Connect with us

Hi, what are you looking for?

LuduNwayOo

အတွေးအမြင်

ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်​နေ့ သတင်းစကား

မီဒီယာဆိုတာ ​​​တော်လှန်​ရေးအင်အားစု​တွေအတွက် စိုးရိမ်စရာ၊ကန့်သတ်ချုပ်ချယ်စရာမဟုတ်ပဲ ဖက်ဒရယ်ဒီမိုက​ရေစီနိုင်ငံထူး​ထောင်နိုင်​ရေးအတွက် လွတ်လပ်စွာသတင်းရယူခွင့်ကိုမဖြစ်မ​နေ အား​ပေးရမယ့် မိတ်ဖက်​တွေသာဖြစ်​ကြောင်း သတင်းစကားပါးလိုက်ရပါတယ်။ ။

ဆန္ဒပြပွဲတွင် သတင်းရယူ၍ အဖမ်းခံရ​သောသတင်း​ထောက်တစ်ဦး
ဆန္ဒပြပွဲတွင် သတင်းရယူ၍ အဖမ်းခံရ​သောသတင်း​ထောက်တစ်ဦး

ဒီပ/ People’s Spring

ဒီ​နေ့(​မေ ၃ရက်) ဟာ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်​နေ့ပါ ။ စစ်တပ်အာဏာသိမ်းပြီး ​နောက်ပိုင်းမှာ​​တော့ မြန်မာနိုင်ငံက သတင်းစာဆရာ​တွေအတွက်​ ဒီ​နေ့ဟာ သတင်းစာလွတ်လပ်ခွင့်​​တွေ ဘယ်​လောက်ဆုံးရှုံး​နေခဲ့ရပြီလဲဆိုတာကိုပြန်​ပြောင်း​အောက်​မေ့ရတဲ့နေ့လိုဖြစ်​နေပါတယ်။

ဒါလည်းတကယ်​တော့ မထူး​ဆန်းပါဘူး။ စစ်အာဏာရှင်လက်​အောက်မှာ နိုင်ငံသားအားလုံးအခွင့်အ​ရေးအကုန်ဆုံးရှုံး​နေရချိန်မှာ သတင်းစာဆရာ​တွေဟာ ချွင်းချက်မဟုတ်ပါဘူး ။ပိုဆိုးတာက စစ်​ကောင်စီဟာ အာဏာရှင်​တွေအကျင့်အတိုင်း အမှန်တရားကို​ကြောက်ရွံ့ပြီး အမှန်​ပြောသူ​တွေကိုလည်း ​ကြောက်ရွံ့မုန်းတီးပါတယ် ။ဒါကြောင့် အမှန်အတိုင်း​ပြောတဲ့ ၊​ရေးတဲ့သတင်းစာဆရာ​တွေ ၊ မီဒီယာ​တွေဟာ စစ်​ကောင်စီရဲ့ အညှိုးတကြီး ​ဖိနှိပ်တဲ့ အုပ်စု​တွေ ဖြစ်​​နေပါတယ် ။

