Connect with us

Hi, what are you looking for?

ဗီဒီယို

ရန်ကုန်က လူကူးခုံးတံတားတွေကို ပိတ်ထားဆဲ

ဖြတ်ကူးဖို့မလွယ်တဲ့ မဟာမြိုင်မှတ်တိုင်က လူကူးတံတားကိုလည်း ပိတ်ထားတာ လတော်တော်ကြာပါပြီ။ ကမ္ဘာအေး ဂမုန်းပွင့်ရှေ့က လူကူးတံတားကိုလည်း ဖြတ်သန်းခွင့်ပိတ်ထားပါတယ်။ အဲဒီနေရာကလည်း လမ်းမကျယ်ပြီးကားအမြဲရှုပ်လေ့ရှိတဲ့နေရာပါ။

ရန်ကုန်မြို့ထဲက လူကူးခုံးတံတားတွေကို စစ်ကောင်စီတပ်က ပိတ်လိုက်ဖွင့်လိုက် လိုသလိုလုပ်နေတာ လနဲ့ချီကြာလာပါပြီ။ ရန်ကုန်မြို့လယ်က ဆူးလေတံတားကိုတောင် တစ်ခါတစ်ရံ ဖြတ်သန်းခွင့်ပိတ်တတ်ပေမယ့် လက်ရှိ အချိန်မှာတော့ ပုံမှန်အတိုင်းသွားလာခွင့်ပေးထားပါတယ်။

အနော်ရထာလမ်းနဲ့ ရွှေတိဂုံဘုရားလမ်းထောင့်က လူကူးတံတားကိုတော့ ပြန်လည်ပြုပြင်မှုတွေပြုလုပ်ပြီး အခုချိန်အထိ ဖြတ်သန်းခွင့်တော့ မပေးသေးပါဘူး။

အလံပြဘုရားလမ်းပေါ်မှာရှိတဲ့ အ.ထ.က ၁ ဒဂုံ ရှေ့က လူကူးတံတားကိုလည်း ပိတ်ထားတာတွေ့ရပါတယ်။ မြို့ထဲက လူကူးတံတားတွေက ပိတ်ထားတာက လမ်းသွားလမ်းလာတွေအတွက် အခက်အခဲ အရမ်းတော့ မရှိပါဘူး။

တကယ်တမ်းအခက်အခဲကြုံရတာက အင်းစိန်လမ်းမပေါ်က လှည်းတန်းလူကူးတံတားလိုနေရာပါ။

Public Service Announcement

Public Service Announcement

ဒီတံတားကိုလည်း အကြမ်းဖက်စစ်ကောင်စီတွေ က ပိတ်လိုက် ၊ ဖွင့်လိုက်လုပ်နေတာကြာပါပြီ။ လွန်ခဲ့တဲ့ နှစ်လလောက်က တော့ တံတားပေါ်မှာ သပိတ်ရဲဘော်တွေက အာဏာရှင်ဆန့်ကျင်ရေးစာတန်း ချိတ်ဆွဲပြီးတဲ့ နောက်ရက်ကစပြီး ဖြတ်သန်းခွင့်လုံးဝမပေးတော့တာပါ။

လှည်းတန်းလိုနေရာက ကားတွေရှုပ်သလို လမ်းလည်မှာလည်း စတီးတန်း‌တွေနဲ့ကာရံထားတာကြောင့် လမ်းတစ်ဖက်ခြမ်းကိုကူးဖို့ တော်တော် ဒုက္ခရောက်တယ်လို့ ပြည်သူတွေကပြောပါတယ်။ တံတားပိတ်ထားတာကြောင့် တစ်ဖက်က လိုင်းကားမှတ်တိုင်ကိုသွားဖို့ ခရီးသည်တွေက စတီးတန်းလမ်းလည်အကာအရံ မရှိတဲ့နေရာအထိသွားပြီး လမ်းကူးနေရတာပါ။

