Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဝမ်းလျှောပြီး ဆေးရုံတက်နေရတဲ့ မလေးရှား ဝန်ကြီးချုပ်

အူနဲ့ အစာလမ်းကြောင်းမှာ ပြဿနာ တစ်ခုခုကြောင့် ဝမ်းပျက် ဝမ်းလျှောတာမျိုးက ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေး ပြဿနာ တစ်ခုပါ။ ဒါပေမဲ့ သိပ်ပြီး စိုးရိမ်စရာ မရှိဘဲ အချိန်တိုအတွင်း သက်သာ ပျောက်ကင်းသွားတတ်ပါတယ်။

ဝမ်းပျက်ဝမ်းလျှော ဖြစ်တဲ့အတွက် မလေးရှား ဝန်ကြီးချုပ် ဆေးရုံတက်နေရကြောင်း သိရပါတယ်။

ဝန်ကြီးချုပ် မူယစ်ဒင် ယာဆင် ဝမ်းလျှောနေတဲ့နောက် ကျန်းမာရေး အခြေအနေကို ကြိုတင် သတိထား စောင့်ရှောက်တဲ့ အနေနဲ့ ဆေးရုံ တင်ခဲ့တာလို့ ဝန်ကြီးချုပ်ရုံးက ဇွန်လ ၃၀ မှာ ထုတ်ပြန်ပါတယ်။ ဝန်ကြီးချုပ်ဟာ ဝမ်းဗိုက်ထဲမှာ မအီမသာ ဝေဒနာကို ဇွန် ၂၉ ရက်က စတင် ခံစားလာရပြီး နောက်တစ်နေ့ မနက်မှာပဲ ဆေးရုံမှာ သွားရောက် ကုသမှု ခံယူခဲ့တာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

နောက်ထပ် အသေးစိတ် အချက်အလက်တွေကိုတော့ ဝန်ကြီးချုပ်ရုံးက မထုတ်ပြန်သေးပါဘူး။ မူယစ်ဒင် အနေနဲ့ ဆေးရုံမှာ ရှိနေချိန် အတောအတွင်း ဝန်ကြီးချုပ် တာဝန်ကို ဆက်ယူထားပြီး အစိုးရ လုပ်ငန်းစဉ်တွေကို ညွှန်ကြားပေးနေမယ်လို့ သိရပါတယ်။

အူနဲ့ အစာလမ်းကြောင်းမှာ ပြဿနာ တစ်ခုခုကြောင့် ဝမ်းပျက် ဝမ်းလျှောတာမျိုးက ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေး ပြဿနာ တစ်ခုပါ။ ဒါပေမဲ့ သိပ်ပြီး စိုးရိမ်စရာ မရှိဘဲ အချိန်တိုအတွင်း သက်သာ ပျောက်ကင်းသွားတတ်ပါတယ်။

အသက် ၇၄ နှစ် အရွယ် မူယစ်ဒင်ဟာ မလေးရှားမှာ အာဏာလွန်ဆွဲမှုတွေ ပြင်းထန်နေတဲ့ ကာလအတွင်း ပြီးခဲ့တဲ့နှစ်က ဝန်ကြီးချုပ် ရာထူးကို ရရှိခဲ့တာ ဖြစ်ပါတယ်။