Connect with us

Hi, what are you looking for?

ဗီဒီယို

ရန်ကုန်ရှိ ကင်းစခန်းသုံးခု တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးထက်မနည်းသေနိုင်ဟု ထုတ်ပြန်

ရန်ကုန်တိုင်း သန်လျင်တံတားအဆင်းရှိ ကင်းစခန်း၊ တိုင်းရင်းသားကျေးရွာအနီး မီးပွိုင့်နေရာနှင့် ထန်းတပင် တာဆုံကင်းစခန်း နေရာများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 ရန်ကုန်တိုင်းအတွင်းရှိ စစ်ကောင်စီ၏ ကင်းစခန်း သုံးခုကို ပြည်သူ့တော်လှန်ရေးတပ်သားများက ယနေ့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးထက်မနည်းသေဆုံးနိုင်ကြောင်း  ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်သည်။

ရန်ကုန်တိုင်း သန်လျင်တံတားအဆင်းရှိ ကင်းစခန်း၊ တိုင်းရင်းသားကျေးရွာအနီး မီးပွိုင့်နေရာနှင့် ထန်းတပင် တာဆုံကင်းစခန်း နေရာများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယ​နေ့(နိုဝင်ဘာ၁၅ရက်)နံနက် ၁၁နာရီခန့်တွင် သန်လျင်တံတားအဆင်းရှိ မင်းအောင်လှိုင်စစ်တပ်၏ ကင်းစခန်းများကို ပြည်သူ့တော်လှန်ရေးတပ်သားများက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရန်သူစစ်သား ၁၀ ဦးခန့် ကျည်ထိမှန်ခဲ့ပြီး သုံးဦး ပွဲချင်းပြီး သေဆုံးဖွယ်ရှိကြောင်း၊ အလားတူ တိုင်ရင်းသားကျေးရွာအနီး မီးပွိုင့်ရှိ  ယာဉ်ထိန်းရဲများကို တစ်ပြိုင်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ    ယာဉ်ထိန်းရဲသုံးဦး ထိမှန်ခဲ့ပြီးနှစ်ဦး သေဆုံးနိုင်ဖွယ်ရှိကြောင်း ထုတ်ပြန်သည်။

ထို့ပြင် ထန်းတပင်မြို့နယ် တာဆုံရဲကင်းစခန်းရှိ ရန်သူရဲ အင်အား ၁၀ ဦးခန့်ကိုလည်း ပြည်သူ့တော်လှန်ရေးတပ်သားများက ယနေ့ ၁၁နာရီခွဲတွင် သွားရောက်ပစ်ခတ်ခဲ့ရာ ရန်သူရဲ သုံးဦးထိမှန်သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ပစ်ခတ်တိုက်ခိုက်နေစဉ် ပစ်ကွင်းထဲသို့ မထင်မှတ်ဘဲ ကလေးငယ်တစ်ဦး ဝင်ရောက်လာ၍ ပစ်ခတ်မှုကို စိတ်တိုင်းကျ မလုပ်ဆောင်နိုင်ခဲ့ဘဲ ပစ်အားလျှော့ချ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့အနေဖြင့် ပျံလွှားအောင် စစ်ဆင်ရေးဖြင့် ရန်သူမင်းအောင် လှိုင်၏ အကြမ်းဖက် လက်နက်ကိုင်များကို စစ်ဆင်တိုက်ခိုက်လျက်ရှိရာ လူထုဘေးကင်းလုံခြုံရေးကို အထူးအလေးထား ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြိုနယ်နှစ်ခုမှာ ဒီရက်ပိုင်းအတွင်း ယာဉ်တိုက်မှုကြောင့် အမျိုးသမီး ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်း​ပေါ်ရှိတဲ့ ကား​တွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

Facebook