Connect with us

Hi, what are you looking for?

ဗီဒီယို

“အကြမ်းဖက်စစ်အာဏာရှင်ကျရှုံးဖို့ ပြည်သူအားလုံး​တော်လှန်စို့” ​ကြွေး​ကြော်သံများဖြင့် မန္တ​လေးညသပိတ်

“အကြမ်းဖက်စစ်အာဏာရှင်ကျရှုံးဖို့ပြည်သူအားလုံး​တော်လှန်စို့” ၊ “အ​မှောင်ထုကိုဖြိုခွင်းဖို့ ဒို့ပြည်သူများအားစိုက်စို့ “ဟူ​​​​သော စာတန်းများကိုင်​ဆောင်ပြီး၊ စစ်အာဏာရှင်ပြုတ်ကျ​ရေး​ကျယ်​လောင်​သောကြွေး​ကြော်သံများဖြင့် ဆန္ဒထုတ်​ဖော်ခဲ့ကြသည်။

မန္တလေးမြို့ မဟာအောင်မြေစုပေါင်း သပိတ် စစ်ကြောင်းသည် ယနေ့ (စက်တင်ဘာလ ၁၇ရက်)ညပိုင်းတွင် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီပြုတ်ကျ​ရေး ​ကြွေး​ကြော်သံများဟစ်​ကြွေး၍အင်အား အလုံးအရင်းဖြင့် ချီတက် ဆန္ဒပြခဲ့ကြသည်။

“အကြမ်းဖက်စစ်အာဏာရှင်ကျရှုံးဖို့ပြည်သူအားလုံး​တော်လှန်စို့” ၊ “အ​မှောင်ထုကိုဖြိုခွင်းဖို့ ဒို့ပြည်သူများအားစိုက်စို့ “ဟူ​​​​သော စာတန်းများကိုင်​ဆောင်ပြီး၊ စစ်အာဏာရှင်ပြုတ်ကျ​ရေး​ကျယ်​လောင်​သောကြွေး​ကြော်သံများဖြင့် ဆန္ဒထုတ်​ဖော်ခဲ့ကြသည်။

မန္တလေးမြို့တွင် ယနေ့ နေ့ခင်းပိုင်းတွင်လည်း စစ်အာဏာရှင်ပြုတ်ကျ​ရေး ဆန္ဒပြပွဲများ ပြုလုပ်ခဲ့​သေးသည်။

ဆက်စပ်သတင်းများ

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုကအာဏာတည်မြဲဖို့ နိုင်ငံရေးအကျဉ်းသားတွေကို အယောင်ပြလွှတ်ပေးတာ၊ အတုအယောင်ရွေးကောက်ပွဲတွေလုပ်ပြီး အစိုးရဖွဲ့တာစတဲ့ ကမ္ဘာကိုလိမ်ညာဖို့ ကြိုးစားနေနေပြီး အဲဒီအပေါ်ယံ ဟန်ပြလုပ်ရပ်တွေရဲ့နောက်ကွယ်မှာ ပြည်သူ့သွေးနဲ့ လမ်းခင်းထားတာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဆောင်းပါး

ရန်ကုန်-ပုသိမ်အဝေးပြေးကားလမ်းမ တလျှောက် စစ်တပ်စစ်ဆေးရေးဂိတ်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လက်ထဲမှာ ခါတိုင်းကိုင်ထားနေကြ သေနတ်နဲ့ ငွေစက္ကူအကြွေတွေအပြင် ​မေလ ၄ မှာတော့ ပိတောက်ပန်းတွေပါ ​တွေ့ရပါတယ်။