Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ယူအေအီးကို ခေတ်သစ် စီးပွားရေး အင်ပါယာတစ်ခု ဖြစ်လာစေသူ ရှိတ်ခ် ခါလီဖာ ကွယ်လွန်

ရှိတ်ခ် ခါလီဖာ ကွယ်လွန်မှုအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် အနေနဲ့ ယူအေအီး တစ်နိုင်ငံလုံးနဲ့ နိုင်ငံတကာ သံရုံးတွေမှာ ယူအေအီး အလံကို တိုင်တစ်ဝက်ချပြီး လွှင့်ထူထားစေမှာ ဖြစ်ပါတယ်။ ပြီးတော့ ဝန်ကြီးဌာနတွေနဲ့ တခြား အစိုးရဆိုင်ရာ အဖွဲ့အစည်းတွေကိုလည်း ၃ ရက်ကြာ အလုပ်ရပ်နားထားစေမယ်လို့ သိရပါတယ်။

အာရပ် စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)ကို ဒေသတွင်း အင်အားကြီး နိုင်ငံတစ်ခု ဖြစ်လာအောင် ဦးဆောင်ပေးခဲ့တဲ့ စော်ဘွားကြီး ရှိတ်ခ် ခါလီဖာ ဘင်ဇာယက်ဒ် အယ်လ် နာဟွန်ဟာ အသက် ၇၃ နှစ် အရွယ်မှာ ကွယ်လွန်သွားကြောင်း သိရပါတယ်။

ယူအေအီး နိုင်ငံရဲ့ သမ္မတလည်းဖြစ်တဲ့ ရှိတ်ခ် ခါလီဖာဟာ ယူအေအီးကို ခေတ်သစ် စီးပွားရေး အင်အားစုကြီး တစ်ခုဖြစ်လာအောင် အဓိက ဦးဆောင်ပေးခဲ့တဲ့ ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။ သမ္မတရေးရာ ဝန်ကြီးဌာနက အာရပ်နိုင်ငံတွေနဲ့ တစ်ကမ္ဘာလုံးအတွက် ဝမ်းနည်းစရာ သတင်းအဖြစ် ရှိတ်ခ်ခါလီဖာ ကွယ်လွန်မှုကို အတည်ပြုကြောင်း မေလ ၁၃ ရက်က ကြေညာပါတယ်။

ရှိတ်ခ် ခါလီဖာ ကွယ်လွန်မှုအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် အနေနဲ့ ယူအေအီး တစ်နိုင်ငံလုံးနဲ့ နိုင်ငံတကာ သံရုံးတွေမှာ ယူအေအီး အလံကို တိုင်တစ်ဝက်ချပြီး လွှင့်ထူထားစေမှာ ဖြစ်ပါတယ်။ ပြီးတော့ ဝန်ကြီးဌာနတွေနဲ့ တခြား အစိုးရဆိုင်ရာ အဖွဲ့အစည်းတွေကိုလည်း ၃ ရက်ကြာ အလုပ်ရပ်နားထားစေမယ်လို့ သိရပါတယ်။

ရှိတ်ခ် ခါလီဖာဟာ နိုင်ငံရဲ့ သမ္မတအဖြစ် ဆက်ရှိနေပေမယ့် ၂၀၁၄ ခုနှစ်မှာ လေဖြတ်ဝေဒနာကြောင့် ခွဲစိတ်ကုသမှု ခံယူခဲ့ပြီး ကတည်းက နာမည်ခံ နိုင်ငံခေါင်းဆောင် သဘောမျိုးပဲ ဖြစ်ခဲ့ပါတယ်။ ဒီကာလတွေအတွင်း သူ့ရဲ့ ညီဖြစ်တဲ့ အဘူဒါဘီ အိမ်ရှေ့မင်းသား ရှိတ်ခ် မိုဟာမက် ဘင်ဇာယက်ဒ်ဟာ ပင်လယ်ကွေ့ ဒေသတွင်း နိုင်ငံရဲ့ အရေးကိစ္စတွေကို အဓိက ဦးဆောင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရှိတ်ခ် ခါလီဖာဟာ ၂၀၀၄ ခုနှစ်မှာ ယူအေအီးရဲ့ ဒုတိယမြောက် သမ္မတ ဖြစ်လာပြီး နိုင်ငံ ထူထောင်သူ ဖခင်ကြီး ရှိတ်ခ် ဇာယက်ဒ် အယ်လ် နာဟွန်ရဲ့ အရိုက်အရာကို ဆက်ခံခဲ့ပါတယ်။ သူဟာ ယူအေအီးကို ကမ္ဘာပေါ်မှာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ပမာဏ အများဆုံး နိုင်ငံကြီးတစ်ခု ဖြစ်လာအောင် ဦးဆောင်မှု ပေးခဲ့ပါတယ်။

သူဟာ ယူအေအီးကို အကြွေးနွံနစ်နေတဲ့ အာရပ်နိုင်ငံ တစ်ခုအဖြစ်ကနေ ဒေါ်လာ ဘီလီယံပေါင်းများစွာ ရင်းနှီး မြှုပ်နှံထားတဲ့ ခေတ်သစ် စီးပွားရေး အင်ပါယာတစ်ခု ဖြစ်လာအောင် အဓိက ကြိုးကိုင်ခဲ့တာ ဖြစ်ပါတယ်။ ယူအေအီး အစိုးရဟာ ကမ္ဘာ့ အမြင့်ဆုံး အဆောက်အအုံကြီးဖြစ်တဲ့ ဘာ့ဂျ် ခါလီဖာကို သူ့နာမည် မှည့်ခေါ် ဂုဏ်ပြုစေခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ရဲ့ GPDက ဒေါ်လာ ၂၅.၅ ထရီလီယံ ဝန်းကျင်နဲ့ တရုတ်ကတော့ ၁၈ ထရီလီယံ ဝန်းကျင်လောက်စီ အသီးသီး ရှိကြမယ်လို့လည်း စျေးကွက် လေ့လာသူတွေက ခန့်မှန်းထားကြပါတယ်။

နိုင်ငံတကာ

နာရေးသတင်းကို ကြားသိခဲ့တဲ့နောက် နိုင်ငံတကာ အစိုးရတွေက နမီးဘီးယား အစိုးရကိုရော၊ ကျန်ရစ်သူ မိသားစုကိုပါ ဝမ်းနည်း ကြေကွဲကြောင်း သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။

နိုင်ငံတကာ

တရုတ် အစိုးရပိုင် ရှင်ဟွာလို သတင်းဌာနကြီးတွေမှာတော့ လီရဲ့ ဝန်ကြီးချုပ်ဘဝ ဖြတ်သန်းမှုလို အကြောင်းအရာတွေကို တလေးတနက် ဖော်ပြတာမျိုး မရှိဘဲ သူကွယ်လွန်တဲ့ ကိစ္စကို အတော်လေး သိုသိုသိပ်သိပ်သာ သတင်းရေးသားတာမျိုး တွေ့ရပါတယ်။

သတင်း

အသက် (၇၀) ဝန်းကျင်အရွယ်ဦးအောင်ဝင်းသည်စစ်တပ်ကနိုင်ငံတော်အာဏာသိမ်းပြီးသည့်နောက်ပိုင်း တိမ်းရှောင်နေသူဖြစ်သည်။ ခံဝန်ထိုးရန် စစ်ကောင်စီ၏ကမ်းလှမ်းမှုအား ပယ်ချပြီး အာဏာရှင်ကို ဆန့်ကျင်ခဲ့သူဟု ထားဝယ်မြို့ခံများကပြောသည်။