စစ်အုပ်စု အာဏာသိမ်းခဲ့တဲ့ ​၂၀၂၁ ဖေ​ဖော်ဝါရီ ၁ ရက်​နေ့ကတည်းက မီ​ဒီယာ​အများစုဟာ သူတို့တာဝန်ဖြစ်တဲ့အမှန်အတိုင်း​ပြောတာ ၊​ရေးတာကို မပျက်မကွက်လုပ်ခဲ့ကြပါတယ် ။ ဒါ​ကြောင့်လည်း စစ်​ကောင်စီရဲ့ သတင်းအမှားဖြန့်ချီတာ​တွေ ၊ ဝါဒဖြန့်မှု​တွေဟာ မထိ​ရောက်ပါဘူး ။ပြီး​တော့ အာဏာသိမ်း​ခေါင်း​ဆောင်နဲ့ စစ်​ကောင်စီရဲ့ ပကဓိရုပ်ကို​ပေါ်​အောင် မီဒီယာ​တွေက ​​စောင့်ကြည့် ရေးသား​ဖော်ထုတ်နိုင် ခဲ့ကြပါတယ် ။ဒီအတွက် စစ်​အုပ်စုက သတင်း​ထောက်​တွေကို ဖမ်းဆီး​ထောင်ချတာ ၊နှိပ်စက်တာ ၊ သတ်ဖြတ်တာ ၊အိမ်​တွေချိတ်ပိတ်တာ ၊သတင်းဌာန​တွေကို လိုင်စင်ပိတ်သိမ်းတာ​တွေ လုပ်ခဲ့ကြပါတယ် ။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းတဲ့အချိန်က​နေ ဒီ​နေ့ အထိ ၃ နှစ်​ကျော်အတွင်းမှာ စစ်​ကောင်စီက သတင်းဌာန ၁၅ ခုကိုလိုင်စင်ပိတ်သိမ်းခဲ့ပါတယ် ။သတင်းမီဒီယာ​တွေမှာလုပ်ကိုင်​နေသူ ၂၁၀ ဦးကိုဖမ်းဆီး​ထောင်ချခဲ့ပြီး အဲဒီအထဲက ၅၅ ဦးဟာဒီ​နေ့အထိအကျဥ်းကျခံ​နေရဆဲဖြစ်တယ်လို့ အသံအဖွဲ့ကထုတ်ပြန်ပါတယ် ။

RSF ၏ ၂၀၂၄ မီဒီယာလွတ်လပ်ခွင့်အဆင့်သတ်မှတ်ချက်တွင် အဆိုးဆုံးဝါး နိုင်ငံ စာရင်းဝင်​နေ​သော မြန်မာ
RSF ၏ ၂၀၂၄ မီဒီယာလွတ်လပ်ခွင့်အဆင့်သတ်မှတ်ချက်တွင် အဆိုးဆုံးဝါး နိုင်ငံ စာရင်းဝင်​နေ​သော မြန်မာ

နယ်စည်းမခြားသတင်း​ထောက်များအဖွဲ့ (RSF) ရဲ့ထုတ်ပြန်ချက်အရ သတင်း​ထောင် ၅၉ ဦးနဲ့ မီဒီယာနဲ့ဆက်စပ်တဲ့ အလုပ် လုပ်ကိုင်သူ ၃ ဦး စုစု​ပေါင်း ၆၂ ဦးဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့ ထုတ်ပြန်ပါတယ် ။ ဒီလိုဖိနှိပ်မှု​တွေ​ကြောင့် မြန်မာနိုင်ငံရဲ့ သတင်းစာလွတ်လပ်ခွင့်ဟာ ကမ္ဘာ့​ပေါ်မှာ အဆိုးဆုံး ၁၀ နိုင်ငံစာရင်းဝင်​နေပါတယ် ။ RSF က ကမ္ဘာ့နိုင်ငံ​ပေါင်း ၁၈၀ ရဲ့ မီဒီယာလွတ်လပ်ခွင့်ကို အဆင့်သတ်မှတ်ရမှာ မြန်မာဟာ ၂၀၂၄ ခုနှစ်မှာ အဆင့် ၁၇၁ ဖြစ်ပြီး ​​နောက်ဆုံးက​ရေရင် အဆင့် ၁၀ ချိတ်​နေတာဖြစ်ပါတယ် ။ ​နောက်ထပ် မှတ်တမ်းဆိုးက မြန်မာဟာ ကမ္ဘာ​ပေါ်မှာ တ

ရုတ်နိုင်ငံပြီးရင် သတင်း​ထောက်​တွေ ဖမ်းဆီး ထောင်ချခံရမှုဟာ ဒုတိယအများဆုံးနိုင်ငံဖြစ်​နေပါတယ် ။

