သတင်း
ယနေ့(ဇူလိုင် ၁ ရက်)က ဖယ်ခုံမြို့နယ်၊ ခေါင်းအိရွာသစ် အရှေ့ဖက် ဘုရားကုန်းနှင့် တောင် ကုန်းတလျောက်တွင် စစ်ကောင်စီတပ်က မိုင်းအမြောက်အများ ထောင်ထားခဲ့သည်ဟု ဆို သည်။
Hi, what are you looking for?
ယနေ့(ဇူလိုင် ၁ ရက်)က ဖယ်ခုံမြို့နယ်၊ ခေါင်းအိရွာသစ် အရှေ့ဖက် ဘုရားကုန်းနှင့် တောင် ကုန်းတလျောက်တွင် စစ်ကောင်စီတပ်က မိုင်းအမြောက်အများ ထောင်ထားခဲ့သည်ဟု ဆို သည်။
"စစ်ကောင်စီကို ပြောက်ကျားစနစ်နဲ့ဆက်လက်တိုက်ခိုက်သွားမှာမို့ ပြည်သူများအနေနဲ့ စစ်ဧရိယာများကို ရှောင်ကွင်းသွားလာနေထိုင်ကြဖို့ မေတ္တာရပ်ခံချင်ပါတယ်"ဟု DGF-LC မှ တော် လှန်ရေးရဲဘော်တစ်ဦးက အသိပေးသည်။
နတ်တောင်နဂါးတပ်ဖွဲ့ နှင့် (GHOST RIDER Spical Task Force BURMA) (shwebo District BATTALION-(15) လင်းယုန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်းလည်း ၎င်းက အသိပေးသည်။
အလားတူ ယနေ့ညနေ ၅ နာရီ ၂၀ ခန့်တွင် ထန်းငယ်တော အရှေ့ဘက်ချောင်းခွလမ်းခွဲ၌ စစ်ကောင်စီတပ် ယာဉ်တန်းအား ထပ်မံမိုင်းဆွဲတိုက်ခိုက်ရာ ကားမှောက်သွားပြီး စစ်ကောင်စီဘက်မှ ၇ ဦးခန့် သေဆုံးသွားသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
ယနေ့နံနက် ၆ နာရီခွဲခန့်တွင် အရာတော်-မုံရွာလမ်းပိုင်းအတိုင်း ဝါးတန်းကျေးရွာအနောက်ဘက်သို့ မိုင်းရှင်းရန်ထွက်လာသော စစ်ကောင်စီ၏ချေလျင်တပ်ကို မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။
ထိုတိုက်ခိုက်မှုတွင် ဗိုလ်ကြီး ဇော်မိုးလတ်နှင့် တပ်သား သုံးဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာ ရရှိနိုင်ကြောင်းလည်း စုံစမ်းသိရှိရသည်ဟု ဝက်လက်မြို့နယ် သတင်းမှန်ပြန်ကြားရေးက ဆိုသည်။
"ကွဲတဲ့အချိန် မြေတွေပါတုန်တယ်။ ကွဲပြီးတော့ ရမ်းသမ်းပစ်တာတွေကြားရတယ်။"ဟု ဒေသခံတစ်ဦးကပြောသည်။