Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ကမ္ဘာတလွှားမှာ ကျန်းမာရေးဝန်ထမ်း ၁၈၀၀၀၀ လောက်ထိ ကိုဗစ်ကြောင့် သေဆုံးခဲ့ဖွယ်ရှိ

WHOက ဦးစီးတဲ့ Covax စီမံကိန်းအရ အခုနှစ်ကုန်ထိ တစ်ကမ္ဘာလုံးကို ကာကွယ်ဆေး အလုံးရေ ၂ ဘီလီယံလောက် ဖြန့်ဝေပေးဖို့ ရည်ရွယ်ထားပေမယ့် လက်ရှိ အချိန်ထိ အလုံးရေ ၃၇၁ သန်းသာ တင်ပို့ထားနိုင်ကြောင်းလည်း သိရပါတယ်။

ကိုဗစ် ကပ်ရောဂါကြောင့် ကမ္ဘာတလွှားမှာ အသက်ဆုံးရှုံးခဲ့တဲ့ ကျန်းမာရေး ဝန်ထမ်း အရေအတွက် ၁၈၀၀၀၀ လောက်ထိ များပြားနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ခန့်မှန်း ပြောကြားခဲ့ပါတယ်။

လူနာတွေကို အနီးကပ် ပြုစု ကုသရတဲ့ ကျန်းမာရေး ဝန်ထမ်းတွေဟာ ကာကွယ်ဆေး ထိုးနှံတဲ့ စာရင်းမှာ အစောဆုံး နေရာက ရှိသင့်ကြောင်း WHO အကြီးအကဲ ဒေါက်တာ တက်ဒ်ရော့စ် အက်ဒ်ဟာနွမ် ဂျီဘရီယီးဆက်စ်က ပြောပါတယ်။ သူက ကမ္ဘာတလွှားမှာ ကာကွယ်ဆေး ဖြန့်ဝေပေးနေပုံတွေ ညီမျှမှု မရှိတာနဲ့ ပတ်သက်လို့လည်း ထပ်လောင်း ဝေဖန်သွားခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီကစလို့ အခုနှစ်၊ မေလထိ အတောအတွင်း ကမ္ဘာတလွှားမှာ ကပ်ရောဂါနဲ့ ဆက်စပ်ပြီး အသက်ဆုံးရှုံးတဲ့ ကျန်းမာရေးဝန်ထမ်း အရေအတွက် ၈၀၀၀၀ ကနေ ၁၈၀၀၀၀ ထိ များပြားနိုင်တယ်လို့ WHOက ဆိုပါတယ်။ ကမ္ဘာပေါ်မှာ ကျန်းမာရေး ဝန်ထမ်း ဦးရေ စုစုပေါင်းက ၁၃၅ သန်းလောက်ထိ ရှိနိုင်တယ်လို့လည်း သိရပါတယ်။

နိုင်ငံပေါင်း ၁၁၉ ခုက စာရင်းတွေကို အခြေပြု လေ့လာကြည့်တဲ့အခါ ကမ္ဘာပေါ်မှာ ကျန်းမာရေးဝန်ထမ်း ၅ ဦးရှိတိုင်း ၂ ဦးက ကာကွယ်ဆေး ၂ ကြိမ်အပြည့် ထိုးပြီးပြီလို့ ဒေါက်တာ တက်ဒ်ရော့စ်က ပြောပါတယ်။ ဒါပေမဲ့ နိုင်ငံအလိုက်၊ ဒေသအလိုက် ကျန်းမာရေး ဝန်ထမ်းတွေ ဆေးထိုးခွင့် ရကြတာကတော့ ကွာဟချက် ကြီးကြီးမားမား ရှိနေဆဲလို့ သူက ဝန်ခံပါတယ်။ အာဖရိကတိုက်လို ကာကွယ်ဆေး ခွဲတမ်း ရရှိမှု နည်းပါးတဲ့ ဒေသတွေက ကျန်းမာရေး ဝန်ထမ်းတွေမှာတော့ ဆေးထိုးခွင့်ရတဲ့ အချိုးအစား ပါးလျနေဆဲ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အာဖရိကတိုက်မှာ ကျန်းမာရေး ဝန်ထမ်း စုစုပေါင်းရဲ့ ၁၀ ပုံ ၁ ပုံတောင် ကာကွယ်ဆေး မထိုးရသေးဘူးလို့လည်း WHOရဲ့ စာရင်းတွေအရ သိရပါတယ်။ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံကြီးတွေမှာ ကျန်းမာရေး ဝန်ထမ်းတွေ ကာကွယ်ဆေး ထိုးပြီးတဲ့နှုန်းက ပျမ်းမျှ ၁၀ ယောက်မှာ ၈ ယောက်လောက် ရှိနေပါတယ်။

အာဖရိကတိုက် တစ်ခုလုံး လူဦးရေရဲ့ ၅ ရာခိုင်နှုန်းတောင် ကာကွယ်ဆေး မထိုးရသေးပေမယ့် တခြားတိုက်ကြီးတွေမှာတော့ လူဦးရေ ၄၀ ရာခိုင်နှုန်းအထက် ဆေးထိုးပြီးနေပါပြီ။ ဒီလို ဒေသအလိုက် ကာကွယ်ဆေး ရရှိမှု ကွာဟနေတဲ့ ပြဿနာကို မဖြေရှင်းနိုင်ရင် ကပ်ရောဂါဟာ ဖြစ်သင့်တာထက် တစ်နှစ်လောက် ပိုကြာနေဦးမယ်လို့လည်း WHOက သတိပေးထားပါတယ်။

WHOက ဦးစီးတဲ့ Covax စီမံကိန်းအရ အခုနှစ်ကုန်ထိ တစ်ကမ္ဘာလုံးကို ကာကွယ်ဆေး အလုံးရေ ၂ ဘီလီယံလောက် ဖြန့်ဝေပေးဖို့ ရည်ရွယ်ထားပေမယ့် လက်ရှိ အချိန်ထိ အလုံးရေ ၃၇၁ သန်းသာ တင်ပို့ထားနိုင်ကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။