Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

လူသားချင်း စာနာမှု အထောက်အပံ့တွေ ပေးပို့ခွင့်ပြုဖို့ စစ်ကောင်စီကို ကုလသမဂ္ဂ ဖိအားပေး

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်း ဟေဇာဟာ ဒီရည်မှန်းချက် အထမြောက်စေရေး ကုလသမဂ္ဂနဲ့ အာဆီယံတို့ကြား ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုမို မြှင့်တင်နိုင်အောင် တက်တက်ကြွကြွ လုပ်ဆောင်နေတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့တွေ အမြန်ဆုံး ပေးပို့ခွင့်ပြုဖို့ မြန်မာစစ်ကောင်စီကို ကုလသမဂ္ဂက ဖိအားပေး တောင်းဆိုလိုက်ပါတယ်။

မြန်မာ့ဒီမိုကရေစီ ဖော်ဆောင်ရေး လမ်းကြောင်းကို တလိမ့်ကောက်ကွေး နောက်ကြောင်းပြန် ကျဆင်းသွားစေခဲ့တဲ့ စစ်အာဏာသိမ်းမှု နှစ်ပတ်လည် ကာလမှာ ကုလသမဂ္ဂက ကြေညာချက်တစ်စောင် ထုတ်ပြန်ပြီး အထောက်အပံ့တွေ အရေးတကြီး လိုအပ်နေတဲ့ ပြည်သူတွေကို အကူအညီတွေ ပေးပို့နိုင်ရေး ဆော်ဩခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်း ဟေဇာဟာ ဒီရည်မှန်းချက် အထမြောက်စေရေး ကုလသမဂ္ဂနဲ့ အာဆီယံတို့ကြား ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုမို မြှင့်တင်နိုင်အောင် တက်တက်ကြွကြွ လုပ်ဆောင်နေတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ ဒေသအသီးသီးမှာ အခြေအနေ ဆိုးရွားပြီး အကူအညီတွေ လိုအပ်နေတဲ့ ပြည်သူတွေ အများအပြား ရှိနေပြီး သူတို့အတွက် အရေးပေါ် တုံ့ပြန်မှုတွေ လိုအပ်ကြောင်း၊ မြေပြင်မှာ ထောက်ပံ့ရေး ပစ္စည်းတွေ ပို့ဆောင်ရေးက ကုလသမဂ္ဂနဲ့ လက်တွဲဖော် အဖွဲ့အစည်းတွေ အရေးတကြီး လုပ်ဆောင်ရမယ့် ကိစ္စဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဖာရန်ဟက်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံက လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ ဆက်စပ် နိုင်ငံရေး အင်အားစုတွေ အားလုံးဟာ ပြည်သူတွေရဲ့ အခြေခံ လွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးတွေကို လေးစား လိုက်နာကြဖို့လည်း ကုလသမဂ္ဂက တိုက်တွန်းခဲ့ပါတယ်။ CNA သတင်းဌာနက ကုလသမဂ္ဂ ကြေညာချက်နဲ့ ပတ်သက်လို့ အာဏာသိမ်း မြန်မာစစ်ကောင်စီကို သဘောထား မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ဘူးလို့ ဆိုပါတယ်။

အစောပိုင်းမှာ မြန်မာ စစ်ကောင်စီက နိုင်ငံတကာ ဖိအားပေးမှုတွေကို လိုက်လျော အညံ့ခံမှာ မဟုတ်ကြောင်း တင်းတင်းမာမာ တုံ့ပြန်ဖူးပြီး ကုလသမဂ္ဂက ခန့်အပ်တဲ့ အထူး ကိုယ်စားလှယ်တွေဟာလည်း ဘက်လိုက်မှုတွေ ရှိနေတယ်လို့ စွပ်စွဲထားပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာစစ်တပ်ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှာ ဒီမိုကရေစီ အစိုးရကို လက်နက်အားကိုးနဲ့ ဖြုတ်ချပြီး အာဏာသိမ်းယူခဲ့ပါတယ်။ ဒီလို တရားမဝင် အာဏာသိမ်းမှုအပြီး တစ်နှစ်အတွင်း စစ်တပ်ရဲ့ နိုင်ထက်စီးနင်း ပြုမှုတွေကြောင့် နိုင်ငံရေးသမားတွေ၊ ဂျာနယ်လစ်တွေ၊ ဒီမိုကရေစီရေး ဆန္ဒပြသူတွေ အပါအဝင် လူတန်းစား အလွှာစုံက အပြစ်မဲ့ပြည်သူ ၁၅၀၀ ဝန်းကျင်လောက် သေဆုံးခဲ့ပြီး သောင်းဂဏန်းလောက် ဖမ်းဆီးခံခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။