Connect with us

Hi, what are you looking for?

ဗီဒီယို

ကချင်နှင့်ကရင် အာဇာနည်များဂုဏ်ပြုသည့် ရန်ကုန်က စစ်အာဏာရှင်ဖြုတ်ချရေး ​ပြောက်ကြားသပိတ်

“ကချင် ၊ကရင် အာဇာနည်အ​ပေါင်းနဲ့ လူမျိုး​ပေါင်းစုံ အာဇာနည်​တွေကို ဂုဏ်ပြုကြ”စာတန်းပါဗီနိုင်ကိုင်​ဆောင်၍ ချီတက်ဆန္ဒပြခဲ့ကြသည်။

ရန်ကုန်မြို့ ရန်ကင်းမြို့နယ်တွင် ကချင်နှင့်ကရင်အာဇာနည်များဂုဏ်ပြုသည့်အ​နေဖြင့် လူငယ်များက စစ်အာဏာရှင်ဖြုတ်ချရေး ချီတက်သပိတ်​မှောက်ခဲ့ကြသည်။

“ကချင် ၊ကရင် အာဇာနည်အ​ပေါင်းနဲ့ လူမျိုး​ပေါင်းစုံ အာဇာနည်​တွေကို ဂုဏ်ပြုကြ”စာတန်းပါဗီနိုင်ကိုင်​ဆောင်၍ ချီတက်ဆန္ဒပြခဲ့ကြသည်။

စစ်ခေါင်းဆောင်များက ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်အာဏာကို မတရားသဖြင့် အတင်းအဓမ္မသိမ်းယူထားသည်မှာ ၁၉၃ ရက်ရှိပြီဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက တိုက်ပွဲသုံးလက်နက်များကို အသုံးပြု၍ ဆန္ဒပြပြည်သူများကို ပစ်ခတ်သတ်ဖြတ်နေသော်လည်း ပြည်သူများက စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း ငြိမ်းချမ်းသောနည်းလမ်းမျိုးစုံဖြင့် လမ်းပေါ်ထွက်၍ နိုင်ငံတစ်ဝန်း ဆန္ဒထုတ်ဖော်နေကြသည်မှာလည်း ၁၉၀ ရက်ရှိပြီဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကချင်လွတ်လပ်ရေးကောင်စီ(KIC) ဒုတိယဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော်ရဲ့ ရှမ်းမြောက်ခရီးစဉ်မှာ ဒေသခံ ကချင်လူထု၊ ပလောင်လူထုတွေနဲ့ တွေ့ဆုံခဲ့သလို ကိုးကန့်တပ်မတော်(MNDAA)၊ တအာင်းတပ်မတော်(TNLA)၊ ရှမ်းတပ်မတော်(SSPP/SSA) တို့နဲ့လည်း တွေ့ဆုံခဲ့ကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စင်းခန်းဒေသက ရွှေလုပ်ကွက်နေရာတွေကို စစ်ကောင်စီက မတ်လ ၁၀ရက် ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရတယ်လို့ သိရကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

မေးမြန်းခန်း

လတ်တလော စစ်ရေး အခြေအနေတွေနဲ့ ဖေဖော်ဝါရီ ၅ရက်မှာ ကျရောက်တဲ့ ကချင်တော်လှန်ရေးနေ့မှာ ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ကချင်ဘာသာနဲ့ မိန့်ခွန်းပြောကြားခဲ့တဲ့အထဲ ထူးခြားတဲ့ အကြောင်းအရာတွေကို KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို People’s Spring က ဆက်သွယ်မေးမြန်းထားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တိုက်ပွဲမှာ စစ်ကောင်စီတပ်က တပ်ရင်းမှူးသေဆုံးခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။