Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ကမ္ဘာ့မျက်နှာစာမှာ မြန်မာပြည်သူတို့အောင်ပွဲ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာတွေရှိခဲ့ပေမယ့် သံအမတ်ကြီး ဦးကျော်မိုးထွန်းလို့ ကုလစင်မြင့်ကနေ အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို ဆန့်ကျင်တဲ့ လုပ်ရပ်မျိုး မြန်မာ့သံခင်းတမန်ခင်းမှာ မပေါ်ပေါက်ခဲ့ဖူးပါဘူး။

ကမ္ဘာ့စင်မြင့်ထက်က သံတမန်တိုက်ပွဲမှာ မြန်မာပြည်သူတွေအနိုင်ရခဲ့ပါပြီ။

ဒီကနေ့ အောင်ပွဲဟာ”အရေးတော်မုချအောင်ရမယ်။ ပြည်သူသာအဓိကပါ ” လို့ ကုလစင်မြင့်ထက်မှာ လက်သုံးချောင်းထောင်ခဲ့တဲ့သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ မိန့်ခွန်းကနေအစပြုခဲ့တာပါ။

အာဏာသိမ်းတာကိုဆန့်ကျင်တဲ့ သံအမတ်ကြီး ရဲ့အဲဒီမိန့်ခွန်းဟာပြည်သူတွေကို အံသြမှင်သက် အားတက်စေပေမယ့် စစ်အာဏာရှင်အတွက်တော့ အရှိုက်ကိုထိုးခံလိုက်ရသလိုပါပဲ။

ဒီလို မိန့်ခွန်းပြောဖို့ ဆုံးဖြတ်ဖြစ်တာဟာ အာဏာသိမ်းတာကိုမကြိုက်တာနဲ့ စနစ်ဆိုးအောက်ကိုပြန်မသွားချင်တာကြောင့်လို့ သံအမတ်ကြီးက ရိုးရိုးရှင်းရှင်းပဲအဖြေပေးထားပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာတွေရှိခဲ့ပေမယ့် သံအမတ်ကြီး ဦးကျော်မိုးထွန်းလို့ ကုလစင်မြင့်ကနေ အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို ဆန့်ကျင်တဲ့ လုပ်ရပ်မျိုး မြန်မာ့သံခင်းတမန်ခင်းမှာ မပေါ်ပေါက်ခဲ့ဖူးပါဘူး။

ဒါကြောင့်လည်းအရင် အာဏာသိမ်းမှုတွေနဲ့မတူဘဲ စစ်အုပ်စုအတွက် နိုင်ငံတကာအသိအမှတ်ပြုမှု ရဖို့ စိန်ခေါ်မှု ပိုကြီးမားသွားစေပါတယ်။

ဦးကျော်မိုးထွန်းလို နိုင်ငံတကာမျက်နှာစာမှာ ဆန့်ကျင်တဲ့လုပ်ရပ်တွေထပ်မကြုံရဖို့ စစ်အုပ်စုဟာ ရာနဲ့ချီတဲ့ မြန်မာသံရုံးဝန်ထမ်းတွေကို နေပြည်တော်ကို အလျင်စလို ခေါ်ယူရတဲ့အထိအလုပ်ရှုတ်သွားခဲ့တာပါ။

သူတို့ အရှိုက်ကိုထိုးနှက်ခဲ့တဲ့ ဦးကျော်မိုးထွန်းကိုလည်းနှိပ်ကွပ်ဖို့ ရာထူးကနေဖယ်ရှားလိုက်တယ်လို့ စစ်ကောင်စီရဲ့ဝါဒဖြန့်မီဒီယာကကြေညာပါတယ်။

ဒါ့အပြင် သေဒဏ်အထိချလို့ ရတဲ့ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုနဲ့ တရားစွဲကြောင်း သတင်းစာမျက်နှာဖုံးကနေဖော်ပြခဲ့ပါတယ်။

ရေခြားမြေခြားက သံအမတ်ကြီးကို အရေးယူမရတဲ့အခါ ရန်ကုန်၊ တောင်ဥက္ကလာမှာနေတဲ့ ဦးကျော်မိုးထွန်းရဲ့မိဘတွေနေအိမ်ကိုလည်း ဝင်ရောက်ရှာဖွေတာ လုပ်ခဲ့ပြီးနေအိမ်ကိုချိတ်ပိတ်ခဲ့ပါသေးတယ်။

အန္တရာယ်ရှိတဲ့အခြေအနေထဲ မိသားစုကို ပို့မိလို့ စိုးရိမ်နေခဲ့ရတယ်လို့ သံအမတ်ကြီးက CNA မီဒီယာနဲ့အင်တာဗျုးမှာဖြေဖူးပါတယ်။

