Connect with us

Hi, what are you looking for?

ဗီဒီယို

အလက်စကာ ပြည်နယ် လေပိုင်နက်ထဲမှာ အမျိုးအမည်မသိ အရာတစ်ခုကို အမေရိကန် လေတပ် ပစ်ချ

ရေခဲနေတဲ့ ပင်လယ်ပြင်ထဲ ကျဆင်းသွားတဲ့ အရာကို ပြန်မဆယ်နိုင်သေးခင်မှာတော့ ဘယ်လိုပစ္စည်း ဖြစ်တယ်၊ ဘယ်သူဘယ်ဝါ ပိုင်ဆိုင်တယ် ဆိုတာတွေကို အတိအကျ မပြောနိုင်သေးဘူးလို့လည်း ကာဘီက ဆက်ပြောပါတယ်။

အလက်စကာ ပြည်နယ် ကမ်းလွန်နားမှာ လေလွင့်မျောပါနေတဲ့ အမျိုးအမည်မသိ အရာဝတ္ထု တစ်ခုကို အမေရိကန် လေတပ်က ပစ်ချခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါတယ်။

တောင်ပိုင်း ကာရိုလိုင်းနား ပြည်နယ် ကမ်းလွန်းရေပြင်မှာ တရုတ်ရဲ့ မိုးပျံပူဖောင်း တစ်ခုကို သူလျှို ပစ္စည်းလို့ စွပ်စွဲပြီး အမေရိကန်က ပစ်ချခဲ့တဲ့ ဖြစ်စဉ်နောက်ပိုင်း ၆ ရက်အကြာမှာ နောက်ထပ် အလားတူ အခြေအနေ တစ်ခုနဲ့ ကြုံတွေ့ခဲ့ရတာပါ။ ဒါပေမဲ့ အလက်စကာမှာ ပစ်ချခဲ့တဲ့ ပစ္စည်းကို တရုတ်ပိုင်လို့ အမေရိကန်က မစွပ်စွဲသေးသလို တရုတ် မိုးပျံပူဖောင်းနဲ့ ယှဉ်ရင် အရွယ်အစား အတော်သေးတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက်မှာ အမေရိကန် လေတပ်ရဲ့ F-22 တိုက်လေယာဉ် တစ်စီးက Sidewinder ဒုံးကျည်နဲ့ ပစ်ချခဲ့တဲ့ အရာဟာ ကားအသေး တစ်စီး အရွယ်လောက်သာရှိပြီး ပင်လယ်ထဲ ပျက်ကျသွားခဲ့တယ်လို့ သိရပါတယ်။

အိမ်ဖြူတော်ရဲ့ အမျိုးသား လုံခြုံရေး ကောင်စီ ပြောရေးဆိုခွင့်ရ အရာရှိ ဂျွန်ကာဘီက အခု ပစ်ချလိုက်တာ ဘယ်လို ပစ္စည်းလဲဆိုတာ မကွဲပြားသေးကြောင်းနဲ့ အပျက်အစီးတွေကို ပြန်လည် ဆယ်ယူနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ အရာဟာ ခရီးသည်တင် လေယာဉ်တွေ ပျံသန်းလေ့ရှိတဲ့ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၀၀၀၀ လောက် အမြင့်ကနေ တစ်နာရီ ကီလိုမီတာ ၂၀ နဲ့ ၄၀ ကြားလောက် မြန်နှုန်းနဲ့ မျောလွင့် ပျံသန်းနေခဲ့တယ်လို့ ဆိုပါတယ်။

ရေခဲနေတဲ့ ပင်လယ်ပြင်ထဲ ကျဆင်းသွားတဲ့ အရာကို ပြန်မဆယ်နိုင်သေးခင်မှာတော့ ဘယ်လိုပစ္စည်း ဖြစ်တယ်၊ ဘယ်သူဘယ်ဝါ ပိုင်ဆိုင်တယ် ဆိုတာတွေကို အတိအကျ မပြောနိုင်သေးဘူးလို့လည်း ကာဘီက ဆက်ပြောပါတယ်။

လွန်ခဲ့တဲ့ တစ်ပတ်လောက်က ပစ်ချခံရတဲ့ တရုတ် မိုးပျံပူဖောင်းကတော့ အရပ်ဖက် အသုံးပြုတဲ့ အမျိုးအစား မဟုတ်တာ သေချာပြီး ဆက်သွယ်ရေး ကွန်ရက်တွေကို ကြားဖြတ် ထောက်လှမ်းနိင်တဲ့ သူလျှို နည်းပညာတွေ ပါဝင်နေတယ်လို့ အမေရိကန်က စွပ်စွဲခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်ကတော့ အမေရိကန်ဟာ ပြဿနာကို ပုံကြီးချဲ့နေတာသာ ဖြစ်ပြီး တကယ်တမ်းမှာတော့ အရပ်ဖက်သုံး မိုးလေဝသ လေ့လာရေး မိုးပျံပူဖောင်းတစ်ခု မတော်တဆ လမ်းကြောင်းမှားပြီး အမေရိကန် ပိုင်နက်ထဲ ဝင်ရောက်သွားတာသာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။