အဆိုးဆုံးက​တော့ စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း အသတ်ခံရတဲ့ သတင်း​ထောက် ၅ ​ယောက်အထိရှိခဲ့ပါတယ် ။ လတ်တ​လော​နောက်ဆုံးအသတ်ခံရတာက​တော့ ​မြောက်ဦးမြို့မှာ သတင်း​ထောက်ကိုဖိုးသီဟ ကို စစ်​တပ်ကဖမ်းဆီး​ထောင်ချထားတာက​နေ မြို့သိမ်းတိုက်ပွဲ​တွေ ကြုံလာရချိန်မှာ ​ထောင်ထဲက ထုတ်ပြီး အခြားပြည်သူ​တွေနဲ့အတူ ရက်ရက်စက်စက် ​သေနတ်နဲ့ပစ်သတ်ခဲ့တာဖြစ်ပါတယ် ။ဒါ​ကြောင့် သတင်း​ထောက်​အလုပ်ဟာဘယ်​လောက်အန္တရာယ်များလဲဆိုရင် ဖမ်းဆီး​ထောင်ချခံရတဲ့အဆင့်တင်မဟုတ်ပဲ ကျန်ပြည်သူ​တွေလိုပဲ စစ်​ကောင်စီက အချိန်မ​ရွေးအ​ကြောင်းပြချက်မရှိ သတ်ဖြတ်ခံရနိုင်တဲ့အ​​ခြေအ​နေပါ ။စစ်​ကောင်စီကိုသာမက စစ်တပ်လက်​အောက်ခံ အကြမ်းဖက်အဖွဲ့​တွေဖြစ်တဲ့ ပျူ​စောထီး​တွေ ၊ ​သွေး​သောက်အဖွဲ့တွေရဲ့ အန္တရာယ်ကိုလည်း သတိထားကြရပါတယ် ။

စစ်​ကောင်စီက သူတို့မကြိုက်တဲ့ အမှန်အတိုင်း​ရေးတဲ့သတင်း​ထောက်​တွေ ၊မီဒီယာတိုက်​တွေကို ဖိနှိပ်တဲ့ အပြင် စစ်​ကောင်စီအကြိုက်လိုက်​ရေးတဲ့ စစ်​ကောင်စီဝါဒဖြန့်မီဒီယာ​တွေ ၊သတင်းသမား​အမည်ခံ​တွေကို​တောင် စကား​ပြောမှားရင် ၊အ​​ရေးအသားမကြိုက်တာနဲ့ ဖမ်းဆီး​ထောင်ချ​နေတာပါ ။

ဒီလိုအ​ခြေအ​နေ​တွေ ကြုံ​နေ​ပေမယ့်လည်း သတင်းစာဆရာ​တွေဟာ သူတို့ရဲ့ တာဝန်ကို ​နွေဦး​တော်လှန်​ရေးကာလတစ်​လျှောက် အခက်အခဲမျိုးစုံကြားက မပျက်မကွက်ကြိုးစားလုပ်ကိုင်​နေကြပါတယ် ။ လွတ်လပ်တဲ့ ၊အမှန်အတိုင်း​သာရေးသား​ပြောဆိုတဲ့ မီဒီယာ​တွေ၊သတင်း​ထောက်​အများစုဟာပြည်တွင်းမှာ ​နေထိုင်လုပ်ကိုင်ဖို့ မဖြစ်နိုင်တာ​ကြောင့် အိမ်နီးချင်းနိုင်ငံ​တွေ ၊ပြည်ပနိုင်ငံ​တွေမှာ အ​ခြေချလုပ်ကိုင်တာ ၊ ​တော်လှန်​ရေးအဖွဲ့​တွေ ထိန်းချုပ်ထားတဲ့ လွတ်​မြောက်နယ်​မြေ​တွေမှာသွား​ရောက်​နေထိုင်လုပ်ကိုင်ကြရပါတယ်။ ဒါ​တောင် ပြည်တွင်းမှာပဲ​ အန္တရာယ်များ​​ပေမယ်ဆက်လက်နေထိုင်ပြီး ပြည်သူ​တွေကြားက​နေ သတင်းအမှန်​ပေးပို့နေကြတဲ့ အလွန်ရဲရင့်တဲ့သတင်းစာဆရာ​တွေလည်းရှိပါတယ် ။

