Connect with us

Hi, what are you looking for?

သတင်း

လီဒိုလမ်းမှာ ဒေသခံ ၄ ဦး သတ်ဖြတ်မှု တပည့်တွေလက်လွန်တာလို့ မင်းဇေသန့်ပြည်သူ့စစ် ဝန်ခံရုပ်အလောင်းတွေကို မိသားစုထံ ပြန်မပေး

ကချင်ပြည်နယ် မြစ်ကြီးနား-တနိုင်းသွား လီဒိုလမ်းမပေါ်က နောင်းမီရွာဒေသခံ ၄ဦးကို စစ်တပ် လက်အောက်ခံ မင်းဇေသန့်ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း အဲဒီအဖွဲ့က ဝန်ခံခဲ့ပေမဲ့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေ ပြန်ပေးအပ်တာမရှိဘူးလို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဩဂုတ် ၂၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ် မြစ်ကြီးနား-တနိုင်းသွား လီဒိုလမ်းမပေါ်က နောင်းမီရွာဒေသခံ ၄ဦးကို စစ်တပ် လက်အောက်ခံ မင်းဇေသန့်ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း အဲဒီအဖွဲ့က ဝန်ခံခဲ့ပေမဲ့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေ ပြန်ပေးအပ်တာမရှိဘူးလို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဩဂုတ် ဒုတိယပတ်မှာ မင်းဇေသန့်ခေါင်းဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့က နောင်းမီကျေးရွာက ဒေသခံ ၄ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။ ဩဂုတ် ၁၆ရက်မှာတော့ မင်းဇေသန့်ရဲ့ ညီ ဖြစ်သူက သေဆုံးသူများရဲ့ မိသားစုဝင်တွေကို ခေါ်ယူတွေ့ဆုံကာ ငါ့တပည့်တွေ လက်လွန်သွားတာလို့ ပြောဆိုကာ ၁ဦးကို ကျပ်သိန်း ၂၀၀ စီ လျော်ကြေးပေးခဲ့တယ်လို့ ဆိုပါတယ်။၏

ဒါပေမဲ့ မိသားစုဝင်များက လျော်ကြေးကို လုံး၀ လက်မခံဘဲ သားသမီးတွေရဲ့ ရုပ်အလောင်းကိုသာ ပြန်တောင်းဆိုခဲ့ပေမဲ့ ပြည်သူ့စစ်အဖွဲ့က ရုပ်အလောင်းတွေ ပြန်မပေးခဲ့ဘူးလို့ KIA သတင်းပြန်ကြားရေးက ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

မိသားစုဝင်တွေက လျော်ကြေးငွေ လက်မခံတဲ့အတွက် ရွာလူကြီးများကို ပြန်လည်ခေါ်ယူပြီး လျော်ကြေးများကို သေဆုံးသူမိသားစုထံထပ်မံ ပေးအပ်ခိုင်းခဲ့တယ်လို့လည်း ဆိုပါတယ်။

မိသားစုဝင်များက ရုပ်အလောင်းကိုသာ ရရှိလိုကြောင်း တောင်းဆိုနေပေမဲ့ မင်းဇေသန့် ပြည်သူ့စစ်က ပေးအပ်ခြင်းမရှိဘဲ ငွေကြေးဖြင့်သာ ဖြေရှင်းနေတာဟာ ပြည်သူ့စစ်အဖွဲ့ဟာ လူငယ် ၄ဦးကို ရက်စက်စွာ နှိပ်စက်သတ်ဖြတ်ခဲ့တာကြောင့် ဖြစ်နိုင်တယ်လို့လည်း သုံးသပ်မှုတွေရှိနေပါတယ်။

လီဒိုလမ်း ရှဒူဇွပ်ကျေးရွာက ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့နေရာကို ကချင်လွတ်လပ်ရေးတပ်မတော်ာ(KIA) က ဩဂုတ် ၈ရက်မှာ လာရောက်တိုက်ခိုက်ခဲ့တဲ့အပေါ် ပြည်သူ့စစ်တွေကနောက်နေ့မှာ ဒေသခံ ၄ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။

ဒေသခံတွေကို သတ်ဖြတ်တဲ့ ပြည်သူ့စစ်အဖွဲ့ရဲ့ လုပ်ရပ်ကို ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW) က ကန့်ကွက်ရှုတ်ချထားပြီး လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်ခဲ့တဲ့ လုပ်ရပ်အတွက် တရားမျှတမှု ရရှိရေး လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ပြောထားပါတယ်။

ဒါ့အပြင် လီဒိုလမ်းမပေါ်ရှိ ရှဒူးဇွပ်၊ စံပြ၊ ဘန်ကောက်ရွာများက ဒေသခံ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်တာ မလုပ်ဖို့ မင်းဇေသန့် တပ်တွေက ခြိမ်းခြောက်ထားတယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။ ဒီလို ခြိမ်းခြောက်တာဟာ ဒေသခံတွေကို လူသားဒိုင်းလုပ်ဖို့ လုပ်ဆောင်တာ ဖြစ်တယ်လို့ ပြောပါတယ်။ KIA ပူးပေါင်းတပ်နဲ့ မင်းဇေသန့် ပြည်သူ့စစ်တွေအကြား စစ်ရေးတင်းမာနေလို့ စစ်ဖြစ်လာကို ဒေသခံတွေ စိုးရိမ်နေရတဲ့ အခြေအနေမှာ မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်တာ တွေ့ရင် ပစ်ခတ်သတ်ဖြတ်မယ်လို့ ခြိမ်းခြောက်ထားတာလို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းနဲ့ ကချင်ကြားအငြင်းပွားမှုပိုတိုးစေဖို့ စစ်တပ်ကပြဿနာတွေ ဖန်တီး​နေ

သတင်း

ပူတာအိုဒေသမှာ စစ်တပ်နဲ့ ပြည်သူ့စစ်က စစ်မှုထမ်းလူ ၂၅၀၀ ပြည့်မီအောင် နည်းမျိုးစုံနဲ့ စုဆောင်းဖို့ လုပ်နေဟုဆို

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

ပြည်သူ့စစ်တွေအသတ်ခံရပြီးနောက် စစ်တပ်အင်အား၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုး

Facebook