Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

မြောက်ကိုရီးယားက တာဝေးပစ် ခရုစ်ဒုံးကျည် စမ်းသပ်

မြောက်ကိုရီးယား အစိုးရ မီဒီယာ KCNA က စက်တင်ဘာ ၁၂ ရက်မှာ ဒုံးကျည် စမ်းသပ်ခဲ့တယ်ဆိုတဲ့ သတင်းကို အတည်ပြု ဖော်ပြသွားပါတယ်။

တာဝေးပစ် ခရုစ်ဒုံးကျည် အမျိုးအစားသစ် တစ်ခုကို လက်တွေ့ စမ်းသပ် ပစ်ခတ်ခဲ့ကြောင်း မြောက်ကိုရီးယားက ကြေညာခဲ့ပါတယ်။

မြောက်ကိုရီးယား အစိုးရ မီဒီယာ KCNA က စက်တင်ဘာ ၁၂ ရက်မှာ ဒုံးကျည် စမ်းသပ်ခဲ့တယ်ဆိုတဲ့ သတင်းကို အတည်ပြု ဖော်ပြသွားပါတယ်။ အဲဒီ ခရုစ်ဒုံးကျည်ဟာ ကီလိုမီတာ ၁၅၀၀ လောက် ခရီးပေါက်ခဲ့ပြီး ဂျပန်နိုင်ငံထိ ရောက်ရှိနိုင်တဲ့ အကွာအဝေး ဖြစ်ပါတယ်။

အခု ဒုံးကျည် စမ်းသပ်မှုဟာ ကုလသမဂ္ဂရဲ့ လက်နက် ထိန်းချုပ်ရေး ကန့်သတ်ချက်တွေကိုတော့ ချိုးဖောက်ခြင်း မရှိခဲ့ပါဘူး။ မြောက်ကိုရီးယားဟာ ဒုံးကျည်နဲ့ နျူကလီးယား လက်နက် စမ်းသပ်မှုတွေကြောင့် အရင်က နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုတွေ ကြုံခဲ့ရဖူးပါတယ်။

အခု စမ်းသပ်မှုအရ မြောက်ကိုရီးယား အနေနဲ့ တိုက်ချင်းပစ် နည်းပညာ အဆင့်မြှင့်တင်ရေး ရည်မှန်းချက်တွေကို လက်မလျှော့သေးဘူးဆိုတာ မြင်သာစေခဲ့ကြောင်း အမေရိကန် စစ်ဘက် အရာရှိတွေက ပြောကြားခဲ့ပါတယ်။ ပြီးတော့ မြောက်ကိုရီးယားရဲ့ လက်နက် စမ်းသပ်မှုတွေဟာ ဒေသတွင်း နိုင်ငံတွေရဲ့ လုံခြုံရေးနဲ့ တည်ငြိမ် အေးချမ်းမှုကို ခြိမ်းခြောက်လာနိုင်တယ်လို့လည်း ဆိုပါတယ်။

Public Service Announcement

Public Service Announcement

တောင်ကိုရီးယား စစ်ဘက်ကတော့ အမေရိကန် ပညာရှင်တွေနဲ့ ပူးပေါင်းပြီး အခု ဒုံးကျည် စမ်းသပ်မှုနဲ့ ပတ်သက်လို့ အချက်အလက်တွေ လေ့လာ ဆန်းစစ်သွားမယ်လို့ ထုတ်ပြန်ပါတယ်။ ပြီးတော့ ဂျပန်၊ တောင်ကိုရီးယားနဲ့ အမေရိကန် အစိုးရ ကိုယ်စားလှယ်တွေ အခု သီတင်းပတ်ထဲမှာ တွေ့ဆုံ ဆွေးနွေးဖို့လည်း စီစဉ်ထားပါတယ်။

ခရုစ်ဒုံးကျည် အမျိုးအစားတွေဟာ ကုလသမဂ္ဂက အရေးယူ ပိတ်ဆို့ဖို့ သတ်မှတ်ထားတဲ့ စာရင်းထဲမှာ မပါဝင်ပါဘူး။ ဒါပေမဲ့ အခုလုပ်ရပ်ဟာ မြောက်ကိုရီးယားက အမေရိကန်နဲ့ မဟာမိတ်တွေကို စည်းမျဉ်းဘောင်ထဲကနေ ရန်စလိုက်တာလို့ ယူဆရကြောင်း လေ့လာသူတွေက သုံးသပ်ပါတယ်။

ခရုစ် ဒုံးကျည်တွေဟာ အနိမ့်ပျံပြီး ထောက်လှမ်းရှာဖွေရ ခက်ခဲပါတယ်။ KCNA သတင်းဌာနက အခု စမ်းသပ်တဲ့ ဒုံးကျည်မှာ မဟာဗျူဟာ လက်နက်ဆိုတဲ့ အသုံးအနှုန်းကို ထည့်သွင်း ဖော်ပြသွားပါတယ်။ မြောက်ကိုရီးယားဟာ ဒီစကားလုံးကို နျူကလီးယား ထိပ်ဖူး တပ်ဆင်နိုင်အောင် တည်ဆောက်ထားတဲ့ ဒုံးကျည်တွေမှာ ရည်ညွှန်းလေ့ ရှိကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကင်မ်က အဲဒီ တက္ကသိုလ်မှာ မြောက်ကိုရီးယား စစ်ဘက် အရာရှိတွေကို ခေတ်မီ စစ်ရေး မဟာဗျူဟာတွေ၊ နည်းပညာတွေနဲ့ အကျွမ်းတဝင် ရှိလာအောင် ဘယ်လို လေ့ကျင့် သင်ကြားပေးနေသလဲ ဆိုတာကိုလည်း စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ

ကင်မ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း မြောက်ကိုရီးယား စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ် လေ့ကျင့်မှု အစီအစဉ် တစ်ခုကို ကိုယ်တိုင် ကြီးမှူးခဲ့သေးကြောင်း သိရပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားဖက်က ထုတ်ပြန်တဲ့ ဓာတ်ပုံတွေမှာတော့ အနိမ့်ပျံနေတဲ့ ဒုံးကျည်တစ်စင်းဟာ ကမ်းရိုးတန်း တစ်နေရာမှာ တည်ဆောက်ထားတဲ့ ပစ်မှတ် အဆောက်အအုံဆီ ဦးတည်နေတာကို တွေ့ရပါတယ်။

နိုင်ငံတကာ

သူက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီဟာ မြောက်ကိုရီးယားရဲ့ ဂြိုဟ်တု လွှတ်တင်မှုကို ရှုတ်ချဖို့ ဂိုဏ်းစတားဆန်ဆန် တစ်ဖက်သတ် တောင်းဆိုနေတဲ့ အမေရိကန်ကို လိုက်လျောလွန်းနေတယ်လို့လည်း ဝေဖန်ခဲ့ပါတယ်။