Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ဒုက္ခသည် စခန်းက ရိုဟင်ဂျာ ခေါင်းဆောင်တစ်ယောက် ပစ်သတ်ခံရ

စက်တင်ဘာ ၂၉ ရက်မှာ မိုဟစ်ဘ် အူလာ သေဆုံးသွားကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးနဲ့ ဒေသခံ ရဲအရာရှိ တစ်ဦးက အတည်ပြုခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် တောင်ပိုင်းက ရိုဟင်ဂျာ ဒုက္ခသည် စခန်းမှာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ရန်လို တိုက်ခိုက်မှု သတင်းတွေ ပိုများပြားလာတယ်လို့လည်း ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းတစ်ခုမှာ ရှိနေတဲ့ ရိုဟင်ဂျာ ခေါင်းဆောင် တစ်ဦး သေနတ်နဲ့ အပစ်ခံရလို့ သေဆုံးသွားကြောင်း သိရပါတယ်။

စက်တင်ဘာ ၂၉ ရက်မှာ မိုဟစ်ဘ် အူလာ သေဆုံးသွားကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးနဲ့ ဒေသခံ ရဲအရာရှိ တစ်ဦးက အတည်ပြုခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် တောင်ပိုင်းက ရိုဟင်ဂျာ ဒုက္ခသည် စခန်းမှာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ရန်လို တိုက်ခိုက်မှု သတင်းတွေ ပိုများပြားလာတယ်လို့လည်း ဆိုပါတယ်။

အသက် ၄၀ ဝန်းကျင် အူလာဟာ ၂၀၁၇ မှာ မြန်မာစစ်တပ်ရဲ့ ဖိနှိပ် ဖြိုခွင်းမှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဖက် ထွက်ပြေးခဲ့တဲ့ သိန်းနဲ့ချီ များပြားတဲ့ ရိုဟင်ဂျာတွေကြားမှာ လူသိများတဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်။ သူဟာ အိမ်ဖြူတော်ကို ဖိတ်ကြား ခံရဖူးပြီး ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးမှာလည်း မိန့်ခွန်း ပြောခဲ့ဖူးပါတယ်။

ကော့စ်ဘဇား ရဲတပ်ဖွဲ့ အရာရှိ တစ်ဦးဖြစ်တဲ့ ရာဖင်ကူလ် အစ္စလာမ်က အူလာ အသတ်ခံရတဲ့ သတင်းကို အတည်ပြုခဲ့ပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ မပြောခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်ကတော့ အူလာ ကွယ်လွန်သွားတဲ့အတွက် အလေးအနက် စိတ်မကောင်း ဖြစ်မိကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အူလာကို ဘယ်သူတွေက ဘယ်လို အကြောင်းရင်းကြောင့် သတ်ဖြတ်သွားသလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ အူလာ ပါဝင် လှုပ်ရှားနေတဲ့ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ အာရကန် ရိုဟင်ဂျာ အဖွဲ့ဟာ မြန်မာ စစ်တပ်ရဲ့ လူမျိုးသုဉ်း သတ်ဖြတ်မှု အသွင်ဆောင်တဲ့ နယ်မြေရှင်းလင်းမှုတွေကို စာရင်း ပြုစုခဲ့ပါတယ်။ ကော့စ်ဘဇား ဒုက္ခသည် စခန်းမှာ မူလာဟာ တဲတွေကို တစ်ခုချင်းစီ လှည့်လည် သွားလာပြီး သေဆုံးသူ၊ ပျောက်ဆုံးနေသူ အရေအတွက်ကို စာရင်း ကောက်ခံပေးခဲ့သလို နိုင်ငံတကာ စုံစမ်းရေး အရာရှိတွေဆီ အချက်အလက်တွေ လွှဲအပ်ခဲ့ပါတယ်။

အူလာဟာ နာမည်ကြီးလာတာနဲ့အမျှ သူ့ကို မုန်းတီးသူတွေလည်း ရှိလာတယ်လို့ ဆိုပါတယ်။ သူဟာ အသတ်ခံရမယ်လို့ ခြိမ်းခြောက်တာတွေ ခံနေရကြောင်း ၂၀၁၉ မှာ အူလာက Reuters သတင်းဌာနဆီ ဖွင့်ဟခဲ့ဖူးပါတယ်။ သူသေခဲ့မယ် ဆိုရင်လည်း ကိစ္စမရှိကြောင်း၊ သူ့ယုံကြည်ချက်အတွက် သူ့အသက်ကို ရင်းထားပြီးဖြစ်ကြောင်း အူလာက ဆိုပါတယ်။

ကော့စ်ဘဇားက ဒုက္ခသည် စခန်းတွေမှာ လက်နက်ကိုင် လှုပ်ရှားနေတဲ့ အဖွဲ့တွေရှိပြီး အချင်းချင်း အာဏာလု ပစ်ခတ်မှုတွေကြောင့် ဒုစရိုက်မှုတွေ ပိုမို ဆိုးရွားလာနေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ မြန်မာ့ NUG အစိုးရ အဖွဲ့မှာ အကြံပေးအဖြစ် တာဝန်ယူထားပြီး ရိုဟင်ဂျာ အခွင့်အရေး တက်ကြွ လှုပ်ရှားနေတဲ့ ဦးအောင်ကျော်မိုးက အူလာ သေဆုံးမှုဟာ ရိုဟင်ဂျာ အသိုက်အဝန်းအတွက် ကြီးမားတဲ့ နစ်နာမှု တစ်ခုလို့ မှတ်ချက် ပေးခဲ့ပါတယ်။

အူလာဟာ သူ့ကို ပစ်မှတ် ထားနိုင်တဲ့ အခြေအနေတွေကို အမြဲတမ်း သဘောပေါက်ထားခဲ့ကြောင်း၊ ခြိမ်းခြောက်မှုတွေ ဘယ်လောက်များများ သူ့အလုပ်ကို သူကလွဲလို့ တခြား ဘယ်သူမှ လုပ်မှာ မဟုတ်ဘူးလို့ သဘောထားပြီး တာဝန်ကျေခဲ့သူ တစ်ဦးဖြစ်ကြောင်း ဦးအောင်ကျော်မိုးက ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံတကာနဲ့ မဟာဗျူဟာ လေ့လာရေး ဌာနက ကြီးမှူးကျင်းပတဲ့ ဆွေးနွေးပွဲ အစီအစဉ် တစ်ခုမှာ သူက မြန်မာစစ်တပ်ရဲ့ ထိပ်တန်း အရာရှိတချို့ဟာ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ခံထားရခြင်းက ဘင်္ဂလားဒေ့ရှ်ကို လုပ်ရကိုင်ရ ခက်စေတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။

သတင်း

လက်ရှိ ဖမ်းဆီးခံထားရတယ်ဆိုတဲ့ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ လွတ်မြောက်နိုင်ခြေနဲ့ အသက်အန္တရာယ် ကျရောက်နိုင်ခြေတွေကလည်း မရေမရာ ဖြစ်နေဆဲလို့ ဆိုပါတယ်။

နိုင်ငံတကာ

IAEAဟာ အရင်ကတည်းက ဇာပေါ့ရစ်ဇီရာ ဓာတ်အားပေးစက်ရုံ တိုက်ခိုက်ခံရနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးကို အကြိမ်ကြိမ် သတိပေးခဲ့ဖူးပါတယ်။