ဒါပေမယ့် မိဘတွေဆီကနေ သားဖြစ်သူအတွက် ဂုဏ်ယူမိတယ်လို့ သတင်းစကား ကြားလာရတဲ့အခါ ဝမ်းသာမိတယ်လို့ သံအမတ်ကြီးကဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအိမ်ချိပ်ပိတ်ဖို့ရောက်လာချိန်မှာ သံအမတ်ကြီးရဲ့မိဘ နှစ်ပါးကတော့တိမ်းရှောင်သွားတဲ့အတွက် ဘေးကင်းသွားတယ်လို့သိရပါတယ်။

စစ်အာဏာသိမ်းတာကိုဆန့်ကျင်တဲ့အတွက် သံအမတ်ကြီးကိုယ်တိုင်လည်း ရန်ပြုလုပ်ကြံခံရမယ့်ဘေးနဲ့ ကြုံခဲ့ရပါသေးတယ်။

ဒါ ကိုတော့အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့ (FBI ) ကဖော်ထုတ်ခဲ့တာပါ။

သံအမတ်ကြီးကို ရန်ပြုမယ့်အစီအစဉ်မှာ မြန်မာလူငယ် နှစ်ဦးနဲ့ ထိုင်းရောက်မြန်မာလူမျိုးလက်နက်ပွဲစား လည်း ပါဝင်တယ်လို့ FBI ဖော်ထုတ်ချက်အရသိရပါတယ်။

သူတို့တွေဟာ ပထမ အဆင့်အနေနဲ့ ဦးကျော်မိုးထွန်းကို ထိခိုက်ဒဏ်ရာ ရဖို့ လုပ်မှာဖြစ်ပြီး သံအမတ်ကြီး ရာထူးကနေ မဖယ်ရင် အသက်အန္တရာယ်ထိခိုက်စေတဲ့အထိ လုပ်ဆောင်ဖို့အစီအစဉ်တွေရှိခဲ့တာပါ။

စစ်ကောင်စီဟာ ဦးကျော်မိုးထွန်းရဲ့ သံအမတ်ကြီးနေရာကို ဝါရှင်တန်ဒီစီမြန်မာသံရုံးက စစ်သံမှူး ဗိုလ်မှူးကြီးအောင်သူရိန်နဲ့အစားထိုးဖို့ ကနဦးကြိုးစားခဲ့ပါသေးတယ်။

ဒါပေမယ့် ကုလက ဗိုလ်မှူးကြီးအောင်သူရိန်ကိုငြင်းပယ်ပြီး ဦးကျော်မိုးထွန်းကို ၇၅ ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံသက်တမ်းကုန်ဆုံးချိန်ထိ ဆက်လက်ထားရှိခဲ့တာပါ။

၇၅ ကြိမ်မြောက် အထွေထွေညီလာခံပြီးဆုံးချိန်မှာတော့လာမယ့် ၂၀၂၂ ခုနှစ် ၇၆ ကြိမ်မြောက်ညီလာခံအတွက် NUG နဲ့စစ်ကောင်စီဟာ သံတမန်တိုက်ပွဲဆင်နွဲဖို့ ကိုယ်စားလှယ်အပြိုင်တင်သွင်းကြပါတော့တယ်။

NUG က ဦးကျော်မိုးထွန်းကိုတင်သွင်းပြီး စစ်ကောင်စီက စစ်သံမှူး ဗိုလ်မှူးကြီးအောင်သူရိန်ကို တင်သွင်းပါတယ်။

ဒါပေမယ့် အမေရိကန်၊ တရုတ်၊ ရုရှားတို့ပါဝင်တဲ့ ကိုယ်စားလှယ်စိစစ်ရေးအဖွဲ့ က မြန်မာကို ဘယ်အဖွဲ့က ကိုယ်စားပြုမလဲဆိုတဲ့ ဆုံးဖြတ်ချက်ကိုမချဘဲ ရွှေ့ဆိုင်းလိုက်ခဲ့ပြီး လက်ရှိ သံအမတ်ကြီးတာဝန်ထမ်းဆောင်နေသူ ဦးကျော်မိုးထွန်းကိုပဲဆက်ထားဖို့ ဒီဇင်ဘာ ၁ ရက်မှာ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီဆုံးဖြတ်ကို ဒီဇင်ဘာ ၆ ရက်မှာ နိုင်ငံပေါင်း ၁၉၃ နိုင်ငံပါတဲ့ကုလသမဂ္ဂအထွေထွေညီလာခံကလည်း မဲခွဲစရာမလိုဘဲ သဘောတူခဲ့ကြတာဖြစ်ပါတယ်။

ဒါဟာ နိုင်ငံတကာအသိအမှတ်ပြုခံရမှု အသည်းအသန်ရှာဖွေနေတဲ့ စစ်ကောင်စီကိုအထိနာစေခဲ့တာပါ။

