဗိုလ်ချုပ်ကြီးဂွန်မော် အပါအဝင် KIO/KIA ခေါင်းဆောင်တွေ ဝန်ထမ်းတွေ တက်ရောက်ခဲ့ကြတာ တွေ့ရပါတယ်။

ကချင်အာဇာနည်နေ့မှာ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက မိန့်ခွန်းပြောကြားခဲ့ရာ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးဆပ်သွားတဲ့ အာဇာနည်တွေကို ဂုဏ်ပြုကြောင်း ဖော်ပြသလို တော်လှန်ရေးကာလ ကြာရှည်လာတာနဲ့အမျှ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူတွေ အသက်ဆုံးရှုံးရမှုတွေအပေါ် စဉ်းစားရတိုင်း ကြေကွဲဝမ်းနည်းရကြောင်းလည်းထည့်သွင်း ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကချင်အာဇာနည်နေ့အခမ်းအနားကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)ကလည်းသဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။

CRPH ရဲ့ သဝဏ်လွှာမှာ (၅၁) နှစ်ကြာ ကချင်တော်လှန်ရေးခရီးတစ်လျှောက်တွင် လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ တရားမျှတမှုနဲ့ အခွင့်အရေးများအတွက် စစ်အာဏာရှင်အဆက်ဆက်ကို မဆုတ်မနစ် တော်လှန် ရင်း အသက်ပေးဆပ်ခဲ့ကြရသော ကချင်တိုင်းရင်းသားခေါင်ဆောင်ကြီးများနဲ့ တကွ ကချင် အာဇာနည်သူရဲကောင်းအပေါင်းတို့အားဦးညွှတ်အလေးပြုကြောင်း ဖော်ပြပါတယ်။

“ခက်ခဲကြမ်းတမ်းသည့် ကာလတစ်လျှောက် KIO/KIA သည် ကချင်ပြည်နယ်အတွင်း သာမက မြန်မာ့ဒီမိုကရေစီအရေးနှင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက်ပါ အရေးပါသော မဟာဗျူဟာမြောက်မဏ္ဍိုင်တစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့ပါသည်။ ယနေ့အချိန်တွင်လည်း စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေးအတွက် နွေဦးတော်လှန်ရေး မဟာမိတ်အင်အားစုများနှင့်အတူ လက်တွဲ ကြိုးပမ်းခဲ့ခြင်းကြောင့် စစ်ရေး၊ နိုင်ငံရေးနှင့် နယ်မြေစိုးမိုးရေးဆိုင်ရာ အဓိကကျသော တော်လှန် ရေးအောင်ပွဲများကို ရရှိပိုင်ဆိုင် နိုင်ခဲ့ပါသည်” လို့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။

လက်ရှိမှာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးတို့အတွက် တော်လှန်ရေးအင်အားစုအားလုံးရဲ့ စုစည်းညီညွတ်မှုသည် သာ အဓိက သော့ချက်ဖြစ်ကြောင်းလည်း သဝဏ်လွှာမှာ ပါရှိပါတယ်။

စစ်အာဏာရှင်တို့ရဲ့ ခေတ်အဆက်ဆက် အသုံးပြုခဲ့တဲ့ တော်လှန်ရေးအင်အားစုများအကြား သပ်လျှို သွေးခွဲမှုများနဲ့ ပရိယာယ်များကို နိုင်ငံရေးအသိ၊ နိုင်ငံရေးသတိ၊ တော်လှန်ရေးအသိ၊ တော်လှန်ရေး သတိတို့ဖြင့် စည်းလုံးညီညွတ်စွာ ရင်ဆိုင် ကျော်လွှားကြရမယ်လို့လည်း ဖော်ပြထားပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းမှုနောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အပါအဝင် ကချင်တော်လှန်ရေးအင်အားစုများဟာ အဓိက မိတ်ဖက်များအဖြစ် ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်နိုင်ခဲ့ကြောင်းလည်း အသိပေးထားပါတယ်။နိုင်ငံရေးအလှည့်အပြောင်း ကြီးမားနေတဲ့ လက်ရှိ အချိန်မှာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) မှာလည်း အခြားအင်အားစုများနဲ့ အတူ ပူးပေါင်းဆောင်ရွက်မှုခိုင်မာနေဆဲဖြစ်တယ်လို့ ဖော်ပြပါတယ်။

စစ်အာဏာ ရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေးတို့ အတွက် ကချင်တော်လှန်ရေးအင်းအားစုများအပါအဝင် ပြည်ထောင်စုတစ်ဝှမ်းရှိ တော်လှန်ရေး အင်အားစုများအားလုံးနဲ့အတူ အာဇာနည်တို့ မျှော်မှန်းခဲ့တဲ့ တန်းတူညီမျှသော၊ တရားမျှတပြီး ငြိမ်းချမ်းသာယာသော အနာဂတ်ဆီသို့ ပြည်သူက ပေးအပ်ထားတဲ့ ပြည်သူ့ဆင့်လွှဲ အာဏာဖြင့် ရရှိထားတဲ့ တရားဝင်မှု နိုင်ငံရေးလက်နက်ကို ကိုင်စွဲလျက် ဆက်လက် ထမ်းဆောင်မယ်လို့ သန္နိဋ္ဌာန်ပြုကြောင်းလည်း CRPH ကပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ခိုင်မြဲကြာရှည်စေရေး ပူးပေါင်းကူညီသူတွေ ချက်ချင်းရပ်တန့်ကြဖို့ KIO ဥက္ကဋ္ဌသတိပေး

သတင်း

ကျွန်းလှနဲ့ ခင်ဦးမှာလည်း မွေ့နေ့အမှတ်တရ သစ်ပင်တွေ စိုက်ပျိုး

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ဌာနချုပ် လိုင်ဇာမြို့ရဲ့ မြောက်ဘက် တောင်ကုန်းတခုမှာရှိတဲ့ KIA တပ်စခန်းနေရာကို စစ်ကောင်စီက မနေ့ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

"မြစ်ကြီးနားလေဆိပ်မှာရှိတဲ့ လေယာဉ်တစီးရဲ့ အမြီးပိုင်းမှာထိတဲ့ ပုံတွေကို တင်ကြပါတယ်။ ဘယ်သူကပစ်တယ် ဘယ်ကနေပစ်တယ် ဘာလက်နက်နဲ့ပစ်တယ်ဆိုတာတော့ သဲသဲကွဲကွဲတော့ မသိရသေးပါဘူး" - ဗိုလ်မှူးကြီးနော်ဘူ