Connect with us

Hi, what are you looking for?

ဗီဒီယို

အမေရိကန်ဟာ ကမ္ဘာ့ ကာကွယ်ဆေး လက်နက်တိုက် ဖြစ်လာမယ်လို့ ဘိုင်ဒန်ပြော

ချမ်းသာတဲ့ နိုင်ငံကြီးတွေမှာတော့ အနည်းဆုံး လူဦးရေ တစ်ဝက်ကို ကာကွယ်ဆေး တစ်ကြိမ်ထက်မနည်း ထိုးပေးပြီး ဖြစ်ပေမယ့် ဆင်းရဲတဲ့ ကမ္ဘာ့နိုင်ငံတွေမှာ စုစုပေါင်း လူဦးရေရဲ့ ၂ ရာခိုင်နှုန်းသာ ကာကွယ်ဆေး ထိုးခွင့် ရသေးတယ်လို့ အောက်စ်ဖို့ဒ် တက္ကသိုလ် စစ်တမ်းတစ်ခုက ဖော်ပြထားပါတယ်။

အမေရိကန်ဟာ တစ်ကမ္ဘာလုံး အားကိုးရမယ့် ကာကွယ်ဆေး လက်နက်တိုက်ကြီး ဖြစ်လာစေမယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်က ကြွေးကြော်လိုက်ပါတယ်။

လာမယ့်နှစ်မှာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေဆီ အမေရိကန်ရဲ့ Pfizer ကိုဗစ်ကာကွယ်ဆေး အလုံးရေ သန်း ၅၀၀ လှူဒါန်းသွားမယ့် အစီအစဉ်ကို အကြောင်းပြုပြီး ဘိုင်ဒန်က အခုလို ဂုဏ်ယူ ပြောဆိုခဲ့တာပါ။ ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ ကိုဗစ် ကပ်ရောဂါ တိုက်ဖျက်ရေး အစည်းအဝေးကို အွန်လိုင်းကနေ ချိတ်ဆက် တက်ရောက်ချိန်မှာ ဘိုင်ဒန်က ကာကွယ်ဆေးတွေ ဖြန့်ဝေ လှူဒါန်းဖို့ ကတိပြုသွားခဲ့ပါတယ်။

ဒီအရေအတွက်ကို ထပ်ပေါင်းလိုက်မယ်ဆိုရင် အမေရိကန်က လှူဒါန်းပေးထားတဲ့ ကာကွယ်ဆေး အလုံးရေဟာ ၁ ဘီလီယံ ကျော်လွန်လာတော့မှာ ဖြစ်ပါတယ်။ အမေရိကန်ဟာ ကမ္ဘာအနှံ့ကို ကိုဗစ် ကာကွယ်ဆေးတွေ အများဆုံး ပို့ဆောင်ထားတဲ့ ဦးဆောင်နိုင်ငံ တစ်ခုအဖြစ် ရပ်တည်နေပါတယ်။

လေ့လာသူတွေကတော့ ကမ္ဘာ့လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းလောက်ကို လွှမ်းခြုံနိုင်ဖို့ အနည်းဆုံး ကာကွယ်ဆေး ၁၁ ဘီလီယံလောက် လိုအပ်လိမ့်မယ်လို့ သုံးသပ်ထားပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ၂၀၂၁ နှစ်ကုန်ပိုင်းလောက်မှာ ကမ္ဘာ့လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းလောက်ထိ ကာကွယ်ဆေး ထိုးထားပြီးဖြစ်ဖို့ မျှော်လင့်ထားပါတယ်။ ဒါပေမဲ့ လက်ရှိ အခြေအနေတွေအရ အဲဒီရည်မှန်းချက် အထမြောက်ဖို့ အလားအလာ သိပ်မရှိပါဘူး။

Public Service Announcement

Public Service Announcement

ချမ်းသာတဲ့ နိုင်ငံကြီးတွေမှာတော့ အနည်းဆုံး လူဦးရေ တစ်ဝက်ကို ကာကွယ်ဆေး တစ်ကြိမ်ထက်မနည်း ထိုးပေးပြီး ဖြစ်ပေမယ့် ဆင်းရဲတဲ့ ကမ္ဘာ့နိုင်ငံတွေမှာ စုစုပေါင်း လူဦးရေရဲ့ ၂ ရာခိုင်နှုန်းသာ ကာကွယ်ဆေး ထိုးခွင့် ရသေးတယ်လို့ အောက်စ်ဖို့ဒ် တက္ကသိုလ် စစ်တမ်းတစ်ခုက ဖော်ပြထားပါတယ်။

အမေရိကန် ပြည်ထောင်စုဟာ ကာကွယ်ဆေး အလုံးရေ သန်းပေါင်း ၅၈၀ လောက် လှူဒါန်းမယ်လို့ ကတိပြုထားဖူးပေမယ့် လက်ရှိ အချိန်ထိ အလုံးရေ သန်း ၁၆၀ ကျော်သာ ပေးပို့နိုင်ပါသေးတယ်။ တစ်ဖက်မှာ ဆင်းရဲချမ်းသာ ကွာဟတဲ့ နိုင်ငံတွေကြား ကာကွယ်ဆေး ရရှိမှု ဘက်မညီတဲ့ အခြေအနေကလည်း ပိုပြီး ထင်ရှားလာနေပါတယ်။

အခုနှစ်ကုန်ပိုင်းမှာ ချမ်းသာတဲ့ နိုင်ငံတွေ အနေနဲ့ ပိုလျှံ ကာကွယ်ဆေး အလုံးရေ ၁.၂ ဘီလီယံလောက်ထိ လက်ထဲမှာ ရှိနေနိုင်ပေမယ့် ဆင်းရဲတဲ့ နိုင်ငံတွေကတော့ ဆေးလိုအပ်ချက် အရမ်းကြီးမားလာနိုင်ပါတယ်။ အမေရိကန်မှာ အရွယ်ရောက်ပြီးသူ ဦးရေရဲ့ ၇၆ ရာခိုင်နှုန်းဟာ အနည်းဆုံး ကာကွယ်ဆေး တစ်ကြိမ် ထိုးပြီး ဖြစ်ပေမယ့် နိုင်ငံတကာကို ကာကွယ်ဆေးတွေ ဖြန့်ဝေ လှူဒါန်းပေးမှု နည်းလွန်းတယ်ဆိုတဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဒီအတောအတွင်း အမေရိကန် အာဏာပိုင်တွေက ကာကွယ်ဆေး တတိယအလုံး Booster ထပ်ထိုးပေးမယ့် ကိစ္စကို အတည်ပြုလိုက်တာကလည်း အငြင်းပွားစရာတွေ ဖြစ်လာပါတယ်။ WHO ကတော့ ချမ်းသာတဲ့ နိုင်ငံကြီးတွေ အနေနဲ့ အရေးတကြီး မလိုအပ်တဲ့ Boosterဆေးတွေ ထိုးပေးနေမယ့်အစား ဆင်းရဲတဲ့ နိုင်ငံတွေဆီ ဆေးတွေ မျှဝေပေးဖို့ အလေးအနက် တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။