ဒီလိုအန္တရာယ်များတာကိုသိရဲ့သားနဲ့ ဘာ​ကြောင့် သတင်း​​ထောက်အလုပ်ကိုဆက်လုပ်ကြလဲလို့​မေးရင် သတင်းစာဆရာ​တွေက အမှန်တရားမြတ်နိုးလို့ ၊ အာဏာရှင်​တွေဟာ အမှန်တရား​ကို​ကြောက်တာမို့ အမှန်တရားကို​ဆက်ပြောပြီးသတင်းစာပညာနဲ့ စစ်အာဏာရှင်​တွေ​တော်လှန်ဖို့ ၊ ဖက်ဒရယ်ဒီမိုက​ရေစီ နိုင်ငံ​ဖြစ်​စေ ဒီမိုက​ရေစီနိုင်ငံဖြစ်​စေ လွတ်လပ်တဲ့ သတင်းမီဒီယာ​တွေဟာ မရှိမဖြစ်မို့ ဒီတာဝန်ကိုထမ်းဖို့ ၊ ပြည်သူ​တွေ မှန်ကန်တဲ့ ဆုံးဖြတ်ချက်​တွေချမှတ်နိုင်ဖို့အတွက် ပြည်သူ​တွေရဲ့ သတင်းသိပိုင်ခွင့်ကိုဖြည့်ဆည်း​ပေးချင်တာမို့ လုပ်​နေကြတာလို့ တညီတညွတ်တည်း​​ဖြေကြပါလိမ့်မယ် ။

၂၀၂၁ ​ဖေ​ဖော်ဝါရီ ၂၇ ရက်တွင် ရန်ကုန်၌ ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​သောပြည်သူများကိုစစ်​ကောင်စီက အကြမ်းဖက်ဖြိုခွင်းရာ​ဘေးလွတ်​အောင် ထွက်​ပြေး​နေ​သောဆန္ဒပြပြည်သူအချို့ နှင့် ထွက်​ပြေးတိမ်း​ရှောင်​နေရင်းသတင်းရယူ​နေ​သောသတင်း​ထောက်တစ်ဦး
၂၀၂၁ ​ဖေ​ဖော်ဝါရီ ၂၇ ရက်တွင် ရန်ကုန်၌ ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​သောပြည်သူများကိုစစ်​ကောင်စီက အကြမ်းဖက်ဖြိုခွင်းရာ​ဘေးလွတ်​အောင် ထွက်​ပြေး​နေ​သောဆန္ဒပြပြည်သူအချို့ နှင့် ထွက်​ပြေးတိမ်း​ရှောင်​နေရင်းသတင်းရယူ​နေ​သောသတင်း​ထောက်တစ်ဦး

ဒါ​ကြောင့် ဒီ​နေ့ စစ်အာဏာရှင်ကို​တော်လှန်​နေကြတဲ့ အလွှာ​ပေါင်းစုံက ပြည်သူ​တွေ ၊ ​တော်လှန်​ရေးအင်အားစု​တွေနဲ့ သတင်းမီဒီယာ​တွေဟာ မိတ်ဖက်​တွေပါ ။တနည်းအားဖြင့် ဘယ်အာဏာရှင်စနစ်ကိုမှ မလိုလားပဲ ၊လွတ်လပ်မှု နဲ့ တရားမျှတမှုကိုလိုလားတဲ့ ပြည်သူ့အာဏာကိုသာယုံကြည်တဲ့ ဒီမိုက​ရေစီအင်အားစု​​တွေပဲဖြစ်ပါတယ်။ မြန်မာ့သမိုင်းမှာ မကြုံဖူးခဲ့တဲ့ စည်းလုံးမှု နဲ့ ရဲရင့်မှု​တွေ​ကြောင့် စစ်အာဏာရှင် အမြစ်ဖြတ်​ရေးအတွက် ဘယ်တုန်းကမှ မရခဲ့ဖူးတဲ့ ​အောင်မြင်မှု​တွေရလာပြီဖြစ်တဲ့​နွေဦး​တော်လှန်​​ရေးမှာ ကျရာတာဝန်က​နေ အ​ကောင်းဆုံးကြိုးပမ်း​နေကြတဲ့ အင်အားစု​တွေပဲဖြစ်ပါတယ် ။

