Connect with us

Hi, what are you looking for?

ဗီဒီယို

သထုံနှင့် ဘီလင်းကြားတွင် စစ်​ကောင်စီယာဥ်တန်းကို ပြည်သူ့ကာကွယ်​ရေးအဖွဲ့များပူး​ပေါင်းတိုက်ခိုက်

သထုံမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များအား ခုခံတော်လှန်စစ်ဆင်နွှဲမှုများကိုသထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်ပူးပေါင်းမဟာမိတ်အဖွဲ့များမှ ပြုလုပ်တော့မည်ဖြစ်​ကြောင်း TPDF က အသိ့​ပေးသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)၏ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ၊ သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(TPDF) နှင့် သထုံပြည်သူ့ပြောက်ကျားအဖွဲ့ (TPG) တို့သုံးဖွဲ့ပူးပေါင်း၍ အာဏာသိမ်းစစ်ကောက်စီယာဥ်တန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သထုံမြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ (TPDF)က ယ​နေ့ထုတ်ပြန်သည်။

နိုဝင်ဘာ ၆ ရက်နံနက်ပိုင်းကသထုံမြို့နယ် နှင့် ဘီးလင်းမြို့နယ်အကြားကမာစိုင်ကွက်သစ်အနီးတွင်အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။မိုင်းခွဲပြီးနောက်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ကြပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် ထိခိုက်မှုမရှိကြောင်း သိရသည်။စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုကိုမူ အတည်ပြုနိုင်ခြင်းမရှိသေး​ကြောင်းထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

သထုံမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များအား ခုခံတော်လှန်စစ်ဆင်နွှဲမှုများကိုသထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်ပူးပေါင်းမဟာမိတ်အဖွဲ့များမှ ပြုလုပ်တော့မည်ဖြစ်​ကြောင်း TPDF က အသိ့​ပေးသည်။

ထို့ကြောင့် ပြည်သူလူထုအနေနှင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်နီးစပ်ရာနေရာများတွင် သွားလာနေထိုင်​ခြင်းမပြုလုပ်ကြရန်နှင့်အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း ကြိုတင်ပြင်ဆင်လိုက်နာရန် TPDF က တိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။