Connect with us

Hi, what are you looking for?

ဗီဒီယို

ဒုက္ခသည် စခန်းက ရိုဟင်ဂျာ ခေါင်းဆောင်တစ်ယောက် ပစ်သတ်ခံရ

စက်တင်ဘာ ၂၉ ရက်မှာ မိုဟစ်ဘ် အူလာ သေဆုံးသွားကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးနဲ့ ဒေသခံ ရဲအရာရှိ တစ်ဦးက အတည်ပြုခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် တောင်ပိုင်းက ရိုဟင်ဂျာ ဒုက္ခသည် စခန်းမှာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ရန်လို တိုက်ခိုက်မှု သတင်းတွေ ပိုများပြားလာတယ်လို့လည်း ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းတစ်ခုမှာ ရှိနေတဲ့ ရိုဟင်ဂျာ ခေါင်းဆောင် တစ်ဦး သေနတ်နဲ့ အပစ်ခံရလို့ သေဆုံးသွားကြောင်း သိရပါတယ်။

စက်တင်ဘာ ၂၉ ရက်မှာ မိုဟစ်ဘ် အူလာ သေဆုံးသွားကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးနဲ့ ဒေသခံ ရဲအရာရှိ တစ်ဦးက အတည်ပြုခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် တောင်ပိုင်းက ရိုဟင်ဂျာ ဒုက္ခသည် စခန်းမှာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ရန်လို တိုက်ခိုက်မှု သတင်းတွေ ပိုများပြားလာတယ်လို့လည်း ဆိုပါတယ်။

အသက် ၄၀ ဝန်းကျင် အူလာဟာ ၂၀၁၇ မှာ မြန်မာစစ်တပ်ရဲ့ ဖိနှိပ် ဖြိုခွင်းမှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဖက် ထွက်ပြေးခဲ့တဲ့ သိန်းနဲ့ချီ များပြားတဲ့ ရိုဟင်ဂျာတွေကြားမှာ လူသိများတဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်။ သူဟာ အိမ်ဖြူတော်ကို ဖိတ်ကြား ခံရဖူးပြီး ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးမှာလည်း မိန့်ခွန်း ပြောခဲ့ဖူးပါတယ်။

ကော့စ်ဘဇား ရဲတပ်ဖွဲ့ အရာရှိ တစ်ဦးဖြစ်တဲ့ ရာဖင်ကူလ် အစ္စလာမ်က အူလာ အသတ်ခံရတဲ့ သတင်းကို အတည်ပြုခဲ့ပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ မပြောခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်ကတော့ အူလာ ကွယ်လွန်သွားတဲ့အတွက် အလေးအနက် စိတ်မကောင်း ဖြစ်မိကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အူလာကို ဘယ်သူတွေက ဘယ်လို အကြောင်းရင်းကြောင့် သတ်ဖြတ်သွားသလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ အူလာ ပါဝင် လှုပ်ရှားနေတဲ့ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ အာရကန် ရိုဟင်ဂျာ အဖွဲ့ဟာ မြန်မာ စစ်တပ်ရဲ့ လူမျိုးသုဉ်း သတ်ဖြတ်မှု အသွင်ဆောင်တဲ့ နယ်မြေရှင်းလင်းမှုတွေကို စာရင်း ပြုစုခဲ့ပါတယ်။ ကော့စ်ဘဇား ဒုက္ခသည် စခန်းမှာ မူလာဟာ တဲတွေကို တစ်ခုချင်းစီ လှည့်လည် သွားလာပြီး သေဆုံးသူ၊ ပျောက်ဆုံးနေသူ အရေအတွက်ကို စာရင်း ကောက်ခံပေးခဲ့သလို နိုင်ငံတကာ စုံစမ်းရေး အရာရှိတွေဆီ အချက်အလက်တွေ လွှဲအပ်ခဲ့ပါတယ်။

