Connect with us

Hi, what are you looking for?

ဗီဒီယို

မူဆယ်တိုက်ပွဲ ပြည်သူ့စစ်​တွေထွက်​ပြေး

တိုက်ပွဲဖြစ်ပွားပြီး ပြည်သူ့စစ်​တွေ ထွက်​ပြေးသွားပြီး​နောက်မှ စစ်​ကောင်စီတပ်​တွေက အင်အားအများအပြားနဲ့လာ​ရောက်​နေတယ်လို့​ဒေသခံ​တွေက ​ပြောပါတယ်။

မူဆယ်မြို့ မန့်မိုင်နဲ့စက်မှုဇုန်ကြားရှိ အာဏာသိမ်းစစ်​ကောင်စီလက်​အောက်ခံ ပြည်သူ့စစ် စခန်းတစ်ခုကို ယမန်နေ့ည ၇ နာရီ​ကျော်က​နေ ၈ နာရီ​ကျော်အထိလက်နက်ကိုင် အဖွဲ့​တွေက လာ​ရောက်တိုက်ခိုက်တာမှာ ပြည်သူ့စစ်အဖွဲ့​တွေ စခန်းကိုထားထွက်​ပြေးသွားတယ်လို့ ​ဒေသခံအချို့က ​ပြောပါတယ်။

ဘယ်အဖွဲ့​တွေက လာ​ရောက်တိုက်ခိုက်တယ်ဆိုတာ​တော့မသိရ​သေးပါဘူး။ မြန်မာ-တရုတ်နယ်စပ် ရှိ မူဆယ်​ဒေသဟာ KIA ၊ TNLA ၊ MNDAA ၊ပြည်သူ့စစ်အဖွဲ့​တွေ အပါအဝင်လက်နက်ကိုင်အဖွဲ့များစွာလှုပ်ရှားတဲ့ ​ဒေသဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားပြီး ပြည်သူ့စစ်​တွေ ထွက်​ပြေးသွားပြီး​နောက်မှ စစ်​ကောင်စီတပ်​တွေက အင်အားအများအပြားနဲ့လာ​ရောက်​နေတယ်လို့​ဒေသခံ​တွေက ​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။