Connect with us

Hi, what are you looking for?

ဗီဒီယို

ရုရှား စစ်သားသစ် စုဆောင်းရေး စခန်းမှာ ပစ်ခတ်မှုဖြစ်ပြီး ၁၁ ဦးသေ

နောက်ပိုင်းမှာ သေနတ်သမား နှစ်ယောက်ကို ရုရှား လုံခြုံရေး တပ်ဖွဲ့တွေက သုတ်သင်နိုင်ခဲ့ကြောင်း၊ ဒီဖြစ်စဉ်မှာ နောက်ထပ် ဒဏ်ရာရသူ ၁၅ ဦးလည်း ရှိခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရုရှားက စစ်သားစုဆောင်းရေး စခန်းတစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး လူ ၁၁ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

အောက်တိုဘာ ၁၅ ရက်က ယူကရိန်းနဲ့ နယ်စပ်နားမှာရှိတဲ့ ဘယ်လ်ဂိုရော့ဒ် ဒေသက စစ်သားစုဆောင်းရေး စခန်းတစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။ ယူကရိန်း စစ်မြေပြင်မှာ သွားရောက် စစ်မှုထမ်းဖို့ ဆန္ဒအလျောက် စာရင်းပေးထားတဲ့ လူငယ်တွေ လက်နက်ကိုင် လေ့ကျင့်မှုတွေ အစပြုဖို့ ပြင်ဆင်နေတုန်း သေနတ်သမား နှစ်ယောက်က ဝင်ရောက် ပစ်ခတ်သွားတာလို့ ဆိုပါတယ်။

ရုရှား အစိုးရပိုင် RIA သတင်းဌာနက တပ်သားသစ်တွေ ပစ်သတ်ခံရတဲ့ သတင်းကို အစောဆုံး စတင် ဖော်ပြခဲ့ပါတယ်။ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက အခုကိစ္စမှာ ပစ်ခတ် တိုက်ခိုက်သူတွေဟာ ဆိုဗီယက် ပြည်ထောင်စု အဖွဲ့ဝင်ဟောင်း နိုင်ငံတစ်ခုက ဖြစ်တယ်လို့ စွပ်စွဲပေမယ့် အသေးစိတ်တော့ မထုတ်ပြန်ပါဘူး။

နောက်ပိုင်းမှာ သေနတ်သမား နှစ်ယောက်ကို ရုရှား လုံခြုံရေး တပ်ဖွဲ့တွေက သုတ်သင်နိုင်ခဲ့ကြောင်း၊ ဒီဖြစ်စဉ်မှာ နောက်ထပ် ဒဏ်ရာရသူ ၁၅ ဦးလည်း ရှိခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်သားသစ်တွေကို ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် ၁၁ ဦးသေဆုံးပြီး ဒဏ်ရာ အတိမ်အနက် အခြေအနေ မတူညီသူ ၁၅ ဦးကို ဆေးရုံ တင်ပို့ထားရကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုပါတယ်။ ဒီဖြစ်စဉ်မှာ အရပ်သားတွေ ထိခိုက်သေကြေမှု မရှိခဲ့ကြောင်း ဒေသခံ အုပ်ချုပ်ရေးဌာနက ကြေညာပါတယ်။

ပြီးခဲ့တဲ့လမှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ ယူကရိန်း စစ်မြေပြင်ကို အားဖြည့် စေလွှတ်ဖို့အတွက် အရန်စစ်သည် ၃ သိန်း ခေါ်ယူသွားမယ်လို့ ကြေညာပါတယ်။ အရင်က စစ်မှု မထမ်းမနေရ စနစ်အရ စစ်မှုထမ်းဖူးတဲ့ အတွေ့အကြုံ ရှိဖူးသူတွေကို ပူတင်က ပြန်လည် ခေါ်ယူခဲ့တာဖြစ်ပြီး အများစုက ရှေ့တန်းကို မသွားချင်ကြပါဘူး။ ဒါပေမဲ့ ကိုယ်တိုင် ဆန္ဒအလျောက် စစ်မြေပြင် သွားရောက်ဖို့ စာရင်းပေးသူတွေလည်း ရှိခဲ့ပါတယ်။

အခုသီတင်းပတ်မှာ ပူတင်က အရန်စစ်သည် ၂ သိန်း ၂ သောင်းကျော် ခေါ်ယူထားနိုင်ပြီး ဖြစ်တဲ့အတွက် နောက်ထပ် ၂ ပတ်အတွင်း လျာထားချက် ပြည့်မီအောင် လူသစ်တွေ ခေါ်ယူနိုင်လိမ့်မယ်လို့ ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။