Connect with us

Hi, what are you looking for?

ဗီဒီယို

ရန်ကုန်က မြို့နယ်တချို့မှာ စစ်ကောင်စီတပ်တွေဝင်စီး၍ လူငယ် ၁၁ ဦးထက်မနည်း ဖမ်းဆီးခံရ

ကောင်စီတပ်က မတရားဖမ်းဆီးတာတွေရှိခဲ့ပြီး အနည်းဆုံး လူငယ်ခုနစ်ဦးဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ယမန်နေ့ညပိုင်းနဲ့ ဒီကနေ့မနက်အစောပိုင်းတွေမှာ ရန်ကုန်မြို့က မြို့နယ်တချို့ကို အကြမ်းဖက်စစ်ကောင်စီတပ်တွေဝင်စီးခဲ့ရာ လူငယ် ၁၁ ဦးထက်မနည်းဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသသတင်းရင်းမြစ်တွေက ဖော်ပြပါတယ်။

စစ်ကောင်စီတပ်တွေ ဝင်စီးခဲ့တဲ့မြို့နယ်တွေထဲမှာစမ်း​ချောင်း၊ ကမာရွတ်နဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်တွေ ဖြစ်ပါတယ်။

စမ်းချောင်းမြို့နယ် ကံ့ကော်လမ်း၊ ရှမ်းကုန်းလမ်းနဲ့ ရန်ကင်းရန်ရှင်းလမ်းတွေမှာလည်း စစ်ကောင်စီတပ်က မတရားဖမ်းဆီးတာတွေရှိခဲ့ပြီး အနည်းဆုံး လူငယ်ခုနစ်ဦးဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ညအချိန် မတရာဖမ်းဆီးခံရမှုတွေထဲက ကမာရွတ်မြို့နယ် ဘုရားလမ်းဖမ်းဆီးမှုဖြစ်စဉ်နဲ့ စမ်းချောင်းမြို့နယ် ကံ့ကော်လမ်းမှာ စစ်ကောင်စီတပ်က လူငယ်တွေကို ဒူး​ထောက်ခိုင်းတာ၊ လမ်း​ပေါ်မှာ​မှောက်ခိုင်းထားတာ၊ ရိုက်နှက်ဖမ်းဆီးနေတဲ့ ဓာတ်ပုံနဲ့ ရုပ်သံဖိုင်တချို့လည်း လူမှုကွန်ရက်မှာ ပြန့်နှံ့ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အလားတူ ကမာရွတ်မြို့နယ် (၁)ရပ်ကွက်က အောင်မြေသာစည်အိမ်ရာဝင်း ဆရာစံလမ်းနဲ့ ဘုရားလမ်း​ထောင့်နဲ့ ပြည်ရိပ်မွန်အိမ်ရာ စတဲ့နေရာတွေက လူငယ်အနည်းဆုံးလေးဦးကို လက်ထိပ်ခတ်ဖမ်းဆီးသွားတယ်လို့ ဒေသခံတစ်ဦးက မျက်မြင်တွေ့ရှိသူတွေကိုကိုးကားပြီး ပြောပါတယ်။

ဒါအပြင် မင်္ဂလာတောင်ညွန်မြို့နယ် ပုသိမ်ညွန့် (၄)လမ်းထဲကို စစ်ကား ငါးစီးခန့်နဲ့ဝင်ရောက်လာပြီး ဧည့်စာရင်းစစ်သည့်ပုံစံဖြင့် အသွင်ယူစစ်ဆေးမှုတချို့ရှိခဲ့တယ် လို့ ဒေသအခြေစိုက်သတင်းရင်းမြစ် MTN-Info ကဖော်ပြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြိုနယ်နှစ်ခုမှာ ဒီရက်ပိုင်းအတွင်း ယာဉ်တိုက်မှုကြောင့် အမျိုးသမီး ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်း​ပေါ်ရှိတဲ့ ကား​တွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

Facebook