Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ပျက်ကျခဲ့တဲ့ လေယာဉ်ရဲ့ Black Boxတွေ ဆိုးဆိုးရွားရွား ထိခိုက်ထားတယ်လို့ တရုတ်ပြော

CAACက သူတို့ဟာ လေယာဉ် ပျက်ကျမှုနဲ့ ပတ်သက်လို့ ကနဦး လေ့လာ ဆန်းစစ်မှုတွေ ပြီးစီးခဲ့ပြီလို့ ဆိုပါတယ်။ အပြီးသတ် အစီရင်ခံစာ ထွက်ပေါ်လာတဲ့အထိ ဆိုရင်တော့ တစ်နှစ်လောက် အချိန်ကြာမြင့်ဖွယ် ရှိတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့လက ပျက်ကျခဲ့တဲ့ ခရီးသည်တင် လေယာဉ်ရဲ့ Black Boxတွေ ဆိုးဆိုးရွားရွား ထိခိုက် ပျက်စီးထားတာ စစ်ဆေး တွေ့ရှိခဲ့တယ်လို့ တရုတ် လေကြောင်း လုံခြုံရေး အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

မတ်လ ၂၁ ရက်က Eastern Chinaလေကြောင်းရဲ့ Boeing 737-800 အမျိုးအစား ခရီးသည်တင် လေယာဉ် ပျက်ကျပြီး လိုက်ပါသွားသူ ၁၃၂ ဦးစလုံး အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒါဟာ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း တရုတ်မှာ လူအသေအပျောက် ဖြစ်ရတဲ့ ပထမဆုံး လေကြောင်း မတော်တဆမှု အနေနဲ့ မှတ်တမ်း ဝင်လာခဲ့ပါတယ်။ အဲဒီ မတိုင်ခင်က တရုတ်ရဲ့ ခရီးသည်တင် လေကြောင်း ပို့ဆောင်မှု လုံခြုံရေး ကဏ္ဍဟာ အကောင်းဆုံး အနေအထားမျိုး ရှိခဲ့ပါတယ်။

လေယာဉ်ရဲ့ Black Boxတွေဖြစ်တဲ့ လေယာဉ်မှူးအခန်း အသံသွင်း ကိရိယာနဲ့ လေကြောင်း ပျံသန်းမှု မှတ်တမ်းတင် ကိရိယာတွေဟာ ပြန်လည်ရှာဖွေ တွေ့ရှိချိန်တုန်းက အတော်လေး အခြေအနေ ကောင်းတယ်လို့ တရုတ် လေကြောင်း စီမံခန့်ခွဲရေးဌာန (CAAC)က အစောပိုင်းမှာ ပြောကြားခဲ့ဖူးပါတယ်။ ဒီBlack Boxတွေက အချက်အလက်တွေကို ထုတ်ယူ စစ်ဆေးဖို့ အမေရိကန်နိုင်ငံ၊ ဝါရှင်တန် မြို့တော်ဆီ ပေးပို့မယ်လို့လည်း ဆိုပါတယ်။

အခုတော့ Black Boxတွေရဲ့ အခြေအနေက အချက်အလက်တွေ ရယူဖို့ အတော်လေး ခက်ခဲလောက်အောင် ပျက်စီးနေကြောင်း CAACက ပြောကြားလာတာ ဖြစ်ပါတယ်။ လေယာဉ်ဟာ မတ်လ ၂၁ ရက်က ကွမ်ရှီး ဒေသမှာရှိတဲ့ တောင်စောင်းနေရာ တစ်ခုဆီ ပျက်ကျသွားခဲ့တာပါ။

Public Service Announcement

Public Service Announcement

လေယာဉ် ပျက်ကျချိန်က ရာသီဥတု အခြေအနေ ကောင်းမွန်သလို လေယာဉ် အမှုထမ်းတွေ အားလုံးက အရည်အချင်း ပြည့်မီသူတွေ၊ လေယာဉ်ကိုလည်း ပုံမှန်ပြင်ဆင် ထိန်းသိမ်းမှုတွေ လုပ်ဆောင်ထားကြောင်း CACCက ဆိုပါတယ်။ ဒါပေမဲ့ လေယာဉ် ပျက်ကျမှုနဲ့ ပတ်သက်လို့ ကနဦး စုံစမ်း စစ်ဆေးမှု ရလဒ်တွေကိုတော့ ဘာမှ အသိပေး ထုတ်ပြန်တာမျိုး မရှိသေးဘဲ နှုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။

CAACက သူတို့ဟာ လေယာဉ် ပျက်ကျမှုနဲ့ ပတ်သက်လို့ ကနဦး လေ့လာ ဆန်းစစ်မှုတွေ ပြီးစီးခဲ့ပြီလို့ ဆိုပါတယ်။ အပြီးသတ် အစီရင်ခံစာ ထွက်ပေါ်လာတဲ့အထိ ဆိုရင်တော့ တစ်နှစ်လောက် အချိန်ကြာမြင့်ဖွယ် ရှိတယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

▪︎စောချစ်သူဟာ နယ်စပ်ဒေသမှာ တရုတ် ကျားဖြန့် ဒုစရိုက် ဂိုဏ်းခေါင်းဆောင်တွေကို ဧည့်ဝတ်ကျေကျေ လက်ခံထားတဲ့ ကရင်BGF ခေါင်းဆောင် သုံးဦးထဲမှာ အပါအဝင် ဖြစ်ပါတယ်။ People’s Spring တရုတ်နိုင်ငံက ဒုစရိုက်ဂိုဏ်းတွေ အရှေ့တောင်အာရှကို ခြေဆန့်လာတဲ့အခါ မြန်မာနိုင်ငံဟာ ဦးစားပေး ရွေးချယ်ခံရတဲ့ အခြေစိုက် နယ်မြေတစ်ခုလိုမျိုး...

နိုင်ငံတကာ

အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျတို့ ပါဝင်တဲ့ AUKUSဟာ ဩစတြေးလျ ရေတပ်ကို မဟာမိတ် နှစ်နိုင်ငံက ပူးပေါင်းပြီး နည်းပညာပိုင်း အဆင့်မြှင့်ပေးဖို့၊ ဒေသတွင်းမှာ တရုတ် လွှမ်းမိုးမှုကို တန်ပြန်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဒီဖြစ်ရပ်ရဲ့ အဓိက အကြောင်းတရား နှစ်ခုက မြေအောက်ရေတွေ အလွန်အကျွံ ထုတ်ယူ အသုံးပြုမှုကြောင့် မြေသားတောင့်ခံနိုင်မှု အားနည်းလာခြင်းနဲ့ အဆောက်အအုံတွေ ဆောက်လုပ်တဲ့ ထုထည် ပိုမိုကြီးမား လေးလံလာခြင်းတွေ ဖြစ်တယ်လို့ ပညာရှင်တွေက သုံးသပ်ထားပါတယ်။

သတင်း

KIA က ဖက်ဆစ်​တော်လှန်​ရေး​နေ့(မတ် ၂၇) တွင် ဗန်းမော်-လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်း ၇ခုကို စတင်ထိုးစစ်ဆင်ခဲ့ပြီး မတ် ၂၇ ရက်မှာ ဘန်​ရောင်၊ ရှန်တိုင်း ၊ လော့ဒန် စစ်တပ်စခန်း​များကိုသိမ်းပိုက်ခဲ့သည်။