Connect with us

Hi, what are you looking for?

ဗီဒီယို

အမေရိကန်မှာ တစ်နေ့တည်းနဲ့ ကိုဗစ်လူနာသစ် တစ်သန်းကျော် တိုးလာ

အမေရိကန် ပြင်ပမှာ နေ့အလိုက် ကူးစက်နှုန်း အမြင့်ဆုံး စံချိန် တင်ခဲ့ဖူးတာက အိန္ဒိယမှာပါ။ မေလ ၇ ရက်က Deltaမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ အားအကောင်းဆုံး ဖြစ်နေချိန် အိန္ဒိယမှာ တစ်နေ့တည်းနဲ့ ကိုဗစ်လူနာသစ် ၄ သိန်း ၁ သောင်းကျော် တိုးပွားခဲ့ဖူးပါတယ်။

အမေရိကန် နိုင်ငံမှာ တစ်နေ့တည်းနဲ့တင် ကိုဗစ်ရောဂါ ကူးစက် လူနာသစ် တစ်သန်းကျော် တိုးပွားခဲ့ကြောင်း သိရပါတယ်။

ဂျွန်ဟော့ပ်ကင်းစ် တက္ကသိုလ်က ထုတ်ပြန်တဲ့ အချက်အလက်တွေမှာ ဇန်နဝါရီ ၃ ရက်က ၂၄ နာရီအတွင်း ကိုဗစ် လူနာသစ် တစ်သန်းကျော် တိုးပွားခဲ့ကြောင်း ဖော်ပြ ပါရှိပါတယ်။ ၂၀၁၉ နှစ်ကုန်ပိုင်းက အစပြုခဲ့တဲ့ ကပ်ရောဂါ ကာလနောက်ပိုင်း ဘယ်နိုင်ငံမှ နေ့အလိုက် ကူးစက်နှုန်း သန်းဂဏန်းထိ များပြားတာမျိုး အရင်က မကြုံခဲ့ဖူးသေးပါဘူး။

ကူးစက်နှုန်း မြန်ဆန်တဲ့ Omicronမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုတွေနဲ့အတူ အမေရိကန်ရဲ့ နေ့အလိုက် ကူးစက်လူနာ ဦးရေက တစ်နေ့ချင်းစီ အရှိန်အဟုန်နဲ့ တိုးပွားလာနေပါတယ်။ လွန်ခဲ့တဲ့ ၄ ရက်က တစ်နေ့တည်းနဲ့ လူနာသစ် ၆ သိန်းနီးပါး တိုးလာပြီး စံချိန်သစ် ဖြစ်ခဲ့ဖူးရာက အခုလို နေ့အလိုက် ကူးစက်နှုန်း တစ်သန်းကျော်ထိ ဖြစ်လာခဲ့တာပါ။

အမေရိကန် ပြင်ပမှာ နေ့အလိုက် ကူးစက်နှုန်း အမြင့်ဆုံး စံချိန် တင်ခဲ့ဖူးတာက အိန္ဒိယမှာပါ။ မေလ ၇ ရက်က Deltaမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ အားအကောင်းဆုံး ဖြစ်နေချိန် အိန္ဒိယမှာ တစ်နေ့တည်းနဲ့ ကိုဗစ်လူနာသစ် ၄ သိန်း ၁ သောင်းကျော် တိုးပွားခဲ့ဖူးပါတယ်။

Public Service Announcement

Public Service Announcement

Omicronဟာ ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ Sars-Cov-2 ကိုရိုနာ ဗိုင်းရပ်စ်ရဲ့ မျိုးကွဲ အားလုံးထဲမှာ ကူးစက်နှုန်း အမြန်ဆုံးအဖြစ် ပညာရှင်တွေက လက်ခံထားပါတယ်။ Omicronကြောင့် ရောဂါလက္ခဏာ ပြင်းထန်သူ အချိုးအစားက တခြား ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတွေနဲ့ ယှဉ်ရင် နည်းပါးပေမယ့် လူနာဦးရေ အရမ်းများလာတဲ့ အခါမှာတော့ တချို့နိုင်ငံတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်တွေ အကြီးအကျယ် ဖိအားဝင်သွားနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က သတိပေးထားပါတယ်။

အမေရိကန်မှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေ အရမ်းများနေပေမယ့် သေနှုန်းကတော့ တဟုန်ထိုး တက်လာတာမျိုး မတွေ့ရသေးပါဘူး။ Omicronကြောင့် အမေရိကန်မှာ လေကြောင်းခရီး သွားလာမှုတွေကို ကန့်သတ် ဆိုင်းငံ့တာမျိုးတွေ ရှိနေပြီး ကာကွယ်ဆေး Booster ထပ်ထိုးရေး ကိစ္စတွေလည်း အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန် သမ္မတရဲ့ ညွှန်ကြားချက်အရ မြန်မာ အပါအဝင်နိုင်ငံ​ပေါင်း ၂၃ ခုကို ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရာ၊ ဖြတ်သန်းသယ်ယူ ပို့ဆောင်ရာနိုင်ငံတွေအဖြစ်သတ်မှတ်ကြောင်းအမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကစက်တင်ဘာ ၁၅ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။

ဆောင်းပါး

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က မြန်မာနိုင်ငံကို ကမ္ဘာ့တရားမဝင် မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်ရာနှင့် သယ်ယူဖြန့်ဖြူးရာ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်လိုက်ကြောင်း အိမ်ဖြူတော်ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။