Connect with us

Hi, what are you looking for?

ဗီဒီယို

​ကျောက်ကြီးမြို့နယ်ထဲက ရွာတစ်ရွာ ရွာလုံးကျွတ် ထွက်​ပြေးရ

စက်တင်ဘာ ၂၅ ရက်က အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က တပ်ပြန်လည်ရုတ်သိမ်းခဲ့တာကြောင့် စစ်ဘေးရှောင်နေရတဲ့ လော်မူသော လော်မူပယ်ရွာက ဒေသခံတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းက နေရပ်ကို ပြန်လည်ရောက်ရှိနေထိုင်ကြပြီ ဖြစ်ပါတယ်။

ကေအဲန်ယူ- ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်အတွင်းက ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်က KNLA နဲ့ စစ်ကောင်စီတပ်တို့ကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် လော်မူသော လော်မူပယ်ရွာက ဒေသခံတွေဟာ ရွာလုံးကျွတ်တိမ်းရှောင်ထွက်ပြေးနေရတာပါ။

စက်တင်ဘာ ၂၅ ရက်က အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က တပ်ပြန်လည်ရုတ်သိမ်းခဲ့တာကြောင့် စစ်ဘေးရှောင်နေရတဲ့ လော်မူသော လော်မူပယ်ရွာက ဒေသခံတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းက နေရပ်ကို ပြန်လည်ရောက်ရှိနေထိုင်ကြပြီ ဖြစ်ပါတယ်။

နဂိုကတည်းက ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုကြောင့် အခက်အခဲကြုံနေရတဲ့အပြင် အခုလို စစ်ဘေးဒဏ်ကြောင့် ပိုပြီးတော့ အခက်ကြုံဆုံနေရခဲ့တယ်လို့ ဒေသခံကရင်လူမှုရေးရာအဖွဲ့ရဲ့ ပြောကြားချက်အရ သိရပါတယ်။

နေရပ်ပြန်လည်ရောက်ရှိလာတဲ့ စစ်ဘေးရှောင်အခြေအနေနဲ့ ပတ်သက်ပြီး ညောင်လေးပင်ခရိုင် ဒေသခံကရင်လူမှုရေးရာအဖွဲ့တာဝန်ခံတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။