Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

တရုတ်ကိုဗစ်ကာကွယ်ဆေး ဝယ်ထိုးချင်သူများပြီး ဆေးပြတ်နေ

“ထိုးချင်တဲ့သူအရမ်းများပါတယ်။ ရန်ကုန် Myanmar Event Park မှာ တစ်ရက်ကို လူဦးရေတစ်ထောင်စီနဲ့ တစ်ဦးကို ၅၀၀၀၀ ကျပ်နှုန်းနဲ့ ထိုးပေးနေပါတယ် ” လို့ ဦးသန်းထွဋ်အောင်က ပြောပါတယ်။

မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းချုပ် (MCCOC)အစီအစဥ်နဲ့ ထိုးတဲ့ တရုတ်ကိုဗစ်ကာကွယ်ဆေးက ထိုးလိုသူများနေပြီး လတ်တလော စာရင်းသစ်လက်မခံသေးလို့ အခက်တွေ့နေရတယ်လို့ ဆေးထိုးဖို့ စောင့်ဆိုင်းနေသူတွေက ပြောပါတယ်။

စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနအစီအမံနဲ့ ရပ်ကွက်တွေမှာ ထိုးနှံတာမဟုတ်ဘဲ ပြင်ပမှာ ကိုယ်ထူကိုယ်ထ ငွေပေးပြီးထိုးဖို့အတွက် ကာကွယ်ဆေးသွင်းခွင့်ရထားတာက MCCOC နဲ့ SML တို့ဖြစ်ပေမယ့် SML ကတော့ စာရင်းတွေကောက်ထားပေမယ့် အိန္ဒိယနိုင်ငံကနေ COVAXINE အခုထိမသွင်းနိုင်သေးပါဘူး။

“ကိုဗစ်ဖြစ်ပြီးသားပေမယ့် ကိုယ်ခံအားထပ်မြှင့်အောင်ရော၊ အလုပ်ကိစ္စနဲ့ပြည်ပသွားဖို့အတွက်ကရော လိုအပ်ချက်ကိုဖြစ်နေတာကြောင့်ပါ ထိုးဖြစ်တာပါ။ အကိုရဲ့ ကုမ္ပဏီက မိသားစုဝင်စာရင်းပေးလို့ရလို့ ထိုးခွင့်ရတာပါ။ ဒေါ်လာ ၉၀ ပေးရတယ်” လို့ ဝိတိုရိယဆေးရုံမှာ Sinopharm ကာကွယ်ဆေးထိုးခဲ့တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ကုမ္ပဏီတွေ၊ လုပ်ငန်းတွေ၊ စက်ရုံတွေ၊ ဆေးရုံတွေကနေ သူတို့ဝန်ထမ်းတွေရာ မိသားစုဝင်တွေကိုပါ စာရင်းပေးသွင်းနိုင်ဖို့ စီစဥ်ပြီး သက်ဆိုင်ရာ ကိုဗစ်ကာကွယ်ဆေးထိုးနှံတဲ့စင်တာတွေမှာ ထိုးနှံနေတာဖြစ်ပြီးတော့ တစ်ဦးကိုကာကွယ်ဆေး နှစ်ကြိမ်ထိုးစာ ကျပ် ၅၀၀၀၀ ကနေ ၇၀၀၀၀ အထိ ပေးရတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“အိမ်က အမေတို့ကိုထိုးပေးဖို့ ခုစာရင်းပေးတာ မရတော့ဘူး။ ပထမအသုတ်စာရင်းပေးတာတွေအတွက် နှစ်ကြိမ်စာထိုးဖို့ အလုံးရေက ကွက်တိပဲရတာကြောင့်မို့လို့ နောက်တစ်သုတ်သွင်းတာစောင့်ရမယ်လို့ပြောကြတယ်” လို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။

ဇွန်၊ ဇူလိုင်လိုင် လတွေထဲက Sinopharm ကာကွယ်ဆေးထိုးနှံလိုသူစာရင်းကို ကောက်ယူကာ စာရင်းပေးသွင်းထားသူ ၃ သိန်းခွဲအတွက် ဆေးအလုံးရေ ၇ သိန်းသွင်းထားတာဖြစ်ပြီး သုဝဏ္ဏဘူမိ Event Park နဲ့ ဆေးရုံတွေ၊ အဖွဲ့အစည်းတွေကနေ သူ့အစီအစဥ်နဲ့ သူထိုးနေတာဖြစ်တယ်လို့ Sinopharm ကိုဗစ်ကာကွယ်ဆေး တင်သွင်းထိုးနှံဖို့ စီစဥ်တဲ့ MCCOC ရဲ့ COVID-19 ကာကွယ်ဆေးထိုးနှံလုပ်ငန်းကော်မတီ ပြန်ကြားရေးတာဝန်ခံ ဦးသန်းထွဋ်အောင်က VOA သတင်းဌာနမှာ ဖြေကြားထားတာပါ။