အူလာဟာ နာမည်ကြီးလာတာနဲ့အမျှ သူ့ကို မုန်းတီးသူတွေလည်း ရှိလာတယ်လို့ ဆိုပါတယ်။ သူဟာ အသတ်ခံရမယ်လို့ ခြိမ်းခြောက်တာတွေ ခံနေရကြောင်း ၂၀၁၉ မှာ အူလာက Reuters သတင်းဌာနဆီ ဖွင့်ဟခဲ့ဖူးပါတယ်။ သူသေခဲ့မယ် ဆိုရင်လည်း ကိစ္စမရှိကြောင်း၊ သူ့ယုံကြည်ချက်အတွက် သူ့အသက်ကို ရင်းထားပြီးဖြစ်ကြောင်း အူလာက ဆိုပါတယ်။

ကော့စ်ဘဇားက ဒုက္ခသည် စခန်းတွေမှာ လက်နက်ကိုင် လှုပ်ရှားနေတဲ့ အဖွဲ့တွေရှိပြီး အချင်းချင်း အာဏာလု ပစ်ခတ်မှုတွေကြောင့် ဒုစရိုက်မှုတွေ ပိုမို ဆိုးရွားလာနေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ မြန်မာ့ NUG အစိုးရ အဖွဲ့မှာ အကြံပေးအဖြစ် တာဝန်ယူထားပြီး ရိုဟင်ဂျာ အခွင့်အရေး တက်ကြွ လှုပ်ရှားနေတဲ့ ဦးအောင်ကျော်မိုးက အူလာ သေဆုံးမှုဟာ ရိုဟင်ဂျာ အသိုက်အဝန်းအတွက် ကြီးမားတဲ့ နစ်နာမှု တစ်ခုလို့ မှတ်ချက် ပေးခဲ့ပါတယ်။

အူလာဟာ သူ့ကို ပစ်မှတ် ထားနိုင်တဲ့ အခြေအနေတွေကို အမြဲတမ်း သဘောပေါက်ထားခဲ့ကြောင်း၊ ခြိမ်းခြောက်မှုတွေ ဘယ်လောက်များများ သူ့အလုပ်ကို သူကလွဲလို့ တခြား ဘယ်သူမှ လုပ်မှာ မဟုတ်ဘူးလို့ သဘောထားပြီး တာဝန်ကျေခဲ့သူ တစ်ဦးဖြစ်ကြောင်း ဦးအောင်ကျော်မိုးက ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ကုလသမဂ္ဂအဖွဲ့ကြီးကို ပိုမိုထိရောက်ပြီး ကုန်ကျစရိတ်လျှော့ချနိုင်တဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ပြောင်းလဲဖို့ ကြိုးစားနေပြီး၊ လာမယ့် ၂ နှစ်အတွင်း အကြီးတန်းခေါင်းဆောင်ရာထူးတချို့ကို လျှော့ချခြင်းနဲ့ ဖျက်သိမ်းခြင်းတွေ လုပ်ဆောင်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့မှာ ရိုဟင်ဂျာဒုက္ခသည်တွေအပါအဝင် ဒေသခံအရပ်သားပြည်သူတွေကို စစ်တပ်က ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်နေပြီး အခု ၂ပတ်အတွင်း ဖမ်းဆီးခံရသူ ၁၆ ဦးထက်မနည်း ရှိသွားခဲ့ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က သတ်မှတ်ထားတဲ့နေအိမ်ကို ရွှေ့ပြောင်းခဲ့မှုအပေါ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က မှတ်သားသိရှိကြောင်းနဲ့မတရားဖမ်းဆီးထိန်းသိမ်းထားသူအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ ပထမဆုံး နျူကလီးယား ဓာတ်အားပေး စက်ရုံဆီ ယူရေနီယမ် လောင်စာ ဖြည့်တင်းမှုတွေ စတင်နေပြီလို့ ရုရှား နျူကလီးယား စွမ်းအင် ကော်ပိုရေးရှင်း Rosatomက ကြေညာခဲ့ပါတယ်။