Connect with us

Hi, what are you looking for?

ဗီဒီယို

မိုးကုတ်မှာ မြေပြိုလို့ ၂ ရက်အတွင်း ၄ ဦးသေဆုံး

သြဂုတ် ၁၂ ရက် မနက်ပိုင်းကလည်းမြေပြိုမှုကြောင့် မိုးကုတ်မြို့အနောက်ပိုင်း ကျောက်ဖြူရပ်ကွက်မှာ ကလေးငယ်တစ်ဦးအပါအဝင် ၃ ဦး သေးဆုံးခဲ့ရပါတယ်။

မိုးကုတ်မြို့မှာ မိုးဆက်တိုက်ရွာပြီး ရပ်ကွက်အချို့ရေးကြီးနေတာကြောင့် မြေပြိုပြီး ၂ ရက်အတွင်း ၄ ဦး သေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း (မိုးကုတ်) တာဝန်ခံက ပြောပါတယ်။

သြဂုတ် ၁၃ ရက် ဒီကနေ့မနက် ၅ နာရီခွဲလောက်က မိုးကုတ်မြို့မ ရပ်ကွက်အပိုင်း (၄) မှာမြေပြိုပြီး တစ်ဦးသေဆုံးခဲ့ကာ ၆ ဦးကိုတော့ အသက်ရှင်လျက်ကယ်ဆယ်ပြီး ဆေးရုံပို့နိုင်ခဲ့တယ်လို့ အသင်းတာဝန်ခံ ကိုဟိန်းထက်မောင်က ပြောပါတယ်။

သြဂုတ် ၁၂ ရက် မနက်ပိုင်းကလည်းမြေပြိုမှုကြောင့် မိုးကုတ်မြို့အနောက်ပိုင်း ကျောက်ဖြူရပ်ကွက်မှာ ကလေးငယ်တစ်ဦးအပါအဝင် ၃ ဦး သေးဆုံးခဲ့ရပါတယ်။

မိုးကပါးသွားပေမယ့် ရပ်ကွက်အချို့မှာ ရေးကြီးတာ၊ မြေပြိုတာ၊ နေအိမ်အဆောက်အအုံတွေပျက်ဆီးတာ၊ လမ်းတွေပျက်ဆီးပြီးသွားလာရခက်တာတွေကြုံနေရတယ်လို့ ကိုဟိန်းထက်မောင်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

မြေပြိုမှုအန္တရာယ်ရှိတာကြောင့် တောင်ကုန်းတွေနားနေထိုင်သူတွေကို လူမှုကူညီရေးအသင်းတွေက သတိပေးထားတာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ မိုးကြီးပြီး မြေပြိုမှုတွေဖြစ်ခဲ့လို့ နေအိမ် ၂၀ခန့်နဲ့ ဘုရားစောင်းတန်းထိခိုက်ပျက်စီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မိုးကုတ်မြို့မှာမိုးသည်းထန်စွာရွာပြီးမြေပြိုကျတာ​ကြောင့် လူနေအိမ်၂လုံး ထိခိုက်ပျက်စီးပြီး အမျိုးသားတဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ယနေ့ ဩဂုတ် ၄ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းလာလို့ ရေဘေးနဲ့ မြေပြိုမှု‌ဘေး ထပ်မံကြုံတွေ့နေပါတယ်။

သတင်း

ဖားကန့်မှာ မိုးသည်းထန်ပြီး တောင်ကျရေကြောင့် ဒေသခံတွေဟာ ရေကြီးနစ်မြုပ်မှု ပြန်လည်ရင်ဆိုင်နေရပြီး ‌နေရာအချို့မှာလည်း မြေပြိုမှုတွေ ဖြစ်နေပါတယ်။