Connect with us

Hi, what are you looking for?

ဗီဒီယို

လူသားချင်း စာနာမှု အထောက်အပံ့တွေ ပေးပို့ခွင့်ပြုဖို့ စစ်ကောင်စီကို ကုလသမဂ္ဂ ဖိအားပေး

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်း ဟေဇာဟာ ဒီရည်မှန်းချက် အထမြောက်စေရေး ကုလသမဂ္ဂနဲ့ အာဆီယံတို့ကြား ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုမို မြှင့်တင်နိုင်အောင် တက်တက်ကြွကြွ လုပ်ဆောင်နေတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့တွေ အမြန်ဆုံး ပေးပို့ခွင့်ပြုဖို့ မြန်မာစစ်ကောင်စီကို ကုလသမဂ္ဂက ဖိအားပေး တောင်းဆိုလိုက်ပါတယ်။

မြန်မာ့ဒီမိုကရေစီ ဖော်ဆောင်ရေး လမ်းကြောင်းကို တလိမ့်ကောက်ကွေး နောက်ကြောင်းပြန် ကျဆင်းသွားစေခဲ့တဲ့ စစ်အာဏာသိမ်းမှု နှစ်ပတ်လည် ကာလမှာ ကုလသမဂ္ဂက ကြေညာချက်တစ်စောင် ထုတ်ပြန်ပြီး အထောက်အပံ့တွေ အရေးတကြီး လိုအပ်နေတဲ့ ပြည်သူတွေကို အကူအညီတွေ ပေးပို့နိုင်ရေး ဆော်ဩခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်း ဟေဇာဟာ ဒီရည်မှန်းချက် အထမြောက်စေရေး ကုလသမဂ္ဂနဲ့ အာဆီယံတို့ကြား ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုမို မြှင့်တင်နိုင်အောင် တက်တက်ကြွကြွ လုပ်ဆောင်နေတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ ဒေသအသီးသီးမှာ အခြေအနေ ဆိုးရွားပြီး အကူအညီတွေ လိုအပ်နေတဲ့ ပြည်သူတွေ အများအပြား ရှိနေပြီး သူတို့အတွက် အရေးပေါ် တုံ့ပြန်မှုတွေ လိုအပ်ကြောင်း၊ မြေပြင်မှာ ထောက်ပံ့ရေး ပစ္စည်းတွေ ပို့ဆောင်ရေးက ကုလသမဂ္ဂနဲ့ လက်တွဲဖော် အဖွဲ့အစည်းတွေ အရေးတကြီး လုပ်ဆောင်ရမယ့် ကိစ္စဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဖာရန်ဟက်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံက လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ ဆက်စပ် နိုင်ငံရေး အင်အားစုတွေ အားလုံးဟာ ပြည်သူတွေရဲ့ အခြေခံ လွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးတွေကို လေးစား လိုက်နာကြဖို့လည်း ကုလသမဂ္ဂက တိုက်တွန်းခဲ့ပါတယ်။ CNA သတင်းဌာနက ကုလသမဂ္ဂ ကြေညာချက်နဲ့ ပတ်သက်လို့ အာဏာသိမ်း မြန်မာစစ်ကောင်စီကို သဘောထား မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ဘူးလို့ ဆိုပါတယ်။

အစောပိုင်းမှာ မြန်မာ စစ်ကောင်စီက နိုင်ငံတကာ ဖိအားပေးမှုတွေကို လိုက်လျော အညံ့ခံမှာ မဟုတ်ကြောင်း တင်းတင်းမာမာ တုံ့ပြန်ဖူးပြီး ကုလသမဂ္ဂက ခန့်အပ်တဲ့ အထူး ကိုယ်စားလှယ်တွေဟာလည်း ဘက်လိုက်မှုတွေ ရှိနေတယ်လို့ စွပ်စွဲထားပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာစစ်တပ်ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှာ ဒီမိုကရေစီ အစိုးရကို လက်နက်အားကိုးနဲ့ ဖြုတ်ချပြီး အာဏာသိမ်းယူခဲ့ပါတယ်။ ဒီလို တရားမဝင် အာဏာသိမ်းမှုအပြီး တစ်နှစ်အတွင်း စစ်တပ်ရဲ့ နိုင်ထက်စီးနင်း ပြုမှုတွေကြောင့် နိုင်ငံရေးသမားတွေ၊ ဂျာနယ်လစ်တွေ၊ ဒီမိုကရေစီရေး ဆန္ဒပြသူတွေ အပါအဝင် လူတန်းစား အလွှာစုံက အပြစ်မဲ့ပြည်သူ ၁၅၀၀ ဝန်းကျင်လောက် သေဆုံးခဲ့ပြီး သောင်းဂဏန်းလောက် ဖမ်းဆီးခံခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာပြည်သူတွေကိုယ်စား ဆက်လက်အသိအမှတ်ပြုခန့်အပ်ထားပေးဖို့ တောင်းဆိုဆန္ဒပြပွဲကို စက်တင်ဘာ ၁၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂ (UN)မှာ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ သံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်း ဆက်လက် ကိုယ်စားပြုခွင့်ရရှိရေးအတွက် ​ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ပါလီမန်အဆောက်အအုံရှေ့မှာ ပြည်ပရောက် မြန်မာတွေက ဒီကနေ့ (စက်တင်ဘာ ၁၂) ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဘူဖျောင်းမြို့မှာ ပြည်ပရောက် မြန်မာတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ဆက်လက်ထားရှိနိုင်ဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုကို ​စက်တင်ဘာ ၆ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိဖို့ CDM နိုင်ငံ့ဝန်ထမ်းများကွန်ရက် အဖွဲ့အစည်းတွေက တောင်းဆိုပါတယ်။