ကုလမှာ မြန်မာထိုင်ခုံဆက်ရှိနေတာဟာ မြန်မာပြည်သူတွေရဲ့အသံကိုနိုင်ငံတကာအသိုင်းအဝိုင်းကို ပြောပြဖို့ ထပ်ပြီးအခွင့်အရေးထပ်ရတာလို့ ဦးကျော်မိုးထွန်းကဆိုထားပါတယ်။

ကုလသမဂ္ဂမှာ ရှိနေချိန် ဦးကျော်မိုးထွန်းဟာ ပြည်သူတွေကို ဖိနှိပ်နေတဲ့ စစ်ကောင်စီကို နိုင်ငံတကာက လက်နက်မရောင်းချဖို့၊ လေကြောင်းကနေ ထိုးစစ်ဆင်နေတာတွေကိုမလုပ်နိုင်ဖို့အတွက် လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ပေးဖို့ တောင်းဆိုတာတွေကို ကြိုးပမ်းခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေတင်ပြတာ၊ မတရားဖမ်းဆီးထားသူတွေကို ပြန်လွှတ်ဖို့၊ နိုင်ငံတော်အာဏာ ပြည်သူထံပြန်လည်ရရှိဖို့အတွက်တောင်းဆိုတာတွေကို သံတမန်ရေးနဲ့ လုပ်ဆောင်ခဲ့ပါတယ်။

ဒီလိုကြိုးပမ်းမှုတွေကြောင့်ပဲ ဒီမိုကရေစီလွတ်လပ်ခွင့်အတွက် ကြိုးပမ်းသူကို ချီးမြှင့်တဲ့ John McCain Freedom ချီးမြှင့်ခံခဲ့ရပါတယ်။

သံတမန်တိုက်ပွဲကာလတလျောက် စစ်ကောင်စီကိုယ်စားကိုယ်များလက်ခံလိုက်မလား၊ ဦးကျော်မိုးထွန်းကိုပဲ ဆက်ထားမလား၊ ထိုင်ခုံလွတ်ပဲ ထားလိုက်မလားရယ်လို့ ပြည်သူတွေရင်တမမစောင့်ခဲ့ရကျိုးနပ်ခဲ့ပါပြီ။

တစ်ကမ္ဘာလုံးရဲ့ အသိအမှတ်ပြုမှု ဒီထိုင်ခုံဟာ နွေဦးတော်လှန်ရေးတလျောက် ကျဆုံးခဲ့ရတဲ့ပြည်သူတွေ၊ ဖမ်းဆီးအကျဥ်းချခံထားရသူတွေ၊ CDM ဝန်ထမ်းတွေ၊ ဘက်စုံထောင့်စုံကနေ တိုက်ပွဲဝင်နေကြတဲ့ပြည်သူတွေအားလုံးရဲ့ အောင်ပွဲပဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ အစုအဖွဲ့ပေါင်းစုံရဲ့ သဘောထား အမြင်တွေကို ကိုယ်စားပြု ထင်ဟပ်စေမယ့် ဒီမိုကရက်တစ် အုပ်ချုပ်မှု လမ်းစဉ်မျိုး ပေါ်ထွန်းလာနိုင်အောင် NUGက ကြိုးစားနေတဲ့အပေါ် အတိုင်ပင်ခံပုဂ္ဂိုလ်ရှိုလတ်က အသိအမှတ်ပြု ကြိုဆိုခဲ့ပါတယ်။

မေးမြန်းခန်း

ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကို ဗဟိုပြုနေတဲ့ ပထဝီဝင် နိုင်ငံရေး ရိုက်ခတ်မှုတွေ အကြောင်းကို ပြည့်ပြည့်စုံစုံ ပြောကြားခဲ့ပါတယ်။

သတင်း

စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ အမ်း မြို့နယ်များအတွင်း၌ စစ်ကောင်စီ၏ ခုခံစစ်နှင့် ခွာစစ်များကို တွေ့နေရကြောင်းလည်း AAကအသိ​ပေးသည်။

သတင်း

မြန်မာပြည်သူများက​ စစ်အာဏာရှင်စနစ်ကို ခုခံတော်လှန်နေခြင်းသည် အိမ်နီးချင်းနိုင်ငံများအတွက်သာမက မည်သည့် နိုင်ငံ၏ အကျိုးစီးပွားကိုမျှ ထိပါးစေမည် မဟုတ်သော်လည်း တရားမဝင် စစ်အာဏာသိမ်းမှုကြောင့်မူ ဒေသအတွင်းသို့ စိုးရိမ်ဖွယ်ကောင်းသော အကျိုးသက်ရောက်မှုများ ဖိတ်စင်နေပြီဖြစ်ကြောင်း သံအမတ်ကြီးက အသိပေးသည်။