Connect with us

Hi, what are you looking for?

ဗီဒီယို

အလယ်ပိုင်း အာရှ နှစ်နိုင်ငံ တိုက်ပွဲတွေ ဖြစ်ပွားရာက လူပေါင်း ဒါဇင်နဲ့ချီ သေဆုံး

အလယ်ပိုင်း အာရှရေးရာ လေ့လာသူတွေက တကယ်လို့ နှစ်နိုင်ငံစလုံးက လက်ရှိ ပဋိပက္ခတွေကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ဖြေရှင်းဖို့ ဆန္ဒမရှိဘူးဆိုရင် အဲဒီမီးပွားဟာ ဒေသတစ်ခုလုံးရဲ့ တည်ငြိမ်မှုကို ခြိမ်းခြောက်တဲ့ထိ ကြီးထွားလာနိုင်ကြောင်း သတိပေးထားကြပါတယ်။

အာရှအလယ်ပိုင်း အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ ကာဂျစ်စတန်နဲ့ တာဂျစ်ကစ္စတန်တို့ကြား ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားပြီး လူပေါင်း ဒါဇင်နဲ့ချီ သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဆိုဗီယက် ပြည်ထောင်စုက ခွဲထွက်လာကြပြီး ဖွံ့ဖြိုးမှု နောက်ကျကျန်နေတဲ့ ကုန်းပိတ် နိုင်ငံငယ် နှစ်ခုဟာ အရင်ကတည်းက ခါးသီးတဲ့ ဆက်ဆံရေး သမိုင်းကြောင်းတွေ ရှိခဲ့ဖူးပါတယ်။ အခုတစ်ကြိမ်မှာလည်း ပိုင်နက် အငြင်းပွားရာ နယ်မြေတစ်ခုကို အကြောင်းပြုပြီး ပဋိပက္ခတွေ တကျော့ပြန် ဆိုးရွားလာတာလို့ သိရပါတယ်။

နှစ်နိုင်ငံကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို ရန်သူဘက်က စတင်ချိုးဖောက်ခဲ့တာလို့ ကာဂျစ်စတန်ရော၊ တာဂျစ်ကစ္စတန်ကပါ အပြန်အလှန် စွပ်စွဲနေကြပါတယ်။ ကာဂျစ်စတန်က နှစ်ဖက် စစ်တပ်တွေ ထိတွေ့မှုအတွင်း သေဆုံးသူ ၂၄ ဦး ရှိခဲ့တယ်လို့ ပြောပေမယ့် တာဂျစ်ကစ္စတန်ဖက်မှာရော အသေအပျောက် ဘယ်လောက် ရှိသလဲ ဆိုတာကို တိတိကျကျ မသိရပါဘူး။

ကာဂျစ်စတန် နယ်ခြားစောင့် တပ်ဖွဲ့က တာဂျစ်ကစ္စတန် တပ်တွေဟာ နယ်စပ်ကို ထိုးဖောက် ကျူးကျော်လာလို့ အပြင်းအထန် ခုခံနေရဆဲဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။ တာဂျစ်ကစ္စတန်ဖက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သလို နယ်စပ်တဝိုက်က တချို့နေရာတွေမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဆက်ဖြစ်နေဆဲလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ကာဂျစ်စတန် အရေးပေါ် အခြေအနေ စီမံကွပ်ကဲမှု ဝန်ကြီးဌာနကတော့ ပဋိပက္ခ နယ်မြေတဝိုက်မှာ နေထိုင်တဲ့ အရပ်သား ၁၃၆၀၀၀ လောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားရကြောင်း ပြောပါတယ်။ အစောပိုင်းကမှ နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ ဥဇဘက်ကစ္စတန်မှာ တွေ့ဆုံဆွေးနွေးပြီး အငြင်းပွားရာ နယ်မြေတွေကနေ နှစ်ဖက် စစ်တပ်တွေ ရုပ်သိမ်းကြဖို့နဲ့ အပစ်အခတ် ရပ်စဲထားဖို့ သဘောတူခဲ့ပါသေးတယ်။

နှစ်နိုင်ငံကြား နယ်ခြားမျဉ်း သတ်မှတ်မှုက စနစ်တကျ မရှိတဲ့အတွက် ကာဂျစ်စတန်နဲ့ တာဂျစ်ကစ္စတန်တို့ကြား နယ်စပ် ပဋိပက္ခတွေ ရံဖန်ရံခါ ဖြစ်တတ်ပေမယ့် အခြေအနေတွေ ခပ်မြန်မြန်ပဲ ပြန်ပြီး အရှိန်လျော့သွားတတ်ပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ထိခိုက်သေကြေမှု များနေတဲ့အတွက် တင်းမာမှုတွေ ပိုဆိုးရွားလာမှာကို စိုးရိမ်နေရပါတယ်။

ဒါ့အပြင် တာဂျစ်ကစ္စတန် စစ်တပ်ဟာ တင့်ကားတွေ၊ သံချပ်ကာယာဉ်တွေပါ အသုံးပြု တိုက်ခိုက်ခဲ့ပြီး ကာဂျစ်စတန်ပိုင်နက်ထဲက ရွာတစ်ခုကိုလည်း မော်တာတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ တာဂျစ်ကစ္စတန်ဖက်ကတော့ သူတို့ရဲ့ နယ်စပ် လုံခြုံရေး ကင်းစခန်းတွေကို ကာဂျစ်စတန်ကသာ လက်နက်ကြီးတွေနဲ့ စတင် ပစ်ခတ်ခဲ့တာလို့ စွပ်စွဲထားပါတယ်။

အလယ်ပိုင်း အာရှရေးရာ လေ့လာသူတွေက တကယ်လို့ နှစ်နိုင်ငံစလုံးက လက်ရှိ ပဋိပက္ခတွေကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ဖြေရှင်းဖို့ ဆန္ဒမရှိဘူးဆိုရင် အဲဒီမီးပွားဟာ ဒေသတစ်ခုလုံးရဲ့ တည်ငြိမ်မှုကို ခြိမ်းခြောက်တဲ့ထိ ကြီးထွားလာနိုင်ကြောင်း သတိပေးထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။