Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

တရုတ် လေယာဉ် ပျက်ကျမှု အသက်ရှင် ကျန်ရစ်သူ မတွေ့

တရုတ်သမ္မတ ရှီကျင့်ဖျင်က ကယ်ဆယ်ရေးနဲ့ ရှာဖွေရေး လုပ်ငန်းစဉ်တွေမှာ အစွမ်းကုန် အားထုတ် ဆောင်ရွက်ဖို့ အာဏာပိုင်တွေကို ညွှန်ကြားထားပြီး လေယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကို ပွင့်လင်းမြင်သာမှုရှိရှိ စစ်ဆေး ဖော်ထုတ်ဖို့လည်း အမိန့်ပေးထားပါတယ်။

တရုတ်နိုင်ငံမှာ ပျက်ကျခဲ့တဲ့ ခရီးသည်တင် လေယာဉ်ကနေ အသက်ရှင် ကျန်ရစ်သူ တစ်ယောက်မှ ရှာမတွေ့ကြောင်း ကယ်ဆယ်ရေး အဖွဲ့တွေက ပြောကြားခဲ့ပါတယ်။

Eastern China လေကြောင်းလိုင်းရဲ့ ခရီးသည်တင် လေယာဉ်ဟာ မတ်လ ၂၁ ရက်က နိုင်ငံတောင်ပိုင်း၊ ယူဇူးမြို့က တောင်စောင်း တစ်နေရာကို ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ လေယာဉ် ပျက်ကျခဲ့တဲ့ နေရာတဝိုက်က သစ်တော ဧရိယာတွေကို မီးစွဲလောင်ခဲ့တာကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အခက်အခဲတွေ ရှိခဲ့ပါတယ်။

အခုအခါ ကယ်ဆယ်ရေး အဖွဲ့တွေဟာ လေယာဉ် ပျက်ကျတဲ့ နေရာကို ရောက်ရှိနေပြီဖြစ်ပြီး လေယာဉ် အစိတ်အပိုင်းတွေက ပြန့်ကျဲနေတယ်လို့ CCTV သတင်းဌာနက ဖော်ပြပါတယ်။ လေယာဉ် ပျက်ကျပြီး ၁၈ နာရီလောက် အကြာမှာ ကယ်ဆယ်ရေးတွေဟာ လေယာဉ် ကိုယ်ထည် အပျက်အစီးတွေဆီ သေချာချဉ်းကပ် ရှာဖွေနိုင်ခဲ့ပြီး အသက်ရှင် ကျန်ရစ်သူ မတွေ့ဘူးလို့ သိရပါတယ်။

Boeing 737-800 အမျိုးအစား လေယာဉ်ဟာ ကူမင်းကနေ ဂွမ်ဇူးကို ပျံသန်းနေရင်း လေကြောင်း ထိန်းသိမ်းရေး မျှော်စင်နဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့တာပါ။ လေယာဉ် ပျက်ကျလို့ မီးအပြင်းအထန် လောင်ကျွမ်းခဲ့သလို တောင်စောင်းမှာ ချိုင့်အကြီးကြီး ဖြစ်သွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တရုတ်ရဲ့ ခရီးသည်တင် လေကြောင်း ပို့ဆောင်ရေး ကဏ္ဍဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ် တစ်ခုလောက် အသေအပျောက် မရှိတဲ့ စံချိန်ကောင်းကို ပိုင်ဆိုင်ခဲ့ပြီးမှ အခုလို အဖြစ်ဆိုးနဲ့ ကြုံခဲ့တာပါ။ လေယာဉ်ပေါ်မှာ ခရီးသည် ၁၂၃ ဦးနဲ့ အမှုထမ်း ၉ ဦး လိုက်ပါသွားတယ်လို့ လေကြောင်းလိုင်းက ထုတ်ပြန်ပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်က ကယ်ဆယ်ရေးနဲ့ ရှာဖွေရေး လုပ်ငန်းစဉ်တွေမှာ အစွမ်းကုန် အားထုတ် ဆောင်ရွက်ဖို့ အာဏာပိုင်တွေကို ညွှန်ကြားထားပြီး လေယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကို ပွင့်လင်းမြင်သာမှုရှိရှိ စစ်ဆေး ဖော်ထုတ်ဖို့လည်း အမိန့်ပေးထားပါတယ်။

တရုတ်မှာ ခရီးသည်တင် လေယာဉ် ပျက်ကျလို့ လူ့အသက်တွေ ဆုံးရှုံးဖူးတာ ၂၀၁၀ ပြည့်နှစ်၊ ဩဂုတ်လမှာ နောက်ဆုံးဖြစ်ပြီး ဟီနန်လေကြောင်းလိုင်းရဲ့ လေယာဉ် ပြေးလမ်းချော်မှုကြောင့် လိုက်ပါလာသူ ၉၆ ဦးမှာ ၄၄ ဦး သေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျတို့ ပါဝင်တဲ့ AUKUSဟာ ဩစတြေးလျ ရေတပ်ကို မဟာမိတ် နှစ်နိုင်ငံက ပူးပေါင်းပြီး နည်းပညာပိုင်း အဆင့်မြှင့်ပေးဖို့၊ ဒေသတွင်းမှာ တရုတ် လွှမ်းမိုးမှုကို တန်ပြန်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဒီဖြစ်ရပ်ရဲ့ အဓိက အကြောင်းတရား နှစ်ခုက မြေအောက်ရေတွေ အလွန်အကျွံ ထုတ်ယူ အသုံးပြုမှုကြောင့် မြေသားတောင့်ခံနိုင်မှု အားနည်းလာခြင်းနဲ့ အဆောက်အအုံတွေ ဆောက်လုပ်တဲ့ ထုထည် ပိုမိုကြီးမား လေးလံလာခြင်းတွေ ဖြစ်တယ်လို့ ပညာရှင်တွေက သုံးသပ်ထားပါတယ်။

သတင်း

KIA က ဖက်ဆစ်​တော်လှန်​ရေး​နေ့(မတ် ၂၇) တွင် ဗန်းမော်-လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်း ၇ခုကို စတင်ထိုးစစ်ဆင်ခဲ့ပြီး မတ် ၂၇ ရက်မှာ ဘန်​ရောင်၊ ရှန်တိုင်း ၊ လော့ဒန် စစ်တပ်စခန်း​များကိုသိမ်းပိုက်ခဲ့သည်။

နိုင်ငံတကာ

ဘာလိုချီစတန်က ဆိပ်ကမ်း တိုက်ခိုက်မှုမှာတော့ ပါကစ္စတန် အခြေစိုက် BLA ခွဲထွက်ရေး ပြောက်ကျားတွေက ကျူးလွန်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုတွေအတွင်း BLA တပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့ပါတယ်။