Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

သထုံနှင့် ဘီလင်းကြားတွင် စစ်​ကောင်စီယာဥ်တန်းကို ပြည်သူ့ကာကွယ်​ရေးအဖွဲ့များပူး​ပေါင်းတိုက်ခိုက်

သထုံမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များအား ခုခံတော်လှန်စစ်ဆင်နွှဲမှုများကိုသထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်ပူးပေါင်းမဟာမိတ်အဖွဲ့များမှ ပြုလုပ်တော့မည်ဖြစ်​ကြောင်း TPDF က အသိ့​ပေးသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)၏ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ၊ သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(TPDF) နှင့် သထုံပြည်သူ့ပြောက်ကျားအဖွဲ့ (TPG) တို့သုံးဖွဲ့ပူးပေါင်း၍ အာဏာသိမ်းစစ်ကောက်စီယာဥ်တန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သထုံမြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ (TPDF)က ယ​နေ့ထုတ်ပြန်သည်။

နိုဝင်ဘာ ၆ ရက်နံနက်ပိုင်းကသထုံမြို့နယ် နှင့် ဘီးလင်းမြို့နယ်အကြားကမာစိုင်ကွက်သစ်အနီးတွင်အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။မိုင်းခွဲပြီးနောက်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ကြပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် ထိခိုက်မှုမရှိကြောင်း သိရသည်။စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုကိုမူ အတည်ပြုနိုင်ခြင်းမရှိသေး​ကြောင်းထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

သထုံမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များအား ခုခံတော်လှန်စစ်ဆင်နွှဲမှုများကိုသထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်ပူးပေါင်းမဟာမိတ်အဖွဲ့များမှ ပြုလုပ်တော့မည်ဖြစ်​ကြောင်း TPDF က အသိ့​ပေးသည်။

ထို့ကြောင့် ပြည်သူလူထုအနေနှင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်နီးစပ်ရာနေရာများတွင် သွားလာနေထိုင်​ခြင်းမပြုလုပ်ကြရန်နှင့်အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း ကြိုတင်ပြင်ဆင်လိုက်နာရန် TPDF က တိုက်တွန်းထားသည်။