Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရောဂါ ကူးစက်မှုတွေကြောင့် ဩစတြေးလျရဲ့ မြို့တော်ကို တစ်ပတ် Lockdown ချ

ဩစတြေးလျ အရှေ့တောင်ပိုင်း ဒေသတချို့မှာလည်း Lockdown ကြေညာထားပြီး ပြည်သူတွေ အရေးပေါ် ကိစ္စမဟုတ်ဘဲ အိမ်အပြင်ထွက်တာမျိုးတွေ မရှိအောင် စောင့်ကြည့်ဖို့ စစ်တပ်ကပါ ပူးပေါင်း ကင်းလှည့်သွားမှာ ဖြစ်ပါတယ်။

Covid-19 ရောဂါ ကူးစက်မှုတွေကြောင့် ဩစတြေးလျ နိုင်ငံရဲ့ မြို့တော် ကင်ဘာရာကို တစ်ပတ်ကြာ Lockdown ချထားတော့မှာ ဖြစ်ပါတယ်။

ကင်ဘာရာရဲ့ Lockdown အမိန့်ဟာ ဩဂုတ် ၁၂ ရက် ညနေပိုင်းမှာ စတင် အသက်ဝင်လာတော့မှာပါ။ ဩစတြေးလျရဲ့ နိုင်ငံရေး ဗဟိုချက်လို့ တင်စားခံရတဲ့ မြို့တော်မှာ နေထိုင်သူ လေးသိန်းလောက်ဟာ ညနေ ၅ နာရီကစလို့ တင်းကျပ်တဲ့ Lockdown ညွှန်ကြားချက်တွေကို မပျက်မကွက် လိုက်နာကြရပါမယ်။

ဩစတြေးလျ အရှေ့တောင်ပိုင်း ဒေသတချို့မှာလည်း Lockdown ကြေညာထားပြီး ပြည်သူတွေ အရေးပေါ် ကိစ္စမဟုတ်ဘဲ အိမ်အပြင်ထွက်တာမျိုးတွေ မရှိအောင် စောင့်ကြည့်ဖို့ စစ်တပ်ကပါ ပူးပေါင်း ကင်းလှည့်သွားမှာ ဖြစ်ပါတယ်။

ဩစတြေးလျဟာ Covid Zeroဆိုတဲ့ မဟာဗျူဟာကို ချမှတ်ပြီး ပြည်တွင်း ကူးစက်မှု လုံးဝ ရပ်တန့်သွားနိုင်ဖို့ ကြိုးစားနေပေမယ့် လတ်တလောမှာတော့ Delta မျိုးကွဲ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဖိစီး နှိပ်စက်မှုတွေနဲ့ ကြုံနေရပါတယ်။ နိုင်ငံရဲ့ အကြီးဆုံး မြို့ကြီးနှစ်ခုဖြစ်တဲ့ ဆစ်ဒနီနဲ့ မဲလ်ဘုန်းတို့မှာလည်း Lockdown ကြေညာထားပြီး လူပေါင်း ၁၀ သန်းကျော်လောက် အိမ်မှာပဲ နေနေကြရပါတယ်။

Public Service Announcement

Public Service Announcement

ဆစ်ဒနီဟာ လတ်တလော ရောဂါကူးစက်မှုတွေရဲ့ ဗဟိုချက် ဖြစ်လာပြီး ဇွန်လနောက်ပိုင်း ကူးစက်ခံရသူ ၆၅၀၀ နီးပါးနဲ့ အသေအပျောက် ၄၀ နီးပါး ရှိလာပါတယ်။ ဩစတြေးလျဟာ ကမ္ဘာပေါ်မှာ Covid-19ကို အအောင်မြင်ဆုံး ထိန်းချုပ်နိုင်တဲ့ နိုင်ငံတစ်ခုအဖြစ် ဂုဏ်ယူနိုင်ခဲ့ဖူးပေမယ့် Deltaမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ်နဲ့ အတွေ့မှာတော့ အတော်လေး ရုန်းကန်နေရပါတယ်။

လက်ရှိ အချိန်ထိ ဩစတြေးလျမှာ ရောဂါကူးစက် ခံရသူ ၃၇၅၀၀ ကျော် ရှိနေပြီး သေဆုံးသူက ၁၀၀၀ နီးပါးထိ များပြားလာကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန် နဲ့ ဩစတေးလျ နိုင်ငံတွေရဲ့ မြို့ သုံးမြို့မှာ တော်လှန်အနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲသုံးပွဲကို ဒီနေ့ (စက်တင်ဘာ၁၂) ပြုလုပ်မှာ ဖြစ်ပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်တပ်အပေါ် အရေးယူမှုတွေ မြှင့်တင်ပေးဖို့ ဩစတြေးလျအစိုးရကို ကမ္ဘာလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (UNI Global Union)အဖွဲ့ဝင်ဖြစ်တဲ့ ဘဏ္ဍာရေးကဏ္ဍအလုပ်သမားသမဂ္ဂ (FSU)က တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

လက်ဆောင် သခွားမွှေးသီးတွေအကြောင်း ဩစတြေးလျ ဝန်ကြီးချုပ်က ပြောပြခဲ့ချိန်မှာ ဂျပန် ဝန်ကြီးချုပ်ရဲ့ အမျိုးသမီး ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို စော်ကားလှောင်ပြောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ယုံကြည် လက်ခံထားခြင်း မရှိဘူးလို့ ဂျပန် အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

အိုင်ယာလန်နဲ့ သြစတြေးလျနိုင်ငံရောက်မြန်မာတွေ စုပေါင်းပြီး (၃၈) နှစ်မြောက် ၈လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အကြို လူထုလှုပ်ရှားမှုတွေ သြဂုတ် ၃ ရက်က ပြုလုပ်ခဲ့ပါတယ်။