Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရောဂါ ကူးစက်မှုတွေကြောင့် ဩစတြေးလျရဲ့ မြို့တော်ကို တစ်ပတ် Lockdown ချ

ဩစတြေးလျ အရှေ့တောင်ပိုင်း ဒေသတချို့မှာလည်း Lockdown ကြေညာထားပြီး ပြည်သူတွေ အရေးပေါ် ကိစ္စမဟုတ်ဘဲ အိမ်အပြင်ထွက်တာမျိုးတွေ မရှိအောင် စောင့်ကြည့်ဖို့ စစ်တပ်ကပါ ပူးပေါင်း ကင်းလှည့်သွားမှာ ဖြစ်ပါတယ်။

Covid-19 ရောဂါ ကူးစက်မှုတွေကြောင့် ဩစတြေးလျ နိုင်ငံရဲ့ မြို့တော် ကင်ဘာရာကို တစ်ပတ်ကြာ Lockdown ချထားတော့မှာ ဖြစ်ပါတယ်။

ကင်ဘာရာရဲ့ Lockdown အမိန့်ဟာ ဩဂုတ် ၁၂ ရက် ညနေပိုင်းမှာ စတင် အသက်ဝင်လာတော့မှာပါ။ ဩစတြေးလျရဲ့ နိုင်ငံရေး ဗဟိုချက်လို့ တင်စားခံရတဲ့ မြို့တော်မှာ နေထိုင်သူ လေးသိန်းလောက်ဟာ ညနေ ၅ နာရီကစလို့ တင်းကျပ်တဲ့ Lockdown ညွှန်ကြားချက်တွေကို မပျက်မကွက် လိုက်နာကြရပါမယ်။

ဩစတြေးလျ အရှေ့တောင်ပိုင်း ဒေသတချို့မှာလည်း Lockdown ကြေညာထားပြီး ပြည်သူတွေ အရေးပေါ် ကိစ္စမဟုတ်ဘဲ အိမ်အပြင်ထွက်တာမျိုးတွေ မရှိအောင် စောင့်ကြည့်ဖို့ စစ်တပ်ကပါ ပူးပေါင်း ကင်းလှည့်သွားမှာ ဖြစ်ပါတယ်။

ဩစတြေးလျဟာ Covid Zeroဆိုတဲ့ မဟာဗျူဟာကို ချမှတ်ပြီး ပြည်တွင်း ကူးစက်မှု လုံးဝ ရပ်တန့်သွားနိုင်ဖို့ ကြိုးစားနေပေမယ့် လတ်တလောမှာတော့ Delta မျိုးကွဲ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဖိစီး နှိပ်စက်မှုတွေနဲ့ ကြုံနေရပါတယ်။ နိုင်ငံရဲ့ အကြီးဆုံး မြို့ကြီးနှစ်ခုဖြစ်တဲ့ ဆစ်ဒနီနဲ့ မဲလ်ဘုန်းတို့မှာလည်း Lockdown ကြေညာထားပြီး လူပေါင်း ၁၀ သန်းကျော်လောက် အိမ်မှာပဲ နေနေကြရပါတယ်။

Public Service Announcement

Public Service Announcement

ဆစ်ဒနီဟာ လတ်တလော ရောဂါကူးစက်မှုတွေရဲ့ ဗဟိုချက် ဖြစ်လာပြီး ဇွန်လနောက်ပိုင်း ကူးစက်ခံရသူ ၆၅၀၀ နီးပါးနဲ့ အသေအပျောက် ၄၀ နီးပါး ရှိလာပါတယ်။ ဩစတြေးလျဟာ ကမ္ဘာပေါ်မှာ Covid-19ကို အအောင်မြင်ဆုံး ထိန်းချုပ်နိုင်တဲ့ နိုင်ငံတစ်ခုအဖြစ် ဂုဏ်ယူနိုင်ခဲ့ဖူးပေမယ့် Deltaမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ်နဲ့ အတွေ့မှာတော့ အတော်လေး ရုန်းကန်နေရပါတယ်။

လက်ရှိ အချိန်ထိ ဩစတြေးလျမှာ ရောဂါကူးစက် ခံရသူ ၃၇၅၀၀ ကျော် ရှိနေပြီး သေဆုံးသူက ၁၀၀၀ နီးပါးထိ များပြားလာကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဩစတြေးလျမှာ မြေရှားသတ္တုတွေ တူးဖော် ထုတ်လုပ်ရေးအတွက် အမေရိကန်နဲ့ ဩစတြေးလျ အစိုးရတွေကြား သဘောတူ လက်မှတ် ရေးထိုးခဲ့ကြပါတယ်။

သတင်း

ဗြိတိန်နှင့် သြစတြေးလျနိုင်ငံတို့တွင် ပြည်ပရောက်မြန်မာများ စုပေါင်းပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းအား ကုလ၌ ဆက်လက်ခန့်အပ်ရေးနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဥ်းသားများ လွတ်မြောက်ရေးတို့အတွက် စက်တင်ဘာ ၂၀ရက်က အသီးသီး ဆန္ဒပြခဲ့ကြသည်။

သတင်း

ဩစတြေးလျနိုင်ငံမှာပြုလုပ်ခဲ့တဲ့ဆစ်ဒနီမာရသွန် ပြိုင်ပွဲမှာ မြန်မာအမျိုးသမီးတစ်ဦးဟာရိုးရာဝတ်စုံကို ဆင်မြန်းပြီး ပန်းဝင်တဲ့ထိ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့နောက် ဂင်းနစ် ကမ္ဘာ့စံချိန် မှတ်တမ်းသစ်ကိုပါ ရေးထိုးနိုင်ခဲ့ပါတယ်။

သတင်း

စက်တင်ဘာလအတွင်း ဩစတေးလျနိုင်ငံမှာ ဖျော်ဖြေပွဲတွေပြုလုပ်မယ့် တော်လှန်အနုပညာရှင် ဒေါင်းရဲ့ မဲလ်ဘုန်းမှာပြုလုပ်မယ့်ပွဲ လက်မှတ်တွေကို ဩဂုတ် ၈ ရက်မှာ စတင်ရောင်းချနေပါတယ်။