Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြောက်ကိုရီးယားက တာဝေးပစ် ခရုစ်ဒုံးကျည် စမ်းသပ်

မြောက်ကိုရီးယား အစိုးရ မီဒီယာ KCNA က စက်တင်ဘာ ၁၂ ရက်မှာ ဒုံးကျည် စမ်းသပ်ခဲ့တယ်ဆိုတဲ့ သတင်းကို အတည်ပြု ဖော်ပြသွားပါတယ်။

တာဝေးပစ် ခရုစ်ဒုံးကျည် အမျိုးအစားသစ် တစ်ခုကို လက်တွေ့ စမ်းသပ် ပစ်ခတ်ခဲ့ကြောင်း မြောက်ကိုရီးယားက ကြေညာခဲ့ပါတယ်။

မြောက်ကိုရီးယား အစိုးရ မီဒီယာ KCNA က စက်တင်ဘာ ၁၂ ရက်မှာ ဒုံးကျည် စမ်းသပ်ခဲ့တယ်ဆိုတဲ့ သတင်းကို အတည်ပြု ဖော်ပြသွားပါတယ်။ အဲဒီ ခရုစ်ဒုံးကျည်ဟာ ကီလိုမီတာ ၁၅၀၀ လောက် ခရီးပေါက်ခဲ့ပြီး ဂျပန်နိုင်ငံထိ ရောက်ရှိနိုင်တဲ့ အကွာအဝေး ဖြစ်ပါတယ်။

အခု ဒုံးကျည် စမ်းသပ်မှုဟာ ကုလသမဂ္ဂရဲ့ လက်နက် ထိန်းချုပ်ရေး ကန့်သတ်ချက်တွေကိုတော့ ချိုးဖောက်ခြင်း မရှိခဲ့ပါဘူး။ မြောက်ကိုရီးယားဟာ ဒုံးကျည်နဲ့ နျူကလီးယား လက်နက် စမ်းသပ်မှုတွေကြောင့် အရင်က နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုတွေ ကြုံခဲ့ရဖူးပါတယ်။

အခု စမ်းသပ်မှုအရ မြောက်ကိုရီးယား အနေနဲ့ တိုက်ချင်းပစ် နည်းပညာ အဆင့်မြှင့်တင်ရေး ရည်မှန်းချက်တွေကို လက်မလျှော့သေးဘူးဆိုတာ မြင်သာစေခဲ့ကြောင်း အမေရိကန် စစ်ဘက် အရာရှိတွေက ပြောကြားခဲ့ပါတယ်။ ပြီးတော့ မြောက်ကိုရီးယားရဲ့ လက်နက် စမ်းသပ်မှုတွေဟာ ဒေသတွင်း နိုင်ငံတွေရဲ့ လုံခြုံရေးနဲ့ တည်ငြိမ် အေးချမ်းမှုကို ခြိမ်းခြောက်လာနိုင်တယ်လို့လည်း ဆိုပါတယ်။

Public Service Announcement

Public Service Announcement

တောင်ကိုရီးယား စစ်ဘက်ကတော့ အမေရိကန် ပညာရှင်တွေနဲ့ ပူးပေါင်းပြီး အခု ဒုံးကျည် စမ်းသပ်မှုနဲ့ ပတ်သက်လို့ အချက်အလက်တွေ လေ့လာ ဆန်းစစ်သွားမယ်လို့ ထုတ်ပြန်ပါတယ်။ ပြီးတော့ ဂျပန်၊ တောင်ကိုရီးယားနဲ့ အမေရိကန် အစိုးရ ကိုယ်စားလှယ်တွေ အခု သီတင်းပတ်ထဲမှာ တွေ့ဆုံ ဆွေးနွေးဖို့လည်း စီစဉ်ထားပါတယ်။

ခရုစ်ဒုံးကျည် အမျိုးအစားတွေဟာ ကုလသမဂ္ဂက အရေးယူ ပိတ်ဆို့ဖို့ သတ်မှတ်ထားတဲ့ စာရင်းထဲမှာ မပါဝင်ပါဘူး။ ဒါပေမဲ့ အခုလုပ်ရပ်ဟာ မြောက်ကိုရီးယားက အမေရိကန်နဲ့ မဟာမိတ်တွေကို စည်းမျဉ်းဘောင်ထဲကနေ ရန်စလိုက်တာလို့ ယူဆရကြောင်း လေ့လာသူတွေက သုံးသပ်ပါတယ်။

ခရုစ် ဒုံးကျည်တွေဟာ အနိမ့်ပျံပြီး ထောက်လှမ်းရှာဖွေရ ခက်ခဲပါတယ်။ KCNA သတင်းဌာနက အခု စမ်းသပ်တဲ့ ဒုံးကျည်မှာ မဟာဗျူဟာ လက်နက်ဆိုတဲ့ အသုံးအနှုန်းကို ထည့်သွင်း ဖော်ပြသွားပါတယ်။ မြောက်ကိုရီးယားဟာ ဒီစကားလုံးကို နျူကလီးယား ထိပ်ဖူး တပ်ဆင်နိုင်အောင် တည်ဆောက်ထားတဲ့ ဒုံးကျည်တွေမှာ ရည်ညွှန်းလေ့ ရှိကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ မြို့တော်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂရဲ့ နျူကလီးယား ထိန်းချုပ်ရေး အေဂျင်စီဟာ စည်းမျဉ်းတွေကို လိုတစ်လို၊ မလိုတစ်မျိုး ကျင့်သုံးနေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တွေ စွန့်လွှတ်ဖို့ အလားအလာကို အရူးတွေပဲ ယုံလိမ့်မယ်လို့ နိုင်ငံ အဓိပတိ ကင်မ်ဂျုံအွန်းရဲ့ ညီမဖြစ်သူက ပြောကြားလိုက်ပါတယ်။