ဒီလိုပဲ ဖြတ်ကူးဖို့မလွယ်တဲ့ မဟာမြိုင်မှတ်တိုင်က လူကူးတံတားကိုလည်း ပိတ်ထားတာ လတော်တော်ကြာပါပြီ။ ကမ္ဘာအေး ဂမုန်းပွင့်ရှေ့က လူကူးတံတားကိုလည်း ဖြတ်သန်းခွင့်ပိတ်ထားပါတယ်။ အဲဒီနေရာကလည်း လမ်းမကျယ်ပြီးကားအမြဲရှုပ်လေ့ရှိတဲ့နေရာပါ။

ကမာရွတ်ရဲစခန်းရှေ့က ဆင်မလိုက် လူကူးတံတားကတော့ ရဲစခန်းနဲ့အနီးဆုံးလှေခါးကိုပိတ်ထားပြီး တံတားပေါ်မှာလည်း ရဲစခန်းဘက်ခြမ်းကို သွားလာခွင့်ပိတ်ထားပါတယ်။ ဒီစခန်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်မှုတွေခံရဖူးတာကြောင့် ကြောက်လို့ ဖြစ်နိုင်တယ်လို့ အဲဒီ့နေရာ အနီးမှာနေသူတစ်ဦးက မှတ်ချက်ပေးပါတယ်။

ပြည်လမ်းပေါ်မှာရှိတဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံးမြေအောက်လူကူးတံတားကလည်း ဖွင့်ပွဲလုပ်တဲ့နေ့ကတည်းက လူတွေဖြတ်ခွင့်မရဘဲ ပိတ်ထားခဲ့တာပါ။ ဒီတံတားကို စစ်ကောင်စီခေါင်းဆောင်ကိုယ်တိုင် လာရောက်ဖွင့်ပေးခဲ့တာဖြစ်ပြီး တံတားကို ဖြတ်သန်းခွင့်မပြုပေမယ့် နှစ်ဖက်စလုံးမှာ စစ်ကောင်စီတပ်ဖွဲ့တွေ အချိန်ပြည့်စောင့်နေတာကိုတွေ့ရပါတယ်။

အဲဒီ့တံတားကို လက်ရှိမှာတော့ ရန်ကုန်ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးအထက်တန်းကျောင်း ရဲ့ ကျောင်းဆင်းချိန်တွေမှာ ကျောင်းက ကလေးတွေနဲ့ မိဘတွေကို အသုံးပြုခွင့်ပေးနေပြီး တခြားအချိန်တွေမှာတော့ ပိတ်မြဲပိတ်ထားဆဲပါ။

အကြမ်းဖက်စစ်ကောင်စီက မြို့ပြတွေမှာ ပုံမှန်အတိုင်း လည်ပတ်နေတယ်ဆိုတာပြချင်လို့ ရုပ်ရှင်ရုံ‌ဖွင့်တာတွေလုပ်နေပေမယ့် အခုလို တံတားတွေကို ဖြတ်သန်းခွင့်မပေးဘဲ ပိတ်ထားတာက တော်တော်ရယ်စရာကောင်းတယ်လို့ ပြည်သူတစ်ဦးကမှတ်ချက်ပြုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကားပစ္စည်းဈေးဝင်းအတွင်းမှာ သက်ကြီးပိုင် အမျိုး သား ၁ဦး အပူရှပ်ပြီး လေဖြန်းသွားခဲ့တယ်လို့ ဒေသခံနဲ့ လူမှုကူညီရေးအသင်းအဖွဲ့၀င်တချို့က ပြောပါတယ်။

သတင်း

အောက်တိုဘာ ၁၀ မှာ​ဒေသနှစ်ခုအပူချိန်စံချိန်သစ်တင်

ဆောင်းပါး

ရန်ကုန်မြို့ရဲ့ အထင်ကရ နေရာတခုဖြစ်တဲ့ အင်းလျားကန်ဘေးမှာ ကိုယ်ပိုင်တိုက်ခန်းနဲ့ မနေချင်သူ ဘယ်သူရှိမလဲလို့ ကိုထွန်းထွန်းက တုံ့ဆိုင်းစွာနဲ့ ရှင်းပြဖို့ ကြိုးစား ရှာပါတယ်။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။