Connect with us

Hi, what are you looking for?

ဗီဒီယို

“အာဖဂန်စစ်တပ်ကတောင် မတိုက်ချင်တဲ့စစ်ပွဲကို အမေရိကန်စစ်သည်တွေအနေနဲ့ မတိုက်သင့် အသေမခံသင့်တော့ပါဘူး”

အာဖဂန် နစ္စတန်ရဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ ကိုယ်တိုင်က အရှုံးပေးပြီး နိုင်ငံကို စွန့်ခွာ ထွက်ပြေးသွားကြတယ်။ အာဖဂန် စစ်တပ်ကို ကြည့်ပြန်တော့လည်း တစ်ခါတလေ ပြန်တိုက်ဖို့တောင် မကြိုးစားဘဲ ပျက်စီး ပြိုလဲသွားပြန်တယ်။


-ဂျိုးဘိုက်ဒန်
အမေရိကန်သမ္မတ


အာဖဂန် နစ္စတန်ရဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ ကိုယ်တိုင်က အရှုံးပေးပြီး နိုင်ငံကို စွန့်ခွာ ထွက်ပြေးသွားကြတယ်။ အာဖဂန် စစ်တပ်ကို ကြည့်ပြန်တော့လည်း တစ်ခါတလေ ပြန်တိုက်ဖို့တောင် မကြိုးစားဘဲ ပျက်စီး ပြိုလဲသွားပြန်တယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ဖြစ်ပေါ် ပြောင်းလဲမှုတွေကို ကြည့်မယ်ဆိုရင် အာဖဂန် နစ္စတန်မှာ အမေရိကန်ရဲ့ စစ်ရေးအရ ပါဝင်ပတ်သက်မှုတွေကို အခုအချိန် ရပ်ဆိုင်းလိုက်တဲ့ ဆုံးဖြတ်ချက် မှန်ကန်ခဲ့ပါတယ်။ အာဖဂန် စစ်တပ်တွေ ကိုယ်တိုင်က သူတို့အတွက် သူတို့ မတိုက်ချင်တဲ့ စစ်ပွဲတစ်ခုမှာ အမေရိကန်စစ်သည်တွေ အနေနဲ့ ဝင်လည်း မတိုက်နိုင်၊ ဝင်လည်း မတိုက်သင့်တော့ပါဘူး။ ကျွန်တော်တို့ရဲ့ အသုံးစရိတ်ဟာ တစ်ထရီလီယံကျော် ရှိခဲ့တယ်။ ကျွန်တော်တို့ဟာ အာဖဂန် စစ်တပ်ကို ခေတ်မီလက်နက် တပ်ဆင်ထားတဲ့ စစ်သည် သုံးသိန်းလောက်နဲ့ သေချာ ဖွဲ့စည်းပေးခဲ့တယ်။ ဒီအရေအတွက်ဟာ ကျွန်တော်တို့ NATO မဟာမိတ် အဖွဲ့ဝင် နိုင်ငံ တော်တော်များများထက် အင်အား ပိုသာလွန်ပါတယ်။ သူတို့ လိုအပ်နိုင်တဲ့ အရာမှန်သမျှ ကျွန်တော်တို့ ထောက်ပံ့ခဲ့တယ်။ သူတို့ လစာတွေကို ပေးချေခဲ့တဲ့အပြင် သူတို့ လေတပ်ရဲ့ စီမံထိန်းသိမ်းမှုမှာလည်း ကူညီခဲ့တယ်။ ဒါမျိုး တာလီဘန်တွေ မရခဲ့ပါဘူး။ တာလီဘန်တွေမှာ လေတပ်လည်း မရှိဘူး။ ကျွန်တော်တို့က အနီးကပ် လေကြောင်းပစ်ကူတွေလည်း ပေးခဲ့တယ်။ သူတို့ရဲ့ ကိုယ်ပိုင် အနာဂတ်အတွက် တွေးတောဆုံးဖြတ်နိုင်မယ့် အခွင့်အလမ်း မှန်သမျှ ကျွန်တော်တို့ ပေးခဲ့တယ်။ သူတို့တွေက အနာဂတ်အတွက် တိုက်ပွဲဝင်ချင်တဲ့ စိတ်ဆန္ဒမျိုး ပြင်းပြနေအောင်တော့ ကျွန်တော်တို့ မထောက်ပံ့နိုင်ပါဘူး။ အာဖဂန်မှာ တကယ်ရဲရင့်ပြီး စွမ်းဆောင်ရည် ပြည့်ဝတဲ့ အထူးတပ်ဖွဲ့ဝင်တွေ၊ ယူနစ်တွေ၊ စစ်သားတွေ တချို့တလေတော့ ရှိပါတယ်။

(အမေရိကန်သမ္မတ ဂျိုးဘိုက်ဒန် အမေရိကန်ပြည်သူတွေကို အာဖဂန်အရေးနဲ့ပတ်သက်လို့ ဒီကနေ့ သြဂုတ် ၁၇ ရက်မှာ ပြောကြားတဲ့ မိန့်ခွန်းကောက်နှုတ်ချက်ဖြစ်ပါတယ်။)

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။