Connect with us

Hi, what are you looking for?

ဗီဒီယို

မိုးကုတ်မြေပြိုမှုမှာ ပိတ်မိနေသူ ၁၁ ဦးကို သေဆုံးလျှက်ကယ်ထုတ်၊ စုစုပေါင်း ၁၄ ဦး သေဆုံး

ဒီမနက်က မြေပြိုမှုဖြစ်စဉ်ကြောင့် မနက်ပိုင်းက သေဆုံးသူ ၃ ဦးအပါအဝင် စုစုပေါင်းသေဆုံးသူဟာ ၁၄ ဦးထိရှိသွားပါတယ်။ အခုတော့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းကို ရင်ခွင်ရုံဆီပို့ဆောင်လိုက်ပါပြီ။


မိုးကုတ်မြို့ အနောက်ပိုင်း အောင်သစ်လွင်ရပ်ကွက်က ဒီနေ့မနက်ပိုင်း မြေပြိုမှုဖြစ်စဉ်မှာ ပိတ်မိနေတဲ့သူ ၁၁ ဦးကို ကယ်ဆယ်ရေးအဖွဲ့တွေက သေဆုံးလျှက် ရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါတယ်။

ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းဟာ ခက်ခက်ခဲခဲလုပ်ဆောင်ခဲ့ရပြီး ၉ နာရီနီးပါးကြားမြင့်ခဲ့တာပါ။

အောင်သစ်လွင်ရပ်ကွက်မှာ ဒီနေ့မနက်ပိုင်း ၇ နာရီမထိုးခင်ကေ တာင်ကမ်းပါးယံဟာ နေအိမ်အချို့ပေါ် ပြိုကျခဲ့တာဖြစ်ပါတယ်။

ဒီ မြေပြိုကျမှုကြောင့်နေအိမ် ၃ လုံးပျက်စီးခဲ့ရပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ အခင်းဖြစ်ပြီး နာရီဝက်ကျော်အကြာမှာ ကလေး ၂ ဦးအပါအဝင် သေဆုံးသူ ၃ ဦးကို ကနဦးတွေ့ရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီအချိန်မှာ ပိတ်မိနေသူ ၁၀ ဦးထက်မနည်းရှိနေခဲ့တာကို သိရတယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မိုးကုတ်မြို့နယ်)ရုံး သတင်းနဲ့ပြန်ကြားရေးက ကိုဟိန်းထက်မောင်ကပြောပါတယ်။

ဒါကြောင့်ပိတ်မိနေသူတွေကို ဆက်လက်ရှာဖွေကယ်ဆယ်ရေးလုပ်ရာမှာ ညနေ ၄ နာရီခွဲလောက်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေပြီးဆုံးခဲ့ပြီး ပိတ်မိနေသူ ၁၁ ဦး ကို သေဆုံးလျှက်တွေ့ခဲ့ရတယ်လို့ ကိုဟိန်းထက်မောင်ဆီကသိရပါတယ်။

ဒါကြောင့် ဒီမနက်က မြေပြိုမှုဖြစ်စဉ်ကြောင့် မနက်ပိုင်းက သေဆုံးသူ ၃ ဦးအပါအဝင် စုစုပေါင်းသေဆုံးသူဟာ ၁၄ ဦးထိရှိသွားပါတယ်။ အခုတော့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းကို ရင်ခွင်ရုံဆီပို့ဆောင်လိုက်ပါပြီ။

ဒီမြေပြိုမှု မဖြစ်ခင် ပြီးခဲ့တဲ့ ရက်ပိုင်း သြဂုတ် ၁၂ နဲ့ သြဂုတ် ၁၃ ရက်တွေ ကလည်း မိုးကုတ်မြို့မှာ မြေပြိုမှု နှစ်ကြိမ် ဆက်တိုက်ဖြစ်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်တွေမှာတော့ ကလေး ၁ ဦးအပါအဝင် ၄ ဦးသေဆုံးခဲ့တာရှိခဲ့ပါတယ်။

မိုးကုတ်မှာ မြေပြိုမှုအန္တရာယ်ရှိတာကြောင့် တောင်ကုန်းတွေနားနေထိုင်သူတွေကို လူမှုကူညီရေးအသင်းတွေက သတိပေးထားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မိုးကုတ်မြို့မှာမိုးသည်းထန်စွာရွာပြီးမြေပြိုကျတာ​ကြောင့် လူနေအိမ်၂လုံး ထိခိုက်ပျက်စီးပြီး အမျိုးသားတဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ယနေ့ ဩဂုတ် ၄ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းလာလို့ ရေဘေးနဲ့ မြေပြိုမှု‌ဘေး ထပ်မံကြုံတွေ့နေပါတယ်။

သတင်း

ဖားကန့်မှာ မိုးသည်းထန်ပြီး တောင်ကျရေကြောင့် ဒေသခံတွေဟာ ရေကြီးနစ်မြုပ်မှု ပြန်လည်ရင်ဆိုင်နေရပြီး ‌နေရာအချို့မှာလည်း မြေပြိုမှုတွေ ဖြစ်နေပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြီးအတွင်း အနည်းဆုံး ၈ ဦး သေဆုံးပြီး ၃၄ ဦးထက်မနည်း ပျောက်ဆုံးနေကြောင်း သိရပါတယ်။