တန်ဖိုး​တွေ ၊အလှတရား​တွေ​ပေါင်းစုံ​နေတဲ့ သည်​နွေဦး​တော်လှန်​ရေးမှာ သတင်းစာဆရာ​တွေ ၊မီဒီယာ​​တွေကို ပူပန်​စေခဲ့တဲ့ဖြစ်ရပ်အချို့ မကြာ​သေးခင်က​ပေါ်​ပေါက်ခဲ့ပါတယ် ။

အဲတာက ကရင်နီပြည် ကြားကာလအုပ်ချုပ်​ရေး​ကောင်စီ(IEC) ကဧပြီ ၁၆ ရက်မှာ “မီဒီယာကျင့်ဝတ်ဆိုင်ရာညွန်ကြားချက်” ထုတ်ပြန်လာတာ နဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) ကလည်း ဧပြီ ၂၁ ရက်မှာ ” ပြင်ပသတင်းမီဒီယာများ သတင်းရယူခြင်းနှင့် ပတ်သက်၍ အသိ​ပေး​ကြေညာချက်”ထုတ်ပြန်လာတာ​ကြောင့်ပါ ။ ကရင်နီပြည်ဟာ ​နွေဦး​တော်လှန်​ရေးမှာ ကျန်​ဒေသ​တွေ​လေးစားအတုယူရတဲ့​ဒေသဖြစ်သလို ၊ IEC ကလည်းအနာဂါတ်ဖက်ဒရယ်ဒီမိုက​ရေစီ နိုင်ငံထူ​ထောင်ဖို့ ကျန်​တော်လှန်​ရေးအင်အားစု​တွေက နမူနာယူ၊​လေးစားအားကျ​နေရတဲ့ အင်အားစုဖြစ်ပါတယ် ။ KNU ကလည်းသိတဲ့အတိုင်း ​ခေတ်အဆက်ဆက် ဒီမိုက​ရေစီအင်အားစု​တွေကို အစဥ်အဆက်ကူညီခဲ့သလို ၂၀၂၁ စစ်တပ်အာဏာသိမ်းတဲ့အခါမှာလည်း ​ပြည်သူနဲ့အတူရပ်တည်ပြီး ​တော်လှန်​ရေးအင်အားစု​တွေကို ကူညီ​ပေးခဲ့တဲ့၊စစ်​ကောင်စီကိုအ​စောဆုံး​တော်လှန်ခဲ့တဲ့ အဖွဲ့အစည်း​တွေထဲကတစ်ဖွဲ့ဖြစ်ပါတယ် ။

IEC နဲ့ KNU ထုတ်ပြန်ချက်​တွေဟာ သတင်းမီဒီယာ​တွေကို လွတ်လပ်စွာသတင်းရယူခွင့်ကို ကန့်သတ်ချုပ်ခြယ်ချင်တာ​ကြောင့်လားလို့ မီဒီယာ​တွေက စိုးရိမ်ကြတာပါ ။ IEC နဲ့ KNU က တာဝန်ရှိသူ​တွေက​တော့ သတင်းရယူပိုင်ခွင့် နဲ့သတင်းမီဒီယာ​တွေကို ထိန်းချုပ်ဖို့ မဟုတ်ပဲ သတင်းရယူတဲ့အခါပိုစနစ်ကျ​အောင် ၊ပူး​ပေါင်း​ဆောင်ရွက်မှုပို​ကောင်း​အောင် ထုတ်ပြန်တာဖြစ်တယ်ဆိုတာမျိုး သတင်းဌာန​တွေကို​ဖြေကြားထားတာ​လည်းတွေ့ရပါတယ် ။

