Connect with us

Hi, what are you looking for?

ဗီဒီယို

တရုတ် လေယာဉ် ပျက်ကျမှု အသက်ရှင် ကျန်ရစ်သူ မတွေ့

တရုတ်သမ္မတ ရှီကျင့်ဖျင်က ကယ်ဆယ်ရေးနဲ့ ရှာဖွေရေး လုပ်ငန်းစဉ်တွေမှာ အစွမ်းကုန် အားထုတ် ဆောင်ရွက်ဖို့ အာဏာပိုင်တွေကို ညွှန်ကြားထားပြီး လေယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကို ပွင့်လင်းမြင်သာမှုရှိရှိ စစ်ဆေး ဖော်ထုတ်ဖို့လည်း အမိန့်ပေးထားပါတယ်။

တရုတ်နိုင်ငံမှာ ပျက်ကျခဲ့တဲ့ ခရီးသည်တင် လေယာဉ်ကနေ အသက်ရှင် ကျန်ရစ်သူ တစ်ယောက်မှ ရှာမတွေ့ကြောင်း ကယ်ဆယ်ရေး အဖွဲ့တွေက ပြောကြားခဲ့ပါတယ်။

Eastern China လေကြောင်းလိုင်းရဲ့ ခရီးသည်တင် လေယာဉ်ဟာ မတ်လ ၂၁ ရက်က နိုင်ငံတောင်ပိုင်း၊ ယူဇူးမြို့က တောင်စောင်း တစ်နေရာကို ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ လေယာဉ် ပျက်ကျခဲ့တဲ့ နေရာတဝိုက်က သစ်တော ဧရိယာတွေကို မီးစွဲလောင်ခဲ့တာကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အခက်အခဲတွေ ရှိခဲ့ပါတယ်။

အခုအခါ ကယ်ဆယ်ရေး အဖွဲ့တွေဟာ လေယာဉ် ပျက်ကျတဲ့ နေရာကို ရောက်ရှိနေပြီဖြစ်ပြီး လေယာဉ် အစိတ်အပိုင်းတွေက ပြန့်ကျဲနေတယ်လို့ CCTV သတင်းဌာနက ဖော်ပြပါတယ်။ လေယာဉ် ပျက်ကျပြီး ၁၈ နာရီလောက် အကြာမှာ ကယ်ဆယ်ရေးတွေဟာ လေယာဉ် ကိုယ်ထည် အပျက်အစီးတွေဆီ သေချာချဉ်းကပ် ရှာဖွေနိုင်ခဲ့ပြီး အသက်ရှင် ကျန်ရစ်သူ မတွေ့ဘူးလို့ သိရပါတယ်။

Boeing 737-800 အမျိုးအစား လေယာဉ်ဟာ ကူမင်းကနေ ဂွမ်ဇူးကို ပျံသန်းနေရင်း လေကြောင်း ထိန်းသိမ်းရေး မျှော်စင်နဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့တာပါ။ လေယာဉ် ပျက်ကျလို့ မီးအပြင်းအထန် လောင်ကျွမ်းခဲ့သလို တောင်စောင်းမှာ ချိုင့်အကြီးကြီး ဖြစ်သွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တရုတ်ရဲ့ ခရီးသည်တင် လေကြောင်း ပို့ဆောင်ရေး ကဏ္ဍဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ် တစ်ခုလောက် အသေအပျောက် မရှိတဲ့ စံချိန်ကောင်းကို ပိုင်ဆိုင်ခဲ့ပြီးမှ အခုလို အဖြစ်ဆိုးနဲ့ ကြုံခဲ့တာပါ။ လေယာဉ်ပေါ်မှာ ခရီးသည် ၁၂၃ ဦးနဲ့ အမှုထမ်း ၉ ဦး လိုက်ပါသွားတယ်လို့ လေကြောင်းလိုင်းက ထုတ်ပြန်ပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်က ကယ်ဆယ်ရေးနဲ့ ရှာဖွေရေး လုပ်ငန်းစဉ်တွေမှာ အစွမ်းကုန် အားထုတ် ဆောင်ရွက်ဖို့ အာဏာပိုင်တွေကို ညွှန်ကြားထားပြီး လေယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကို ပွင့်လင်းမြင်သာမှုရှိရှိ စစ်ဆေး ဖော်ထုတ်ဖို့လည်း အမိန့်ပေးထားပါတယ်။

တရုတ်မှာ ခရီးသည်တင် လေယာဉ် ပျက်ကျလို့ လူ့အသက်တွေ ဆုံးရှုံးဖူးတာ ၂၀၁၀ ပြည့်နှစ်၊ ဩဂုတ်လမှာ နောက်ဆုံးဖြစ်ပြီး ဟီနန်လေကြောင်းလိုင်းရဲ့ လေယာဉ် ပြေးလမ်းချော်မှုကြောင့် လိုက်ပါလာသူ ၉၆ ဦးမှာ ၄၄ ဦး သေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ မြေပြိုမှုအတွင်း သေဆုံးသူက ၅၀ ကျော်လာပြီဖြစ်ပြီး ၁၀ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်ရဲ့ ပခုံးထမ်း လေကြောင်းကာကွယ်ရေး ဒုံးကျည် စုစုပေါင်း ၄၀၀ လောက်ကို လာမယ့် သီတင်းပတ်တွေအတွင်း အီရန်က လက်ခံရရှိမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။