Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တာလီဘန်တွေကို ဆက်တိုက် အရေးနိမ့်နေတဲ့နောက် အာဖဂန် စစ်ဦးစီးချုပ် ရာထူးက ဖယ်ရှားခံရ

အခုဆိုရင် အာဖဂန်က ပြည်နယ် ၃၄ ခုမှာ ၉ ခုရဲ့ မြို့တော်ကြီးတွေက တာလီဘန်တွေ လက်ထဲ ရောက်နေပါပြီ။

တာလီဘန်တွေကို စစ်ရေးအရ ဆက်တိုက် ရှုံးနိမ့်လာတဲ့နောက် အာဖဂန် နစ္စတန်ရဲ့ စစ်ဦးစီးချုပ်ဟာ ရာထူးက ဖယ်ရှား ခံလိုက်ရပါတယ်။

အမေရိကန်နဲ့ NATO မဟာမိတ် အဖွဲ့တွေ အာဖဂန်ကနေ ပြန်လည် ရုပ်သိမ်း ထွက်ခွာသွားချိန်ကစလို့ တာလီဘန်တွေက အာဖဂန် အစိုးရ တပ်တွေအပေါ် စစ်ရေး အသာစီး ဆက်တိုက် ရလာခဲ့ပါတယ်။ အမေရိကန် တပ်တွေ ထွက်ခွာသွားပြီး သီတင်းပတ်တချို့ အကြာမှာပဲ အစိုးရ ထိန်းချုပ်ထားတဲ့ မြို့ရွာ အတော်များများ တာလီဘန်တွေ လက်ထဲ ကျရောက်သွားပါတယ်။ မြောက်ပိုင်းနယ်မြေတွေမှာလည်း တိုက်ပွဲအရှိန် မြင့်တက်လာပြီး ဒေသခံ ပြည်သူတွေ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

အခုဆိုရင် အာဖဂန်က ပြည်နယ် ၃၄ ခုမှာ ၉ ခုရဲ့ မြို့တော်ကြီးတွေက တာလီဘန်တွေ လက်ထဲ ရောက်နေပါပြီ။ ခန်ဒါဟာနဲ့ ဂါဇ်နီမြို့တွေမှာလည်း အပြင်းအထန် တိုက်ပွဲတွေဖြစ်ပြီး အစိုးရတပ်တွေ ဆုတ်ခွာနေရပါတယ်။ သမ္မတ အက်ရှ်ရက်ဖ် ဂါနီဟာ နိုင်ငံမြောက်ပိုင်းမှာရှိတဲ့ မာဇာအီ ရှာရစ်ဖ်မြို့ကို သွားရောက်ပြီး ဒေသခံ ပြည်သူ့စစ် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဲဒီနယ်မြေတွေဟာ တာလီဘန် ဆန့်ကျင်ရေး အင်အားစုတွေ အဓိက အခြေစိုက်တဲ့ ဒေသတွေပါ။

သမ္မတ ဂါနီဟာ ပြည်တွင်းအင်အားကို ပြန်စုစည်းဖို့ ကြိုးစားနေသလို တစ်ဖက်မှာလည်း စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဝါလီ မိုဟာမက် အာမက်ဇိုင်ကို ရာထူးက ထုတ်ပယ်လိုက်ပါတယ်။ သူဟာ ဇွန်လကမှ စစ်ဦးစီးချုပ် ဖြစ်လာသူပါ။ အာမက်ဇိုင်ဟာ အာဖဂန် စစ်တပ်ရဲ့ စိတ်ဓာတ် ယိုယွင်းပျက်ပြားမှု၊ အရည်အသွေး ကျဆင်းမှုတွေကို ပြင်ဆင် မွမ်းမံဖို့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

သူ့နေရာကို ဆက်ခံမယ့် ပုဂ္ဂိုလ်ဟာ ဗြဟ္မာဦးခေါင်း ကိုင်ရမယ့် သဘောရှိပြီး လက်ရှိ အရှိန်မြင့်တက်လာတဲ့ စစ်ပွဲတွေကို ကိုင်တွယ် ကြီးကြပ်ရပါလိမ့်မယ်။ အမေရိကန်ရဲ့ ထိပ်တန်း စစ်ဗိုလ်ချုပ်တွေက အာဖဂန်ရဲ့ အခြေအနေကို စိုးရိမ်နေပြီး နောက်ထပ် လပိုင်းအတွင်း တစ်နိုင်ငံလုံးကို တာလီဘန်တွေ ထိန်းချုပ်သွားတာမျိုး ဖြစ်လာနိုင်တယ်လို့ မှတ်ချက် ပေးခဲ့ကြပါတယ်။ တချို့ အမေရိကန် ဗိုလ်ချုပ်တွေက ရက် ၉၀ အတွင်း ကဘူးလ်မြို့ ကျဆုံးသွားနိုင်တယ်လို့တောင် ယူဆနေကြပါတယ်။

ပြီးခဲ့တဲ့ တစ်လအတွင်း တာလီဘန်တွေရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် အာဖဂန်မှာ အရပ်သားပြည်သူ ၁၀၀၀ ကျော် သေဆုံးခဲ့ကြောင်းလည်း ကုလသမဂ္ဂရဲ့ စာရင်းတွေအရ သိရှိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ပစ်ခတ်ခံခဲ့ရတဲ့ အမေရိကန် စစ်မှုထမ်း နှစ်ဦးထဲက အသက် ၂၀ အရွယ် အမျိုးသမီးငယ် တစ်ဦးဟာ ဒဏ်ရာတွေကြောင့် ကွယ်လွန်သွားခဲ့ပါတယ်။

နိုင်ငံတကာ

အာဖဂန် နစ္စတန် နိုင်ငံရဲ့ ဘိန်းစိုက်ဧရိယာဟာ အခုနှစ်ထဲမှာ သိသိသာသာ ပြန်လည် ကျဆင်းသွားခဲ့ကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အာဖဂန်နစ္စတန် မြောက်ပိုင်းမှာ လှုပ်ခတ်သွားခဲ့တဲ့ အင်အားပြင်း ငလျင်ကြီးကြောင့် အများအပြား သေဆုံးမှာကို စိုးရိမ်ရတဲ့ အခြေအနေ ရှိနေကြောင်း အာဏာပိုင်တွေနဲ့ ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ နယ်စပ်တလျှောက် တိုက်ပွဲငယ်တွေ ဖြစ်ပွားခဲ့တဲ့နောက် လက်ရှိ တင်းမာမှုတွေကို သံတမန်ရေးအရ ဖြေရှင်းဖို့ ပါကစ္စတန်က အာဖဂန်နစ္စတန်ကို တောင်းဆိုခဲ့ပါတယ်။