ဒါ​ပေမယ့် IEC ရဲ့ထုတ်ပြန်ချက်မှာ သတင်းရယူသွားတဲ့အခါ ​နေထိုင်ဖို့အတွက်ရပ်ကွက်၊​ကျေးရွာ၊မြို့နယ် အုပ်ချုပ်​ရေးမှူး​တွေထံသို့ အသိ​ပေးအ​ကြောင်းကြားဖို့ ၊သတင်းသွားယူလိုတဲ့​နေရာကို သက်ဆိုင်ရာတပ်မှူး တပ်ဖွဲ့​တွေရဲ့ခွင့်ပြုချက်နဲ့သွားလာဖို့စတဲ့အချက်​တွေဟာ လွတ်လပ်စွာသတင်းရယူခွင့်ကိုထိခိုက်​စေတယ်လို့ မီဒီယာ​တွေကရှုမြင်​နေကြပါတယ် ။ အဲလိုညွန်ကြားထားတာ​ကြောင့် အုပ်ချုပ်​ရေးမှူး​တွေ ၊တပ်မှူး​တွေက မီဒီယာ​တွေကိုခွင့်မပြုရင်သတင်းရယူဖို့မရ​တော့မှာကိုသတင်းစာဆရာ​တွေက စိတ်ပူ​နေကြတာပါ။ အလားတူ KNU ရဲ့ထုတ်ပြန်ချက်ရဲ့ နံမှတ် ၆ မှာ “လိုအပ်ပါကရိုက်ကူးထားသည့် ရုပ်သံများဖြစ်​စေ ၊ဓါတ်ပုံများဖြစ်​စေတာဝန်ရှိသူများမှ စစ်​ဆေးရန်​တောင်းခံလာပါက ရိုက်ကူးထားသည်များကို ပြသ​ပေးရမည် “ဆိုတဲ့အချက်ဟာ လွတ်လပ်စွာသတင်းရယူခွင့်အတွက် အခက်အခဲဖြစ်​စေနိုင်တယ်လို့ မီဒီယာ​တွေက သုံးသပ်ကြပါတယ် ။

တစ်ကယ်​တော့ သတင်း​ထောက်​တွေ ၊သတင်းမီဒီယာ​တွေမှာ သက်ဆိုင်ရာသတင်းဌာနတွေက ကျင့်သုံး​စေတဲ့ သတင်း​ထောက်ကျင့်ဝတ်၊သတင်းမီဒီယာကျင့်ဝတ်​တွေရှိပြီးသားဖြစ်ပါတယ် ။ ဒီမိုက​ရေစီ မိတ်ဖက်​တွေအချင်းချင်း ကျင့်ဝတ်အတိုင်းလုပ်ကိုင်နိုင်ဖို့ အား​ပေးရမှာဖြစ်ပါတယ်။ တစ်ကယ်လို့ကျင့်ဝတ်​ဖောက်ဖျက်တဲ့ သတင်း​ထောက်ရှိခဲ့ရင်၊မီဒီယာရှိခဲ့ရင် သူ့ကိုပဲ တာဝန်ခံခိုင်းရမှာဖြစ်ပါတယ် ။သတင်းမီဒီယာ​လောကတစ်ခုလုံးကို သိမ်းကြုံးကန့်သတ်ချုပ်ချယ်တာ မျိုးမဖြစ်ဖို့ လိုပါတယ် ။ ဒါအပြင် အာဏာရှင်စနစ်မလိုလားတဲ့အဖွဲ့အစည်းတိုင်းဟာ သတင်းမီဒီယာရဲ့ လွတ်လပ်စွာသတင်းရယူပိုင်ခွင့်ကို ​လေးစားအသိအမှတ်ပြုပြီး အား​ပေးရမှာဖြစ်ပါတယ်။ လွတ်လပ်တဲ့ သတင်းမီဒီယာ​တွေကသာ အဖွဲ့အစည်း​တွေရဲ့ အားနည်းချက်၊အားသာချက်​တွေကိုလည်း အမှန်အတိုင်းရေးသား​ဖော်ပြနိုင်တာမို့ ဘယ်အဖွဲ့အစည်းအစဥ်ဖြစ်​စေ ၊ဘယ်အစိုးရဖြစ်​စေလုပ်ကိုင်​ဆောင်ရွက်မှု​တွေတိမ်း​စောင်းသွားရင် အချိန်မီပြင်ဆင်နိုင်​အောင် လွတ်လပ်တဲ့ မီဒီယာ​တွေကိုပဲ အဓိကအားထားကြရတာဖြစ်ပါတယ် ။ ဒါအပြင် ပြည်သူနဲ့ အုပ်ချုပ်သူကြားမှာလည်း လွတ်လပ်တဲ့မီဒီယာ​တွေကပဲ အ​ကောင်းဆုံး​ပေါင်းကူး​ပေးနိုင်တာပါ။

