Connect with us

Hi, what are you looking for?

ဗီဒီယို

အမေရိကန်မှာ တစ်နေ့တည်းနဲ့ ကိုဗစ်လူနာသစ် ငါးသိန်းနီးပါးတိုးလာ

အမေရိကန်က ပြည်နယ် ၁၅ ခုမှာ နေ့အလိုက် ကူးစက်နှုန်း စံချိန်သစ်တွေ အသီးသီး တင်ခဲ့ကြပါတယ်။ အမေရိကန်မှာ ကူးစက်နှုန်း အရမ်းမြန်တဲ့ Omicronမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ရာကနေ နေ့အလိုက် လူနာသစ် တိုးပွားနှုန်းလည်း မတန်တဆ မြင့်တက်လာတာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံမှာ ပထမဆုံး အကြိမ်အဖြစ် တစ်နေ့တည်းနဲ့တင် ကိုဗစ်ရောဂါ ကူးစက်လူနာ ငါးသိန်းနီးပါး တိုးပွားတဲ့ အခြေအနေနဲ့ ကြုံခဲ့ရပါတယ်။

ဒါဟာ ကပ်ရောဂါ စတင်လာတဲ့ ကာလအတွင်း ဘယ်နိုင်ငံမှာမှ မကြုံဖူးတဲ့ တစ်နေ့တာ ကူးစက်နှုန်း စံချိန်သစ်လည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း အမေရိကန်မှာ ကိုဗစ် ဖြစ်ပွားနေကြောင်း ဆေးစစ်တွေ့ရှိတဲ့ အတည်ပြုလူနာ ဦးရေ လေးသိန်းရှစ်သောင်း ခြောက်ထောင်ကျော် တိုးလာတယ်လို့ ရောဂါထိန်းချုပ်တားဆီးရေး ဌာန (CDC)က ထုတ်ပြန်ပါတယ်။

အမေရိကန်က ပြည်နယ် ၁၅ ခုမှာ နေ့အလိုက် ကူးစက်နှုန်း စံချိန်သစ်တွေ အသီးသီး တင်ခဲ့ကြပါတယ်။ အမေရိကန်မှာ ကူးစက်နှုန်း အရမ်းမြန်တဲ့ Omicronမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ရာကနေ နေ့အလိုက် လူနာသစ် တိုးပွားနှုန်းလည်း မတန်တဆ မြင့်တက်လာတာ ဖြစ်ပါတယ်။

သုတေသီတွေကတော့ အမေရိကန်မှာ ပျမ်းမျှအနေနဲ့ တစ်စက္ကန့်ကြာတိုင်း လူ ၃ ဦးလောက် ဆေးစစ်ရလဒ် Positive ဖြစ်နေလိမ့်မယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။ ဒါဟာ CDCရဲ့ အချက်အလက်တွေကို အခြေပြုထားတဲ့ သုံးသပ်ချက်ပါ။ နယူးယောက်မှာဆိုရင် ဒီဇင်ဘာ ၂၉ ရက်က နေ့အလိုက် ကူးစက်လူနာသစ် တိုးပွားမှုက ၁၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်မှာ ကိုဗစ်ကြောင့် ဆေးရုံတက်ရသူ အရေအတွက်ကလည်း စက်တင်ဘာလနောက်ပိုင်း အမြင့်ဆုံး ပြန်ဖြစ်လာပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆေးရုံရောက်နေသူ ရှစ်သောင်းကျော် ရှိပါတယ်။ လက်ရှိ နှုန်းအတိုင်း ဆက်သွားနေရင် လာမယ့် သီတင်း သုံးပတ်အတွင်း အမေရိကန် နိုင်ငံသား လေးသောင်း နှစ်ထောင်လောက် ကိုဗစ်ရောဂါနဲ့ သေဆုံးနိုင်တယ်လို့ CDCက ခန့်မှန်းထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။