Connect with us

Hi, what are you looking for?

ဗီဒီယို

စားသောက်ကုန်နဲ့ လိုအပ်ပစ္စည်းတွေ စုဆောင်းထားကြဖို့တိုင်းပြည်ကို တရုတ်အစိုးရ ဘာ​ကြောင့်တိုက်တွန်းသလဲ

အခု သီတင်းပတ် အစောပိုင်းကတော့ ရှန်ဟိုင်းက Disneyland ကစားကွင်းမှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေ ဖြစ်ပွားပြီး လူပေါင်း ၉၀ ကျော်ရဲ့ ဆေးစစ်ရလဒ် Positiveအဖြေ ထွက်ပေါ်ခဲ့ကြောင်း သိရပါတယ်။

ပြည်သူတွေ အနေနဲ့ အရေးတကြီး လိုအပ်မယ့် အခြေခံ စားသုံးကုန်တွေ၊ အသုံးအဆောင်တွေ ကြိုတင် စုဆောင်းထားဖို့ တရုတ် အစိုးရက တိုက်တွန်းလိုက်ပါတယ်။

အခုလိုမျိုး တိုက်တွန်းရတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။ ဒါပေမဲ့ ကိုဗစ် ကပ်ရောဂါ ကူးစက်မှုတွေကြောင့် ဒေသအလိုက် နောက်ထပ် Lockdown ကြေညာရတာမျိုးတွေ ဖြစ်လာနိုင်တာကြောင့် ကြိုတင် တပ်လှန့်ထားတာ၊ ဒါမှမဟုတ် ရာသီဥတု ဖောက်ပြန်မှုကြောင့် ကောက်ပဲသီးနှံ အထွက်နှုန်း လျော့ကျသွားတာတွေကြောင့် ဖြစ်နိုင်ကြောင်း ထင်ကြေးတွေတော့ ပျံ့နှံ့နေပါတယ်။

ဒီတိုက်တွန်း ကြေညာချက်ကို တရုတ် အစိုးရရဲ့ စီးပွားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေသဆိုင်ရာ အုပ်ချုပ်ရေး အရာရှိတွေ အနေနဲ့ ထောက်ပံ့ရေး လမ်းကြောင်းတွေ အဟန့်အတားမရှိ ချောမွေ့နေအောင်၊ ကုန်စည် စျေးနှုူန်းတွေ တည်ငြိမ်နေအောင် ကူညီ ထိန်းညှိပေးဖို့လည်း ဝန်ကြီးဌာနက ပန်ကြားထားပါတယ်။

တစ်ဖက်မှာလည်း ဒီကြေညာချက် ထွက်ပေါ်လာပြီးတာနဲ့ ပြည်သူ အများအပြားက စျေးဝယ်စင်တာတွေ၊ စူပါမားကက်တွေမှာ စိတ်ပူပြီး တန်းစီ စျေးဝယ်ကြတာတွေ ဖြစ်လာပါတယ်။ သတင်းကြားပြီးတာနဲ့ Panic Buying တွေ စတင်လာတာပဲလို့ လူမှုကွန်ရက် Weibo ပေါ်မှာ ဝေဖန် ရေးသားမှုတွေလည်း တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

Public Service Announcement

People’s Daily သတင်းစာကတော့ ဒီကြေညာချက်မျိုးဟာ ထူးဆန်းနေပေမယ့် လတ်တလော ကောက်ပဲသီးနှံ စျေးနှုူန်းတွေနဲ့ ကိုဗစ်ရောဂါ ကူးစက်မှုတွေ မြင့်တက်လာခြင်းနဲ့ ဆက်စပ်နိုင်ကြောင်း ရေးသား ဖော်ပြထားပါတယ်။ ပုံမှန် ဆိုရင်တော့ ဆောင်းရာသီနား နီးလာရင် တရုတ်မှာ ဟင်းသီးဟင်းရွက် စျေးတွေ တက်လေ့ ရှိပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ ရာသီဥတု ဖောက်ပြန်ပြီး ရေကြီးမှုတွေကြောင့် စိုက်ခင်းတွေ ပျက်စီးပြီး ကောက်ပဲသီးနှံ စျေးတွေကလည်း အရင်ကထက် အများကြီး ပိုတက်လာပါတယ်။

တစ်ဖက်မှာလည်း တရုတ်ဟာ ရောဂါ ကူးစက်မှုတွေ ပြန်လည် တွေ့မြင်လာရတဲ့ ဒေသတွေမှာ တင်းကျပ်တဲ့ Lockdown အစီအမံတွေ ဆက်လက် ကျင့်သုံးနေဆဲပါ။ အထူးသဖြင့် ဖေဖော်ဝါရီလမှာ ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ် မတိုင်ခင် ပြည်တွင်း ကူးစက်မှုကို သုညမှတ်ထိ လျှော့ချထားဖို့ တရုတ် အာဏာပိုင်တွေက အားထုတ်နေပါတယ်။

အခု သီတင်းပတ် အစောပိုင်းကတော့ ရှန်ဟိုင်းက Disneyland ကစားကွင်းမှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေ ဖြစ်ပွားပြီး လူပေါင်း ၉၀ ကျော်ရဲ့ ဆေးစစ်ရလဒ် Positiveအဖြေ ထွက်ပေါ်ခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး F-35 တိုက်လေယာဉ် အစိတ်အပိုင်းတွေ တင်ဆောင်သွားတဲ့ သင်္ဘောတစ်စီးက လမ်းကြောင်းပြောင်းပြီး တရုတ်ပိုင်နက်ထဲ ကမ်းကပ်ခဲ့တဲ့၊ နောက်ဆက်တွဲ အနေနဲ့ အစိတ်အပိုင်းတချို့ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အမေရိကန် လွှတ်တော်မှာ စုံစမ်း စစ်ဆေးနေပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒရုန်းရေငုပ်သင်္ဘောတွေအတွက် မိခင်ရေယာဉ်လို့ ယူဆရတဲ့ ပထမဆုံး သင်္ဘောတစ်စီးကို တရုတ်မှာ တည်ဆောက်နေပါတယ်။

Facebook