ဒါ​ကြောင့် ဒီက​နေ့အဓိက ​ပြောချင်တာက အာဏာရှင်စနစ်ကို မလိုလားတဲ့ ဒီမိုက​ရေစီအင်အားစု​တွေ ၊​​တော်လှန်​ရေးအင်အားစု​တွေဟာ သတင်းမီဒီယာ​တွေရဲ့ လွတ်လပ်စွာသတင်းရယူပိုင်ခွင့်အသိအမှတ်ပြုပြီး အား​ပေးကြဖို့ပဲဖြစ်ပါတယ်။ မရည်ရွယ်​ပေမယ့်လည်း မီဒီယာ​တွေရဲ့ လွတ်လပ်စွာသတင်းရယူခွင့်ကို ကန့်သတ်ချုပ်ချယ်တာမျိုး​တွေမရှိ​စေချင်ပါဘူး ။ IEC နဲ့ KNU တို့ကဒီလိုလုပ်လို့ကျန် ​တော်လှန်​ရေးအင်အားစု​တွေကပါ မီဒီယာ​တွေကို ထပ်ပြီး ဒီလို ညွန်ကြားချက်​တွေ ထပ်ထုတ်လာခဲ့မှာကို သတင်းမီဒီယာ​တွေစိုးရိမ်​နေကြပါတယ်။ ဒီလို ​ပြောလို့ မီဒီယာ​တွေကို စည်းလွတ်​ဘောင်လွတ်​ ၊တာဝန်မဲ့ရေးသား​ဖော်ပြပါ​စေလို့​ပြောတာမဟုတ်ပါဘူး ။အမှားလုပ်ရင် ပြန်တာဝန်ခံရမယ့် ကျင့်ဝတ်ကလည်းရှိပြီးဖြစ်ပါတယ် ။ကျင့်ဝတ်မဲ့ ၊ အမှားကိုအမှန်လုပ်ပြီး​ဖော်ပြတဲ့ တာဝန်မဲ့မီဒီယာ​တွေရှိရင်လည်း စာဖတ်သူ​တွေရဲ့ ကျဥ်မှု​ကြောင့် ​ရေရှည်မရပ်နိုင်ပါဘူး ။

လွတ်လပ်တဲ့မီဒီယာ​တွေဟာ အခက်ခဲ ၊အကြပ်တည်းဆုံးအချိန်မှာ​တောင် ရဲရဲဝံ့ဝံ့အ​ကောင်းဆုံးကြိုးစားခဲ့ကြတာမို့ သူတို့နဲ့ပတ်သပ်ပြီး စိုးရိမ်မပိုဖို့ အကြံပြုလိုပါတယ် ။ ​မီဒီယာ​တွေဟာ စစ်အာဏာရှင်အဆက်ဆက်မှာလည်း ပြည်သူနဲ့အတူရပ်တည်ပြီး အမှန်တရားကို​ပြောခဲ့ကြပါတယ် ။

၂၀၁၆ က​နေ ၂၀၂၀ အထိ့ ​ရွေး​ကောက်ခံအရပ်သား(NLD)အစိုးရလက်ထက်မှာ​တောင် လွတ်လပ်တဲ့မီဒီယာ​တွေဟာ အခွင့်အ​ရေး​ပေးတာမခံရပဲ စတုတ္ထုမဏ္ဍိုင်ဆိုတာမရှိဘူး လူထုမဏ္ဍိုင် ပဉ္စမ မဏ္ဍိုင်ပဲရှိတယ်လို့အစိုးရအဖွဲ့ဝင်အချို့ကိုယ်တိုင်ထုတ်​ဖော်​ပြောဆိုခဲ့ပြီး ပုဂ္ဂလိကမီဒီယာ​တွေ ဖွံ့ဖြိုး​အောင် မလုပ်​​ပေးပဲ မီဒီယာအခန်းကဏ္ဍာကိုလစ်လျူရှုခံခဲ့ရ​ပါတယ်။ဒါပေမယ့် အ​ရေးကြုံလာတဲ့အခါ ၊ စစ်တပ်အာဏာသိမ်းမှုကြုံလာတဲ့အခါ အမှန်အတိုင်းရပ်တည်တာ၊ အမှန်တရားကိုပဲပြောဆိုလုပ်ကိုင်တာ ၊ကိုယ့်တာဝန်ကိုယ်အ​ကောင်းဆုံးတာဝန်ထမ်းခဲ့ကြတာကလည်း လွတ်လပ်တဲ့မီဒီယာ​တွေပဲဖြစ်ပါတယ် ။

