မူဆယ်မြို့ မန့်မိုင်နဲ့စက်မှုဇုန်ကြားရှိ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် စခန်းတစ်ခုကို ယမန်နေ့ည ၇ နာရီကျော်ကနေ ၈ နာရီကျော်အထိလက်နက်ကိုင် အဖွဲ့တွေက လာရောက်တိုက်ခိုက်တာမှာ ပြည်သူ့စစ်အဖွဲ့တွေ စခန်းကိုထားထွက်ပြေးသွားတယ်လို့ ဒေသခံအချို့က ပြောပါတယ်။
ဘယ်အဖွဲ့တွေက လာရောက်တိုက်ခိုက်တယ်ဆိုတာတော့မသိရသေးပါဘူး။ မြန်မာ-တရုတ်နယ်စပ် ရှိ မူဆယ်ဒေသဟာ KIA ၊ TNLA ၊ MNDAA ၊ပြည်သူ့စစ်အဖွဲ့တွေ အပါအဝင်လက်နက်ကိုင်အဖွဲ့များစွာလှုပ်ရှားတဲ့ ဒေသဖြစ်ပါတယ်။
တိုက်ပွဲဖြစ်ပွားပြီး ပြည်သူ့စစ်တွေ ထွက်ပြေးသွားပြီးနောက်မှ စစ်ကောင်စီတပ်တွေက အင်အားအများအပြားနဲ့လာရောက်နေတယ်လို့ဒေသခံတွေက ပြောပါတယ်။
