Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကမ္ဘာတလွှားမှာ ကျန်းမာရေးဝန်ထမ်း ၁၈၀၀၀၀ လောက်ထိ ကိုဗစ်ကြောင့် သေဆုံးခဲ့ဖွယ်ရှိ

WHOက ဦးစီးတဲ့ Covax စီမံကိန်းအရ အခုနှစ်ကုန်ထိ တစ်ကမ္ဘာလုံးကို ကာကွယ်ဆေး အလုံးရေ ၂ ဘီလီယံလောက် ဖြန့်ဝေပေးဖို့ ရည်ရွယ်ထားပေမယ့် လက်ရှိ အချိန်ထိ အလုံးရေ ၃၇၁ သန်းသာ တင်ပို့ထားနိုင်ကြောင်းလည်း သိရပါတယ်။

ကိုဗစ် ကပ်ရောဂါကြောင့် ကမ္ဘာတလွှားမှာ အသက်ဆုံးရှုံးခဲ့တဲ့ ကျန်းမာရေး ဝန်ထမ်း အရေအတွက် ၁၈၀၀၀၀ လောက်ထိ များပြားနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ခန့်မှန်း ပြောကြားခဲ့ပါတယ်။

လူနာတွေကို အနီးကပ် ပြုစု ကုသရတဲ့ ကျန်းမာရေး ဝန်ထမ်းတွေဟာ ကာကွယ်ဆေး ထိုးနှံတဲ့ စာရင်းမှာ အစောဆုံး နေရာက ရှိသင့်ကြောင်း WHO အကြီးအကဲ ဒေါက်တာ တက်ဒ်ရော့စ် အက်ဒ်ဟာနွမ် ဂျီဘရီယီးဆက်စ်က ပြောပါတယ်။ သူက ကမ္ဘာတလွှားမှာ ကာကွယ်ဆေး ဖြန့်ဝေပေးနေပုံတွေ ညီမျှမှု မရှိတာနဲ့ ပတ်သက်လို့လည်း ထပ်လောင်း ဝေဖန်သွားခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီကစလို့ အခုနှစ်၊ မေလထိ အတောအတွင်း ကမ္ဘာတလွှားမှာ ကပ်ရောဂါနဲ့ ဆက်စပ်ပြီး အသက်ဆုံးရှုံးတဲ့ ကျန်းမာရေးဝန်ထမ်း အရေအတွက် ၈၀၀၀၀ ကနေ ၁၈၀၀၀၀ ထိ များပြားနိုင်တယ်လို့ WHOက ဆိုပါတယ်။ ကမ္ဘာပေါ်မှာ ကျန်းမာရေး ဝန်ထမ်း ဦးရေ စုစုပေါင်းက ၁၃၅ သန်းလောက်ထိ ရှိနိုင်တယ်လို့လည်း သိရပါတယ်။

နိုင်ငံပေါင်း ၁၁၉ ခုက စာရင်းတွေကို အခြေပြု လေ့လာကြည့်တဲ့အခါ ကမ္ဘာပေါ်မှာ ကျန်းမာရေးဝန်ထမ်း ၅ ဦးရှိတိုင်း ၂ ဦးက ကာကွယ်ဆေး ၂ ကြိမ်အပြည့် ထိုးပြီးပြီလို့ ဒေါက်တာ တက်ဒ်ရော့စ်က ပြောပါတယ်။ ဒါပေမဲ့ နိုင်ငံအလိုက်၊ ဒေသအလိုက် ကျန်းမာရေး ဝန်ထမ်းတွေ ဆေးထိုးခွင့် ရကြတာကတော့ ကွာဟချက် ကြီးကြီးမားမား ရှိနေဆဲလို့ သူက ဝန်ခံပါတယ်။ အာဖရိကတိုက်လို ကာကွယ်ဆေး ခွဲတမ်း ရရှိမှု နည်းပါးတဲ့ ဒေသတွေက ကျန်းမာရေး ဝန်ထမ်းတွေမှာတော့ ဆေးထိုးခွင့်ရတဲ့ အချိုးအစား ပါးလျနေဆဲ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အာဖရိကတိုက်မှာ ကျန်းမာရေး ဝန်ထမ်း စုစုပေါင်းရဲ့ ၁၀ ပုံ ၁ ပုံတောင် ကာကွယ်ဆေး မထိုးရသေးဘူးလို့လည်း WHOရဲ့ စာရင်းတွေအရ သိရပါတယ်။ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံကြီးတွေမှာ ကျန်းမာရေး ဝန်ထမ်းတွေ ကာကွယ်ဆေး ထိုးပြီးတဲ့နှုန်းက ပျမ်းမျှ ၁၀ ယောက်မှာ ၈ ယောက်လောက် ရှိနေပါတယ်။

အာဖရိကတိုက် တစ်ခုလုံး လူဦးရေရဲ့ ၅ ရာခိုင်နှုန်းတောင် ကာကွယ်ဆေး မထိုးရသေးပေမယ့် တခြားတိုက်ကြီးတွေမှာတော့ လူဦးရေ ၄၀ ရာခိုင်နှုန်းအထက် ဆေးထိုးပြီးနေပါပြီ။ ဒီလို ဒေသအလိုက် ကာကွယ်ဆေး ရရှိမှု ကွာဟနေတဲ့ ပြဿနာကို မဖြေရှင်းနိုင်ရင် ကပ်ရောဂါဟာ ဖြစ်သင့်တာထက် တစ်နှစ်လောက် ပိုကြာနေဦးမယ်လို့လည်း WHOက သတိပေးထားပါတယ်။

WHOက ဦးစီးတဲ့ Covax စီမံကိန်းအရ အခုနှစ်ကုန်ထိ တစ်ကမ္ဘာလုံးကို ကာကွယ်ဆေး အလုံးရေ ၂ ဘီလီယံလောက် ဖြန့်ဝေပေးဖို့ ရည်ရွယ်ထားပေမယ့် လက်ရှိ အချိန်ထိ အလုံးရေ ၃၇၁ သန်းသာ တင်ပို့ထားနိုင်ကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အရက်ဘား မီးလောင်မှုကြောင့် သေဆုံးသူဟာ ၃၀ ထိ မြင့်တက်လာကြောင်း သိရပါတယ်။