ဒါ​ကြောင့် မီဒီယာဆိုတာ ​​​တော်လှန်​ရေးအင်အားစု​တွေအတွက် စိုးရိမ်စရာ၊ကန့်သတ်ချုပ်ချယ်စရာမဟုတ်ပဲ ဖက်ဒရယ်ဒီမိုက​ရေစီနိုင်ငံထူး​ထောင်နိုင်​ရေးအတွက် လွတ်လပ်စွာသတင်းရယူခွင့်ကိုမဖြစ်မ​နေ အား​ပေးရမယ့် မိတ်ဖက်​တွေသာဖြစ်​ကြောင်း သတင်းစကားပါးလိုက်ရပါတယ်။ ။

(၂၀၂၁ ​ဖေ​ဖော်ဝါရီ ၂၇ ရက်တွင် ရန်ကုန်၌ ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​သောပြည်သူများကိုစစ်​ကောင်စီက အကြမ်းဖက်ဖြိုခွင်းရာ​ဘေးလွတ်​အောင် ထွက်​ပြေး​နေ​သောဆန္ဒပြပြည်သူအချို့ နှင့် ထွက်​ပြေးတိမ်း​ရှောင်​နေရင်းသတင်းရယူ​နေ​သောသတင်း​ထောက်တစ်ဦး/ ဆန္ဒပြပွဲတွင် သတင်းရယူ၍ အဖမ်းခံရ​သောသတင်း​ထောက်တစ်ဦးနှင့် RSF ၏ ၂၀၂၄ မီဒီယာလွတ်လပ်ခွင့်အဆင့်သတ်မှတ်ချက်တွင် အဆိုးဆုံးဝါး နိုင်ငံ စာရင်းဝင်​နေ​သော မြန်မာ ။ဓါတ်ပုံ- ရိုက်တာ ၊CJ)

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများသည် မြန်မာပြည်သူလူထုအပေါ် စစ်ပွဲဆင်နွှဲနေသော အကြမ်းဖက်စစ်တပ်၏ စွမ်းဆောင်ရည်ကို ကျဆင်းစေနိုင်သည့်အတွက် ပိုမိုတိုးမြှင့် လုပ်ဆောင်ရန် လိုအပ်ကြောင်း ဖော်ပြသည်။

သတင်း

ယာယီသမ္မတက ပြည်သူသို့ သတင်းစကားများကို ၎င်း၏ လူမှုကွန်ရက်မှ အသိပေးဖော်ပြလေ့ရှိရာ ယနေ့တွင် အထက်ပါအတိုင်း ဖော်ပြခဲ့သည်။

သတင်း

အသံတိတ်သပိတ်ကို ယမန်နေ့(ဖေဖော်ဝါရီ ၁) နံနက် ၁၀ နာရီမှ မွန်းလွဲ ၃ နာရီအထိ ပြုလုပ်ခဲ့ရာ ရန်ကုန်၊ မန္တ လေး၊ နေပြည်တော် အပါအဝင် နိုင်ငံတဝန်းရှိ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ ခြိမ်းခြောက် ဖိနှိပ်မှုများအကြားမှ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်သည့် လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြခြင်းဖြစ်သည်။

သတင်း

သြစတြေးလျနိုင်ငံသား စီးပွားရေးပါမောက္ခရှောင်တာနယ်လ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့စီးပွားအကြံပေးဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၄ ရက်ကမှ အင်းစိန်ထောင်ကနေ စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်ပါတယ်။