Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

နေ့မထွက်ရအမိန့်ထုတ်ကို ဖီဆန်ကြရန် မုံရွာပင်မသပိတ်​ခေါင်း​ဆောင် လိုက်လံ​ဟော​ပြော

မုံရွာခရိုင်ကို စစ်​ကောင်စီက ကိုဗစ်ကပ်​ရောဂါထိန်းချုပ်​ရေးအ​ကြောင်းပြချက်ဖြင့် သြဂုတ် ၁၄ ရက်ကစပြီး မရှိမဖြစ်စား​သောက်ကုန်​များ၊လူသုံးကုန် ပစ္စည်းအ​ရောင်ဆိုင်​များအပါအဝင် ဆိုင်အားလုံး နံနက် ၁၀ နာရီမှ ည​နေ ၄ နာရီအထိပိတ်ထားကြရန် ​အမိန့်ထုတ်ပြန်ထားသည်။

ကိုဗစ်ကပ်​ရောဂါအ​ကြောင်းပြချက်ဖြင့် အာဏာသိမ်းစစ်​ကောင်စီက နံနက် ၁၀ နာရီမှ ည​နေ ၄ နာရီအထိ ​နေ့မထွက်ရအမိန့်ထုတ်ပြန်မှု​အ​ပေါ် မလိုက်နာဘဲ အာဏာဖီဆန်ကြရန် မုံရွာပင်မသပိတ်​ခေါင်း​ဆောင်တစ်ဦးက ယ​နေ့လိုက်လံ​ဟော​ပြောခဲ့သည်။

‘မုံရွာမြို့ဟာ ကပ်ရောဂါအကြောင်းပြ၍ မနက်ဆယ်နာရီမှ ညနေလေးနာရီအမိန့်ထုတ်ပြန်ခံထားရသည်ဖြစ်ပြီး ၄င်းအမိန့်မှာ အကြမ်းဖက်စစ်ကောင်စီ၏ မတရားအမိန့်သာဖြစ်သဖြင့် လိုက်နာရန်မလိုအပ်ပဲ မိမိကျန်းမာရေးအတွက်သာ ဂရုစိုက်ကာကွယ်၍ မိဘပြည်သူများအားလုံး ပုံမှန်အတိုင်းသွားလာလှုပ်ရှားကြရန် တိုက်တွန်းပြောကြားခဲ့​သည်’ဟု ပြည်သူ့ မီဒီယာ ကွန်ယက်မုံရွာက ထုတ်ပြန်သည်။

မုံရွာခရိုင်ကို စစ်​ကောင်စီက ကိုဗစ်ကပ်​ရောဂါထိန်းချုပ်​ရေးအ​ကြောင်းပြချက်ဖြင့် သြဂုတ် ၁၄ ရက်ကစပြီး မရှိမဖြစ်စား​သောက်ကုန်​များ၊လူသုံးကုန် ပစ္စည်းအ​ရောင်ဆိုင်​များအပါအဝင် ဆိုင်အားလုံး နံနက် ၁၀ နာရီမှ ည​နေ ၄ နာရီအထိပိတ်ထားကြရန် ​အမိန့်ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဖေဖော်ဝါရီ ၂၅ရက်က မုံရွာမြို့နယ်ရှိ ဗန်စီစီ၊ နိဗ္ဗာန်ဝ၊ မုံရွေးကြေးမုံကျေးရွာများသို့ ထိုးစစ်ဆင်လာခဲ့သော စစ်ကြောင်းနှင့် မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၊ တပ်ခွဲ(၃)၊ တပ်စု(၂)Youth Vigor Revolution Force ရဲဘော်များနှင့် ထိပ်တိုက်တွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

သတင်း

လာမည့်ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မန္တလေးမြို့၊ အမရပူရမြို့နယ်ရှိ တောင်သမန်အင်း၊ ဦးပိန်တံတားတွင် စစ်ကောင်စီက "တောင်သမန်မယ်ဇယ်လွင်ပြင်ဖွင့်ပွဲ"အခမ်းအနားပြုလုပ်ရန် စီစဥ်နေကြောင်း မြို့ခံများက ပြောသည်။

သတင်း

နိုဝင်ဘာ ၂၄ ရက်က ဗောဓိတစ်ထောင်ဘက်ရှိ စစ်ကောင်စီစခန်းအား ဒေသတွင်းPDFများက သွားရောက်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိ၍ စစ်ကူလာသည့် ယာဥ်များအား အပြန်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါတာဝန်ခံက ဆိုသည်။

သတင်း

ယမန်နေ့ (နိုဝင်ဘာ ၂၀)နံနက်ပိုင်းက အင်အား ၇၀ခန့်ပါ စစ်ကောင်စီတပ်သည် ပရစ်ကုန်း(မြောက်)ကျေးရွာသို့ နှစ်ကြိမ်ဝင်ရောက်ကာ နေအိမ်တစ်လုံးနှင့် ကြာဇံစက်ရုံ သုံးခုအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေး-ပကဖ က ထုတ်ပြန်သည်။