Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Deltaမျိုးကွဲကနေ ထပ်ဆင့် ဆင်းသက်လာတဲ့ သန္ဓေပြောင်း ကိုရိုနာဗိုင်းရပ်စ်ကို ပညာရှင်တွေ စောင့်ကြည့်နေ

Deltaမျိုးကွဲ ဗိုင်းရပ်စ်ဟာ ဗြိတိန်နဲ့ ကမ္ဘာ့နိုင်ငံ တချို့မှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေ တကျော့ပြန် အရှိန်မြင့်လာစေတဲ့ အဓိက လက်သည်ဆိုလည်း မမှားပါဘူး။ အခုတော့ ဗြိတိန်မှာ Deltaကနေ ထပ်ဆင့် ဆင်းသက်လာတဲ့ AY.4.2.ဆိုတဲ့ မျိုးကွဲသစ် ကိုရိုနာဗိုင်းရပ်စ် တစ်မျိုးကို ထပ်မံ တွေ့ရှိလာရပါတယ်။

Deltaမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ်ကနေ ဆင့်ပွား ဆင်းသက်လာတဲ့ နောက်ထပ် ဗီဇပြောင်း ဗိုင်းရပ်စ်ကို ဗြိတိန်နဲ့ နိုင်ငံတကာ ပညာရှင်တွေက သတိကြီးကြီး စောင့်ကြည့်နေကြပါတယ်။

Deltaမျိုးကွဲ ဗိုင်းရပ်စ်ဟာ ဗြိတိန်နဲ့ ကမ္ဘာ့နိုင်ငံ တချို့မှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေ တကျော့ပြန် အရှိန်မြင့်လာစေတဲ့ အဓိက လက်သည်ဆိုလည်း မမှားပါဘူး။ အခုတော့ ဗြိတိန်မှာ Deltaကနေ ထပ်ဆင့် ဆင်းသက်လာတဲ့ AY.4.2.ဆိုတဲ့ မျိုးကွဲသစ် ကိုရိုနာဗိုင်းရပ်စ် တစ်မျိုးကို ထပ်မံ တွေ့ရှိလာရပါတယ်။

စက်တင်ဘာ ၂၇ ရက်နောက်ပိုင်း ရောဂါ ကူးစက်မှုတွေရဲ့ ၆ ရာခိုင်နှုန်းလောက်ဟာ AY.4.2.ကြောင့် ဖြစ်လိမ့်မယ်လို့ သုတေသီတွေက ယူဆထားပါတယ်။ ဒီမျိုးကွဲသစ်နဲ့ ပတ်သက်လို့တော့ ဘာမှ တိတိကျကျ မသိရသေးပါဘူး။ AY.4.2.ရဲ့ ဗိုင်းရပ်စ် မျက်နှာပြင်က ပရိုတိန်း အတက်အလက် တည်ဆောက်မှုတွေဟာ Deltaမျိုးကွဲထက် ပိုပြီး ကြီးထွားလာတယ်လို့ ဗြိတိန် ကျန်းမာရေး လုံခြုံမှု ဌာနရဲ့ အစီရင်ခံစာ တစ်စောင်မှာ ဖော်ပြထားပါတယ်။

ကနဦး လေ့လာမှုတွေကို အခြေပြုပြီး AY.4.2.ဟာ Deltaနဲ့ယှဉ်ရင် ရောဂါကူးစက်နိုင်စွမ်း နည်းနည်းလေး ပိုမြင့်လာတယ်လို့ သုတေသီတွေက ယုံကြည်နေပါတယ်။ ဒါပေမဲ့ ဒီအချက်ကို တိတိကျကျတော့ အတည်မပြုနိုင်သေးပါဘူး။ AY.4.2.ဟာ Deltaထက် ကူးစက်နှုန်း ၁၀ ရာခိုင်နှုူန်းလောက် ပိုမြန်လာရင်တောင် အရမ်းကွဲပြားတဲ့ သက်ရောက်မှုမျိုး မရှိနိုင်ဘူးလို့ အမေရိကန် ရောဂါဗေဒ ပညာရှင် ဖရန်ဆွာ ဘောလော့စ်က ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိ ဗြိတိန်မှာ ကူးစက်မှုတွေ အချိုးအစား အရလည်း AY.4.2.ကြောင့် ရောဂါဖြစ်တာတွေက နည်းပါးနေဆဲဖြစ်ကြောင်း၊ ဗြိတိန်မှာ ရောဂါကူးစက်နှုန်း ရုတ်တရက် မြင့်တက်လာအောင် ဒီဗိုင်းရပ်စ် မျိုးကွဲအသစ်က တွန်းတင်လိုက်တာမျိုး မတွေ့ရသေးကြောင်းလည်း သူက ဆိုပါတယ်။

အရင်က တစ်ကမ္ဘာလုံးမှာ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတစ်ခုက အားကောင်းလာပြီဆိုရင် ကျန်တဲ့ မျိုးကွဲတွေအပေါ် လွှမ်းမိုး အသာရသွားလေ့ ရှိပါတယ်။ AY.4.2.ကလည်း ဒီလို ဖြစ်လာနိုင်သလား ဆိုတာကို ခန့်မှန်းဖို့ လောလောဆယ် စောလွန်းနေသေးတယ်လို့ ပညာရှင်တွေက ပြောပါတယ်။

ဘာပဲဖြစ်ဖြစ် Deltaက ဆင်းသက်လာတဲ့ ဒီကိုရိုနာဗိုင်းရပ်စ် အသစ်နဲ့ ပတ်သက်ပြီး ပေါ့ပေါ့ဆဆ သဘောမထားသင့်ကြောင်း နိုင်ငံတကာ ဆေးသုတေသန ပညာရှင် အားလုံးက တညီတညွတ်တည်း လက်ခံထားပါတယ်။ အမေရိကန် အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲမှု ဌာန ကော်မရှင်နာ ဒေါက်တာ စကော့ ဂေါ့လိယက်ဘ်က AY.4.2.အကြောင်း ပိုပြီး စုံစုံလင်လင် တိတိကျကျ သိရှိနိုင်ရေးအတွက် ကြိုးစားအားထုတ်ကြဖို့ နိုင်ငံတကာ သုတေသီတွေကို အလေးအနက် တိုက်တွန်းထားပါတယ်။

ဗြိတိန်ဟာ အနောက်နိုင်ငံတွေထဲမှာ လူဦးရေ အချိုးအစားနဲ့ တွက်ကြည့်ရင် နေ့စဉ် ကူးစက်မှုနှုန်းနဲ့ အသေအပျောက် အများဆုံး နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားရဲ့ မြို့တစ်မြို့ကို ယူကရိန်းက ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ရာမှာ ဗြိတိန်ရဲ့ စစ်လက်နက် ပညာရှင်တွေက ကူညီပံ့ပိုးခဲ့ကြကြောင်း ရုရှားက စွပ်စွဲခဲ့ပါတယ်။

နိုင်ငံတကာ

ကိုဗစ်ကပ်ရောဂါရဲ့ မူလအစနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေ သီအိုရီ အားလုံးကို လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောပါတယ်။

နိုင်ငံတကာ

တစ်ပတ်အတွင်း လူ ၆ ဦး သေဆုံးခဲ့တဲ့နောက် ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ပိုမို နိုးကြားကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုတွေမြင့်တက်လာနေတဲ့အပေါ် ကျန်းမာရေး ပညာရှင် တစ်ဦးက သတိပေး ထောက်ပြခဲ့ပါတယ်။