Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ရန်ကုန်က မြို့နယ်တချို့မှာ စစ်ကောင်စီတပ်တွေဝင်စီး၍ လူငယ် ၁၁ ဦးထက်မနည်း ဖမ်းဆီးခံရ

ကောင်စီတပ်က မတရားဖမ်းဆီးတာတွေရှိခဲ့ပြီး အနည်းဆုံး လူငယ်ခုနစ်ဦးဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ယမန်နေ့ညပိုင်းနဲ့ ဒီကနေ့မနက်အစောပိုင်းတွေမှာ ရန်ကုန်မြို့က မြို့နယ်တချို့ကို အကြမ်းဖက်စစ်ကောင်စီတပ်တွေဝင်စီးခဲ့ရာ လူငယ် ၁၁ ဦးထက်မနည်းဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသသတင်းရင်းမြစ်တွေက ဖော်ပြပါတယ်။

စစ်ကောင်စီတပ်တွေ ဝင်စီးခဲ့တဲ့မြို့နယ်တွေထဲမှာစမ်း​ချောင်း၊ ကမာရွတ်နဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်တွေ ဖြစ်ပါတယ်။

စမ်းချောင်းမြို့နယ် ကံ့ကော်လမ်း၊ ရှမ်းကုန်းလမ်းနဲ့ ရန်ကင်းရန်ရှင်းလမ်းတွေမှာလည်း စစ်ကောင်စီတပ်က မတရားဖမ်းဆီးတာတွေရှိခဲ့ပြီး အနည်းဆုံး လူငယ်ခုနစ်ဦးဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ညအချိန် မတရာဖမ်းဆီးခံရမှုတွေထဲက ကမာရွတ်မြို့နယ် ဘုရားလမ်းဖမ်းဆီးမှုဖြစ်စဉ်နဲ့ စမ်းချောင်းမြို့နယ် ကံ့ကော်လမ်းမှာ စစ်ကောင်စီတပ်က လူငယ်တွေကို ဒူး​ထောက်ခိုင်းတာ၊ လမ်း​ပေါ်မှာ​မှောက်ခိုင်းထားတာ၊ ရိုက်နှက်ဖမ်းဆီးနေတဲ့ ဓာတ်ပုံနဲ့ ရုပ်သံဖိုင်တချို့လည်း လူမှုကွန်ရက်မှာ ပြန့်နှံ့ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အလားတူ ကမာရွတ်မြို့နယ် (၁)ရပ်ကွက်က အောင်မြေသာစည်အိမ်ရာဝင်း ဆရာစံလမ်းနဲ့ ဘုရားလမ်း​ထောင့်နဲ့ ပြည်ရိပ်မွန်အိမ်ရာ စတဲ့နေရာတွေက လူငယ်အနည်းဆုံးလေးဦးကို လက်ထိပ်ခတ်ဖမ်းဆီးသွားတယ်လို့ ဒေသခံတစ်ဦးက မျက်မြင်တွေ့ရှိသူတွေကိုကိုးကားပြီး ပြောပါတယ်။

ဒါအပြင် မင်္ဂလာတောင်ညွန်မြို့နယ် ပုသိမ်ညွန့် (၄)လမ်းထဲကို စစ်ကား ငါးစီးခန့်နဲ့ဝင်ရောက်လာပြီး ဧည့်စာရင်းစစ်သည့်ပုံစံဖြင့် အသွင်ယူစစ်ဆေးမှုတချို့ရှိခဲ့တယ် လို့ ဒေသအခြေစိုက်သတင်းရင်းမြစ် MTN-Info ကဖော်ပြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။