Connect with us

Hi, what are you looking for?

ဗီဒီယို

နေ့မထွက်ရအမိန့်ထုတ်ကို ဖီဆန်ကြရန် မုံရွာပင်မသပိတ်​ခေါင်း​ဆောင် လိုက်လံ​ဟော​ပြော

မုံရွာခရိုင်ကို စစ်​ကောင်စီက ကိုဗစ်ကပ်​ရောဂါထိန်းချုပ်​ရေးအ​ကြောင်းပြချက်ဖြင့် သြဂုတ် ၁၄ ရက်ကစပြီး မရှိမဖြစ်စား​သောက်ကုန်​များ၊လူသုံးကုန် ပစ္စည်းအ​ရောင်ဆိုင်​များအပါအဝင် ဆိုင်အားလုံး နံနက် ၁၀ နာရီမှ ည​နေ ၄ နာရီအထိပိတ်ထားကြရန် ​အမိန့်ထုတ်ပြန်ထားသည်။

ကိုဗစ်ကပ်​ရောဂါအ​ကြောင်းပြချက်ဖြင့် အာဏာသိမ်းစစ်​ကောင်စီက နံနက် ၁၀ နာရီမှ ည​နေ ၄ နာရီအထိ ​နေ့မထွက်ရအမိန့်ထုတ်ပြန်မှု​အ​ပေါ် မလိုက်နာဘဲ အာဏာဖီဆန်ကြရန် မုံရွာပင်မသပိတ်​ခေါင်း​ဆောင်တစ်ဦးက ယ​နေ့လိုက်လံ​ဟော​ပြောခဲ့သည်။

‘မုံရွာမြို့ဟာ ကပ်ရောဂါအကြောင်းပြ၍ မနက်ဆယ်နာရီမှ ညနေလေးနာရီအမိန့်ထုတ်ပြန်ခံထားရသည်ဖြစ်ပြီး ၄င်းအမိန့်မှာ အကြမ်းဖက်စစ်ကောင်စီ၏ မတရားအမိန့်သာဖြစ်သဖြင့် လိုက်နာရန်မလိုအပ်ပဲ မိမိကျန်းမာရေးအတွက်သာ ဂရုစိုက်ကာကွယ်၍ မိဘပြည်သူများအားလုံး ပုံမှန်အတိုင်းသွားလာလှုပ်ရှားကြရန် တိုက်တွန်းပြောကြားခဲ့​သည်’ဟု ပြည်သူ့ မီဒီယာ ကွန်ယက်မုံရွာက ထုတ်ပြန်သည်။

မုံရွာခရိုင်ကို စစ်​ကောင်စီက ကိုဗစ်ကပ်​ရောဂါထိန်းချုပ်​ရေးအ​ကြောင်းပြချက်ဖြင့် သြဂုတ် ၁၄ ရက်ကစပြီး မရှိမဖြစ်စား​သောက်ကုန်​များ၊လူသုံးကုန် ပစ္စည်းအ​ရောင်ဆိုင်​များအပါအဝင် ဆိုင်အားလုံး နံနက် ၁၀ နာရီမှ ည​နေ ၄ နာရီအထိပိတ်ထားကြရန် ​အမိန့်ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တပတ်ကျော်အတွင်း အိမ်ခြံမြေပွဲစားတွေ ပြန်ပေးဆွဲခံရမှု ၂မှုဖြစ်လာ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနက လမ်းဘေးစျေးသည်တွေကို ရှင်းလင်းရာမှာ လိုင်းကြေးမပေးနိုင်တဲ့ စျေးသည်တွေကို အဓိက ဖယ်ရှားနေကြောင်း မြို့ခံတွေက ပြောပါတယ်။

Facebook