Connect with us

Hi, what are you looking for?

ဗီဒီယို

ဟေတီမှာ ဂျာနယ်လစ်နှစ်ယောက် မီးရှို့ အသတ်ခံရ

ဇန်နဝါရီ ၆ ရက်က မြို့တော် ပို့တ်အူပရင့်စ်က ပက်တီယန်ဗယ်လီ ရပ်ကွက်မှာ ဒုစရိုက်ဂိုဏ်း တစ်ခုက ဂျာနယ်လစ်တွေကို သတ်ဖြတ်ခဲ့တာလို့ လုံံခြုံရေး တပ်ဖွဲ့တွေနဲ့ နီးစပ်တဲ့ သတင်း ရင်းမြစ်တွေက ပြောပါတယ်။

ဟေတီနိုင်ငံမှာ ဂျာနယ်လစ်နှစ်ဦး အရှင်လတ်လတ် မီးရှို့သတ် ခံခဲ့ရကြောင်း သိရှိရပါတယ်။

ဇန်နဝါရီ ၆ ရက်က မြို့တော် ပို့တ်အူပရင့်စ်က ပက်တီယန်ဗယ်လီ ရပ်ကွက်မှာ ဒုစရိုက်ဂိုဏ်း တစ်ခုက ဂျာနယ်လစ်တွေကို သတ်ဖြတ်ခဲ့တာလို့ လုံံခြုံရေး တပ်ဖွဲ့တွေနဲ့ နီးစပ်တဲ့ သတင်း ရင်းမြစ်တွေက ပြောပါတယ်။

တီမာကက်ခ်ဆိုတဲ့ ဒေသခံ ဒုစရိုက်ဂိုဏ်း တစ်ခုက ဘာကြောင့် ဂျာနယ်လစ်တွေကို ပစ်မှတ်ထားပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သလဲဆိုတဲ့ အကြောင်းရင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒီဖြစ်စဉ်မှာ တတိယမြောက် ဂျာနယ်လစ် တစ်ဦးကတော့ ထွက်ပြေး လွတ်မြောက်သွားခဲ့ပါတယ်။

ဟေတီ သတင်းဌာန တစ်ခုဖြစ်တဲ့ ရေဒီယို အက်ကော့တ်က အသတ်ခံရသူ တစ်ဦးဟာ သူတို့ရဲ့ ဝန်ထမ်း ဂျွန်ဝက်စ်လေ အမာဒီ ဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။ ပက်တီယန်ဗယ်လီ ရပ်ကွက်တဝိုက်မှာ ပြည်သူတွေ လုံခြုံမှု ကင်းမဲ့နေတဲ့အကြောင်း မှတ်တမ်း ဗီဒီယိုတစ်ခု ရိုက်ကူးနေချိန်မှာ အမာဒီကို ဒုစရိုက်ဂိုဏ်းသားတွေက ရန်ပြုခဲ့တာလို့ ရေဒီယို အက်ကော့တ်က ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

အမာဒီဟာ သေနတ်နဲ့ အပစ်ခံရပြီး ဒဏ်ရာရနေချိန်မှာ အရှင်လတ်လတ် မီးရှို့သတ်ခံရတာလို့ သတင်းဌာနက ပြောပါတယ်။ ဒီလို လူမဆန်ဘဲ ကြမ်းတမ်း ရက်စက်လွန်းတဲ့ အပြုအမူမျိုးကို ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့လည်း ရေဒီယို အက်ကော့တ်က ကြေညာခဲ့ပါတယ်။

ပို့တ်အူပရင့်စ်မှာ ပြိုင်ဘက် ဒုစရိုက်ဂိုဏ်း အချင်းချင်း ရန်ပြု တိုက်ခိုက်မှုတွေ၊ ပတ္တရောင် ရဲတွေကို တိုက်ခိုက်မှုတွေကြောင့် လုံခြုံရေး ယိုယွင်းမှုတွေ အထင်အရှား ဖြစ်ပေါ်နေပါတယ်။ ပြီးခဲ့တဲ့နှစ်၊ ဇူလိုင်လက ဟေတီ သမ္မတ ဂျိုဗီနဲလ် မွိုက်ဆေး လုပ်ကြံခံခဲ့ရပြီး ကတည်းက နိုင်ငံရဲ့ လုံခြုံရေး ကဏ္ဍဟာ ပိုမို အခြေအနေ ဆိုးရွားလာနေကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟေတီနိုင်ငံမှာ သမိုင်းဝင် ခံတပ်ဟောင်းကြီး တစ်ခုထဲ ဝင်ရောက် လည်ပတ်ရင်း ဝရုန်းသုန်းကား အခြေအနေတွေ ဖြစ်ပေါ်ရာက အနည်းဆုံး လူ ၃၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း ရွှေဘို-မြစ်ကြီးနားလမ်းကို ဖြတ်ပြီး ပြန်လာတဲ့ အရပ်သားပြည်သူ ၇ဦးကို ပျူစောထီးတွေ ပါဝင်တဲ့ စစ်အုပ်စုက လေးရက်ကြာ ဖမ်းဆီးနှိပ်စက်ပြီး မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ဆီက သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်က မြေအောက် ရထားတစ်စီးပေါ်မှာ အမျိုးသမီး တစ်ယောက်ကို မီးရှို့ သတ်ဖြတ်ခဲ့မှုအတွက် သံသယ တရားခံကို စွဲချက်တင်လိုက်ပါတယ်။

သတင်း

ဖမ်းဆီးရမိသော အောင်ကိုလတ်အား စစ်ဆေးမှုများပြုလုပ်ပြီးနောက် ပြစ်မှုပေါ်မူတည်၍ အရေးယူမှုများ ပြုလုပ်သွားမည်ဟုလည်း ၎င်းက ဆိုသည်။