Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဝမ်းလျှောပြီး ဆေးရုံတက်နေရတဲ့ မလေးရှား ဝန်ကြီးချုပ်

အူနဲ့ အစာလမ်းကြောင်းမှာ ပြဿနာ တစ်ခုခုကြောင့် ဝမ်းပျက် ဝမ်းလျှောတာမျိုးက ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေး ပြဿနာ တစ်ခုပါ။ ဒါပေမဲ့ သိပ်ပြီး စိုးရိမ်စရာ မရှိဘဲ အချိန်တိုအတွင်း သက်သာ ပျောက်ကင်းသွားတတ်ပါတယ်။

ဝမ်းပျက်ဝမ်းလျှော ဖြစ်တဲ့အတွက် မလေးရှား ဝန်ကြီးချုပ် ဆေးရုံတက်နေရကြောင်း သိရပါတယ်။

ဝန်ကြီးချုပ် မူယစ်ဒင် ယာဆင် ဝမ်းလျှောနေတဲ့နောက် ကျန်းမာရေး အခြေအနေကို ကြိုတင် သတိထား စောင့်ရှောက်တဲ့ အနေနဲ့ ဆေးရုံ တင်ခဲ့တာလို့ ဝန်ကြီးချုပ်ရုံးက ဇွန်လ ၃၀ မှာ ထုတ်ပြန်ပါတယ်။ ဝန်ကြီးချုပ်ဟာ ဝမ်းဗိုက်ထဲမှာ မအီမသာ ဝေဒနာကို ဇွန် ၂၉ ရက်က စတင် ခံစားလာရပြီး နောက်တစ်နေ့ မနက်မှာပဲ ဆေးရုံမှာ သွားရောက် ကုသမှု ခံယူခဲ့တာလို့ ဆိုပါတယ်။

နောက်ထပ် အသေးစိတ် အချက်အလက်တွေကိုတော့ ဝန်ကြီးချုပ်ရုံးက မထုတ်ပြန်သေးပါဘူး။ မူယစ်ဒင် အနေနဲ့ ဆေးရုံမှာ ရှိနေချိန် အတောအတွင်း ဝန်ကြီးချုပ် တာဝန်ကို ဆက်ယူထားပြီး အစိုးရ လုပ်ငန်းစဉ်တွေကို ညွှန်ကြားပေးနေမယ်လို့ သိရပါတယ်။

အူနဲ့ အစာလမ်းကြောင်းမှာ ပြဿနာ တစ်ခုခုကြောင့် ဝမ်းပျက် ဝမ်းလျှောတာမျိုးက ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေး ပြဿနာ တစ်ခုပါ။ ဒါပေမဲ့ သိပ်ပြီး စိုးရိမ်စရာ မရှိဘဲ အချိန်တိုအတွင်း သက်သာ ပျောက်ကင်းသွားတတ်ပါတယ်။

Public Service Announcement

Public Service Announcement

အသက် ၇၄ နှစ် အရွယ် မူယစ်ဒင်ဟာ မလေးရှားမှာ အာဏာလွန်ဆွဲမှုတွေ ပြင်းထန်နေတဲ့ ကာလအတွင်း ပြီးခဲ့တဲ့နှစ်က ဝန်ကြီးချုပ် ရာထူးကို ရရှိခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

UFC ဖလိုင်းဝိတ်တန်း ချန်ပီယံ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်ဟာ ငယ်စဥ်က ပညာသင်ခဲ့တဲ့မလေးရှားနိုင်ငံက ချင်းဒုက္ခသည်များဆိုင်ရာ လူထုအခြေပြုကျောင်း (Chin Community Schools) ကို ၁၃ နှစ်အကြာ သွားရောက်လည်ပတ်ခဲ့ပါတယ်။

သတင်း

Chin Refugee Committee ရဲ့ ၂၅ နှစ်ပြည့်ပွဲမှာ ဖျော်ဖြေတင်ဆက်ပေးမယ့် အဆိုတော် ဖြူဖြူကျော်သိန်းက မလေးရှားနိုင်ငံကို မေ ၂၄ ရက်မှာ ရောက်ရှိလာပါပြီ။

သတင်း

စစ်အာဏာသိမ်းမှုကြောင့် သံတမန်ဆက်ဆံရေး ဖယ်ကြဥ်ခံရအပြီး ငါးနှစ်အကြာမှာ မလေးရှားအစိုးရနဲ့ နေပြည်တော်တို့အကြား ဆက်ဆံရေးတွေ ပြန်လည်ကောင်းမွန်လာဖို့ လုပ်ဆောင်နေကြပြီလို့ မလေးရှားအစိုးရပိုင် Bernama က ဖော်ပြပါတယ်။

သတင်း

UFC ချန်ပီယံ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်နဲ့ အဆိုတော် ဖြူဖြူကျော်သိန်းတို့ မလေးရှားနိုင်ငံမှာ ကျင်းပမယ့် Chin Refugee Committee (CRC)အသင်းရဲ့ ၂၅ နှစ်မြောက် ငွေရတုအခမ်းအနားကို တက်ရောက်ပြီး ပရိသတ်တွေနဲ့ တွေ့ဆုံမယ် လို့ CRC က ထုတ်ပြန်ပါတယ်။