Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကြွက်တွေ ဝင်သောင်းကျန်းလို့ ဩစတြေးလျ အကျဉ်းထောင်တစ်ခု အရေးပေါ် ရွှေ့ပြောင်း

ကြွက်တွေ အုံလိုက်ကျင်းလိုက် ဝင်သောင်းကျန်းနေတာကြောင့် ဩစတြေးလျက အကျဉ်းထောင် တစ်ခုမှာ အရေးပေါ် ရွှေ့ပြောင်းမှုတွေ ပြုလုပ်နေရပါတယ်။

ဇွန်လ ၂၂ ရက်ကစပြီး နယူးဆောက်သ်ဝေးလ်စ်ပြည်နယ်၊ ကျေးလက် ဧရိယာ တစ်ခုမှာ ရှိနေတဲ့ အကျဉ်းထောင်မှာ အရေးပေါ် ပြောင်းရွှေ့မှုတွေ စတင် ဆောင်ရွက်နေရတယ်လို့ ဆိုပါတယ်။ အကျဉ်းထောင်နား လယ်မြေတွေကနေ ကျူးကျော်လာတဲ့ ထောင်သောင်းချီ များပြားတဲ့ ကြွက်တွေဟာ ထောင်ရဲ့ အခြေခံ အဆောက်အအုံတွေနဲ့ တခြားပစ္စည်းတွေကို ကိုက်ဖျက်ပစ်နေတယ်လို့ ဆိုပါတယ်။

အကျဉ်းသားတွေနဲ့ အမှုထမ်းတွေရဲ့ ကျန်းမာရေး၊ လုံခြုံရေးတွေကို ဦးစားပေး စဉ်းစားပြီး ဝယ်လင်တန် အကျဉ်းထောင်မှာ အရေးပေါ် ရွှေ့ပြောင်းဖို့ ညွှန်ကြားထားခဲ့ကြောင်း အကျဉ်းဦးစီးဌာန အရာရှိ ပီတာ ဆီဗာရင်က ပြောကြားခဲ့ပါတယ်။ ကြွက်တွေ ဝင်မွှေနေတဲ့ အကျဉ်းထောင်မှာ အကျဉ်းသား ၄၂၀ လောက်နဲ့ အမှုထမ်း ၂၀၀ လောက် ရှိနေပါတယ်။

ဒီပြဿနာကို အရေးပေါ် ရှင်းလင်းပြီးရင် နောက်တစ်ကြိမ် အလားတူ အခြေအနေတွေ ထပ်မကြုံဖို့ပါ ဘက်ပေါင်းစုံ စဉ်းစား ပြင်ဆင်ထားရမယ်လို့ ပြည်နယ် အကျဉ်းဦးစီးဌာန ကော်မရှင်နာ ကီဗင် ကော်ကိုရန်က ပြောပါတယ်။

ဩစတြေးလျ အရှေ့ပိုင်းက ဒေသတချို့မှာ ကြွက်တွေက ကောက်ပဲသီးနှံတွေကို ဖျက်ဆီးလို့ တောင်သူလယ်သမားတွေ အခက်ကြုံရတာမျိုး အရင်ကတည်းက ရှိနေခဲ့ပြီးသားပါ။ ကြွက်တွေ နှိပ်စက်တဲ့အပြင် ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း မိုးခေါင်မှုတွေ၊ ရေလွှမ်းမိုးမှုတွေကြောင့်လည်း ဒေသတချို့ရဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေကို အကြီးအကျယ် ထိခိုက်စေခဲ့ကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံက လိုအပ်တဲ့နေရာတွေကို ထောက်ပံ့ပေးဖို့ ရည်ရွယ်ချက်နဲ့ ပြုလုပ်မယ့် Together for Tomorrow ဖျော်ဖြေပွဲကို ဩစတေးလျနိုင်ငံရဲ့ မြို့ သုံး မြို့မှာ ပြုလုပ်သွားမှာပါ။

နိုင်ငံတကာ

ဩစတြေးလျ နိုင်ငံမှာ ရှားပါးလှတဲ့ အခြေအနေတစ်ခုအဖြစ် ရုပ်ချင်းအရမ်းတူတဲ့ လေးမြွှာပူး သမီးလေးတွေ ဖွားမြင်ခဲ့ကြောင်း သိရပါတယ်။

သတင်း

နိုင်ငံတဝန်းက အကျဥ်းထောင်တွေမှာ စစ်တပ် အာဏာသိမ်းထားတဲ့ ၅ နှစ်အတွင်း ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်လို့ နိုင်ငံရေးအကျဥ်းသား ၁၅၀ နီးပါး ကွယ်လွန်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အမေရိကန်၊ ဩစတေးလျနဲ့ မလေးရှားနိုင်ငံတို့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ စုပေါင်းပြီး (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားနဲ့ လူထုသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဇူလိုင် ၁၉) မှာ ပြုလုပ်ခဲ့ပါတယ်။