Connect with us

Hi, what are you looking for?

ဗီဒီယို

အသံတိတ်သပိတ်ဆင်နွှဲကြလို့ ရှင်းလင်းနေတဲ့ လမ်းပေါ် စစ်ကား ၂ စီး အချင်းချင်းတိုက်မိ

တိုက်မိတဲ့အရှိန်ကြောင့် ဟိုင်းလပ်ကားဟာ လည်ထွက်သွားပြီး ကားပေါ်ကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပြုတ်ကျသွားတာပါ။

ပြည်သူတွေ လမ်းပေါ်မထွက်ကြဘဲ အသံတိတ်သပိတ် ဆင်နွှဲကြတဲ့ဒီနေ့မှာ မန္တလေး မှာ စစ်ကား ၂ စီး အချင်းချင်းတိုက်မိကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာ ရသွားတယ်လို့သိရပါတယ်။

စီစီတီဗီမှတ်တမ်းတွေအရ ချမ်းအေးသာစံမြို့နယ် ၃၅ လမ်းနဲ့ ၇၈ လမ်းအရောက်မှာ မြောက်ကနေ တောင်ဘက်ကိုမောင်းလာတဲ့ ကားကြီးနဲ့ အနောက်ဘက်ကနေ အရှေ့ကို မောင်းလာတဲ့ ဟိုင်းလပ်အမျိုးအစားစစ်ကား တို့ဖြတ်တိုက်ကြတာတွေ့ရပါတယ်။

တိုက်မိတဲ့အရှိန်ကြောင့် ဟိုင်းလပ်ကားဟာ လည်ထွက်သွားပြီး ကားပေါ်ကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပြုတ်ကျသွားတာပါ။

လူမှုကွန်ရက်မှာတက်လာတဲ့ ဓာတ်ပုံ မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး လမ်းပေါ်မှာ လဲကျနေတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဒီလိုတိုက်မိချိန်ဟာ လမ်းပေါ်မှာ ယာဉ်သွားယာဉ်လာ လုံးဝမရှိဘဲ ရှင်းလင်းနေတဲ့အချိန်လည်းဖြစ်ပါတယ်။

ဒီနေ့ အသံတိတ်သပိတ်ကို ဆင်နွှဲရာမှာပါဝင်တဲ့မန္တလေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အရပ်ဝတ်နဲ့ကင်းပုန်းဝပ်ကြသလို စစ်ကားတွေနဲ့လည်း ကင်းလှည့်တာတွေလုပ်ခဲ့ကြတာပါ။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ဘက်ကို အာဏာသိမ်းစစ်တပ်ဘက်က စစ်အင်အားတွေဖြည့်တင်းနေသလို ပြည်နယ်နေရာအများအပြားကို စစ်ကြောင်းထိုးနေလို့ စစ်ရေးတင်းမာနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သတင်း

ဟားခါးမြို့နယ်အတွင်း စစ်တပ်ရွေးကောက်ပွဲဝင်ပြိုင်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင်အဖြစ် သိမ်းဆည်း

သတင်း

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ အသံတိတ်သပိတ်မှာပူးပေါင်းပါဝင်ဖို့နဲ့ ရွေးကောက်ပွဲ လက်မခံဖို့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ချောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ ဝေါမြို့နယ် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ ညောင်ခါးရှည်စစ်ဆေးရေးဂိတ်တွင် စစ်ကားတစ်စီးက တန်းစီနေသည့်ကားများဝင်တိုက်မှု ယနေ့ (မတ်လ ၃၁) နံနက်က ဖြစ်ပွားခဲ့သည်။