“ထိုးချင်တဲ့သူအရမ်းများပါတယ်။ ရန်ကုန် Myanmar Event Park မှာ တစ်ရက်ကို လူဦးရေတစ်ထောင်စီနဲ့ တစ်ဦးကို ၅၀၀၀၀ ကျပ်နှုန်းနဲ့ ထိုးပေးနေပါတယ် ” လို့ ဦးသန်းထွဋ်အောင်က ပြောပါတယ်။

စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနကတော့ အသက် ၆၅ နှစ်အထက်တွေကို မြို့နယ်၊ ရပ်ကွက်အလိုက်ထိုးနှံပေးနေတာဖြစ်ပြီးတော့ အဲဒီမှာ သွားမထိုးချင်သူတွေကတော့ သုဝဏ္ဏဘူမိ Myanmar Event Park သွားထိုးနေကြတာဖြစ်ပါတယ်။

“ခုက Sinopharm ကို ၇၀၀၀၀ ကျပ်နဲ့ အိမ်လိုက်ထိုးပေးနေတာရှိတယ်။ စစ်ကောင်စီဆေးထိုးရပ်တွေက အပြင်ထွက်လာတဲ့အလုံးတွေ ကိုဆရာဝန်အချို့ထိုးပေးနေတာ။ ကာကွယ်ဆေးလက်မှတ်လည်းရတယ် ” လို့ MCCOC နဲ့ ချိတ်ဆက်ထိုးနှံနေတဲ့ အဖွဲ့အစည်းဆေးရုံတွေမှာမဟုတ်ဘဲ အပြင်ရောက်နေတဲ့ ကာကွယ်ဆေးကို ၇၀၀၀ ကျပ်ပေးထိုးခဲ့သူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက တရုတ်နိုင်ငံကနေ Sinopharm နဲ့ Sinovax ဆေးတွေကို ပြည်သူ့ ငွေနဲ့ ဝယ်ယူတင်သွင်းနေပြီးတော့ အကြိမ်ပြည့်ထိုးနှံပြီးသူ သုံးသန်းကျော်ရှိပြီဖြစ်ပြီး ထိုးနှံထားသူကတော့ ၅ သန်းနီးပါးရှိနေပြီလို့ ထုတ်ပြန်ထားပါတယ်။

UMFCCI က ဦးဆောင်မှုနဲ့ သူ့အောက်ကအသင်းအဖွဲ့မိသားစုတွေပါပါဝင်ပြီးတော့ အိန္ဒိယနိုင်ငံကနေ Covidshield ကာကွယ်ဆေးတွေသွင်းဖို့အတွက် စာရင်းတွေကောက်ယူခဲ့ပေမယ့်လည်း အစီအစဥ်က ပျက်ဖို့အခြေအနေဖြစ်နေတယ်လို အသင်းအဖွဲ့အချို့က ထုတ်ပြန်အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

▪︎စောချစ်သူဟာ နယ်စပ်ဒေသမှာ တရုတ် ကျားဖြန့် ဒုစရိုက် ဂိုဏ်းခေါင်းဆောင်တွေကို ဧည့်ဝတ်ကျေကျေ လက်ခံထားတဲ့ ကရင်BGF ခေါင်းဆောင် သုံးဦးထဲမှာ အပါအဝင် ဖြစ်ပါတယ်။ People’s Spring တရုတ်နိုင်ငံက ဒုစရိုက်ဂိုဏ်းတွေ အရှေ့တောင်အာရှကို ခြေဆန့်လာတဲ့အခါ မြန်မာနိုင်ငံဟာ ဦးစားပေး ရွေးချယ်ခံရတဲ့ အခြေစိုက် နယ်မြေတစ်ခုလိုမျိုး...

နိုင်ငံတကာ

အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျတို့ ပါဝင်တဲ့ AUKUSဟာ ဩစတြေးလျ ရေတပ်ကို မဟာမိတ် နှစ်နိုင်ငံက ပူးပေါင်းပြီး နည်းပညာပိုင်း အဆင့်မြှင့်ပေးဖို့၊ ဒေသတွင်းမှာ တရုတ် လွှမ်းမိုးမှုကို တန်ပြန်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဒီဖြစ်ရပ်ရဲ့ အဓိက အကြောင်းတရား နှစ်ခုက မြေအောက်ရေတွေ အလွန်အကျွံ ထုတ်ယူ အသုံးပြုမှုကြောင့် မြေသားတောင့်ခံနိုင်မှု အားနည်းလာခြင်းနဲ့ အဆောက်အအုံတွေ ဆောက်လုပ်တဲ့ ထုထည် ပိုမိုကြီးမား လေးလံလာခြင်းတွေ ဖြစ်တယ်လို့ ပညာရှင်တွေက သုံးသပ်ထားပါတယ်။

သတင်း

KIA က ဖက်ဆစ်​တော်လှန်​ရေး​နေ့(မတ် ၂၇) တွင် ဗန်းမော်-လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်း ၇ခုကို စတင်ထိုးစစ်ဆင်ခဲ့ပြီး မတ် ၂၇ ရက်မှာ ဘန်​ရောင်၊ ရှန်တိုင်း ၊ လော့ဒန် စစ်တပ်စခန်း​များကိုသိမ်းပိုက်ခဲ့သည်။