Connect with us

Hi, what are you looking for?

ဗီဒီယို

ပျက်ကျခဲ့တဲ့ လေယာဉ်ရဲ့ Black Boxတွေ ဆိုးဆိုးရွားရွား ထိခိုက်ထားတယ်လို့ တရုတ်ပြော

CAACက သူတို့ဟာ လေယာဉ် ပျက်ကျမှုနဲ့ ပတ်သက်လို့ ကနဦး လေ့လာ ဆန်းစစ်မှုတွေ ပြီးစီးခဲ့ပြီလို့ ဆိုပါတယ်။ အပြီးသတ် အစီရင်ခံစာ ထွက်ပေါ်လာတဲ့အထိ ဆိုရင်တော့ တစ်နှစ်လောက် အချိန်ကြာမြင့်ဖွယ် ရှိတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့လက ပျက်ကျခဲ့တဲ့ ခရီးသည်တင် လေယာဉ်ရဲ့ Black Boxတွေ ဆိုးဆိုးရွားရွား ထိခိုက် ပျက်စီးထားတာ စစ်ဆေး တွေ့ရှိခဲ့တယ်လို့ တရုတ် လေကြောင်း လုံခြုံရေး အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

မတ်လ ၂၁ ရက်က Eastern Chinaလေကြောင်းရဲ့ Boeing 737-800 အမျိုးအစား ခရီးသည်တင် လေယာဉ် ပျက်ကျပြီး လိုက်ပါသွားသူ ၁၃၂ ဦးစလုံး အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒါဟာ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း တရုတ်မှာ လူအသေအပျောက် ဖြစ်ရတဲ့ ပထမဆုံး လေကြောင်း မတော်တဆမှု အနေနဲ့ မှတ်တမ်း ဝင်လာခဲ့ပါတယ်။ အဲဒီ မတိုင်ခင်က တရုတ်ရဲ့ ခရီးသည်တင် လေကြောင်း ပို့ဆောင်မှု လုံခြုံရေး ကဏ္ဍဟာ အကောင်းဆုံး အနေအထားမျိုး ရှိခဲ့ပါတယ်။

လေယာဉ်ရဲ့ Black Boxတွေဖြစ်တဲ့ လေယာဉ်မှူးအခန်း အသံသွင်း ကိရိယာနဲ့ လေကြောင်း ပျံသန်းမှု မှတ်တမ်းတင် ကိရိယာတွေဟာ ပြန်လည်ရှာဖွေ တွေ့ရှိချိန်တုန်းက အတော်လေး အခြေအနေ ကောင်းတယ်လို့ တရုတ် လေကြောင်း စီမံခန့်ခွဲရေးဌာန (CAAC)က အစောပိုင်းမှာ ပြောကြားခဲ့ဖူးပါတယ်။ ဒီBlack Boxတွေက အချက်အလက်တွေကို ထုတ်ယူ စစ်ဆေးဖို့ အမေရိကန်နိုင်ငံ၊ ဝါရှင်တန် မြို့တော်ဆီ ပေးပို့မယ်လို့လည်း ဆိုပါတယ်။

အခုတော့ Black Boxတွေရဲ့ အခြေအနေက အချက်အလက်တွေ ရယူဖို့ အတော်လေး ခက်ခဲလောက်အောင် ပျက်စီးနေကြောင်း CAACက ပြောကြားလာတာ ဖြစ်ပါတယ်။ လေယာဉ်ဟာ မတ်လ ၂၁ ရက်က ကွမ်ရှီး ဒေသမှာရှိတဲ့ တောင်စောင်းနေရာ တစ်ခုဆီ ပျက်ကျသွားခဲ့တာပါ။

Public Service Announcement

Public Service Announcement

လေယာဉ် ပျက်ကျချိန်က ရာသီဥတု အခြေအနေ ကောင်းမွန်သလို လေယာဉ် အမှုထမ်းတွေ အားလုံးက အရည်အချင်း ပြည့်မီသူတွေ၊ လေယာဉ်ကိုလည်း ပုံမှန်ပြင်ဆင် ထိန်းသိမ်းမှုတွေ လုပ်ဆောင်ထားကြောင်း CACCက ဆိုပါတယ်။ ဒါပေမဲ့ လေယာဉ် ပျက်ကျမှုနဲ့ ပတ်သက်လို့ ကနဦး စုံစမ်း စစ်ဆေးမှု ရလဒ်တွေကိုတော့ ဘာမှ အသိပေး ထုတ်ပြန်တာမျိုး မရှိသေးဘဲ နှုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။

CAACက သူတို့ဟာ လေယာဉ် ပျက်ကျမှုနဲ့ ပတ်သက်လို့ ကနဦး လေ့လာ ဆန်းစစ်မှုတွေ ပြီးစီးခဲ့ပြီလို့ ဆိုပါတယ်။ အပြီးသတ် အစီရင်ခံစာ ထွက်ပေါ်လာတဲ့အထိ ဆိုရင်တော့ တစ်နှစ်လောက် အချိန်ကြာမြင့်ဖွယ် ရှိတယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သတင်း

မှော်ဘီမြို့နယ်မှာစစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့တာဟာ ​လေ့ကျင့်​ရေးပျံသန်းစဥ် ပျက်ကျတာမဟုတ်ဘဲဗုံးကြဲဖို့ ပျံသန်းစဥ် ပျက်ကျခဲ့တာဖြစ်ပြီး​လေယာဥ်​​​ပေါ်ပါတဲ့ စစ်သား၂ ဦးထဲမှတစ်ဦး​သေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်အချို့က​ပြောပါတယ်။