Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကိုဗစ် ဖြစ်နေပေမယ့် ဝန်ကြီးချုပ် ခန့်အပ်ပွဲကို မှန်လုံအိမ်နဲ့ တက်ရောက်ခဲ့တဲ့ ချက် သမ္မတ

ဇီမန်းဟာ ကိုဗစ်ရောဂါ ခံစားနေရပေမယ့်လည်း လေးထောင့် မှန်လုံအိမ် တစ်လုံးထဲမှာ ဘီးတပ် ကုလားထိုင်ပေါ် ထိုင်ပြီး လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ပါဝင် ဆောင်ရွက်ပေးသွားခဲ့ပါတယ်။

ကိုယ်တိုင်က ကိုဗစ်ရောဂါ ဖြစ်ပွားနေပေမယ့် ချက်နိုင်ငံ သမ္မတဟာ ဝန်ကြီးချုပ်သစ် ခန့်အပ်ပွဲကို မှန်လုံအိမ်ထဲကနေတဆင့် တက်ရောက်ခဲ့ပါတယ်။

သမ္မတ မီလော့စ် ဇီမန်းဟာ ကိုဗစ်ရောဂါ စွဲကပ်နေကြောင်း ဆေးစစ် အတည်ပြု တွေ့ရှိထားပါတယ်။ ဒါပေမဲ့ သူဟာ ဗဟို လက်ယာယိမ်း နိုင်ငံရေး မဟာမိတ် ခေါင်းဆောင် ပီတာ ဖီယာလာကို ဝန်ကြီးချုပ်သစ် ရာထူးမှာ ခန့်အပ်မယ့် အခမ်းအနားကို တက်ရောက်ဖို့ အပျက်ကွက် မခံခဲ့ပါဘူး။

ဖီယာလာဟာ ဗဟို လက်ယာယိမ်း အတိုက်အခံ ငါးပါတီ ဖွဲ့စည်းထားတဲ့ နိုင်ငံရေး မဟာမိတ် အင်အားစုကို ဦးဆောင်ပြီး အောက်တိုဘာ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါတယ်။ နိုဝင်ဘာ ၂၈ ရက်က ဖီယာလာ ဦးဆောင်တဲ့ အစိုးရသစ်ဟာ တရားဝင် ရာထူး လက်ခံခဲ့ပြီး သမ္မတ ဇီမန်းက ဒီအခမ်းအနားကို ကြီးမှူးခဲ့တာပါ။

ဇီမန်းဟာ ကိုဗစ်ရောဂါ ခံစားနေရပေမယ့်လည်း လေးထောင့် မှန်လုံအိမ် တစ်လုံးထဲမှာ ဘီးတပ် ကုလားထိုင်ပေါ် ထိုင်ပြီး လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ပါဝင် ဆောင်ရွက်ပေးသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဖီယာလာ ဦးဆောင်တဲ့ အစိုးရသစ်ဟာ ပြည်တွင်းမှာ ကပ်ရောဂါ ကူးစက်နှုန်း မြင့်တက်လာပြီး ဆေးရုံ ဆေးခန်းတွေ မလောက်မငှ ဖြစ်လာတာ၊ စွမ်းအင် လိုအပ်ချက်တွေ မြင့်မားလာတာ အစရှိတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင် ဖြေရှင်းရမှာပါ။

အစိုးရသစ် အတွက်တော့ ရှုပ်ထွေးလွန်းပြီး စိန်ခေါ်မှုတွေ အများကြီးကို ကိုင်တွယ်ရမယ့် ကာလမျိုး ရောက်နေကြောင်း၊ သူ့အနေနဲ့ ချက်နိုင်ငံမှာ အနာဂတ်ကို ပြောင်းလဲပေးမယ့် အစိုးရ အဖွဲ့မျိုး ဖြစ်လာဖို့ မျှော်လင့်ကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ ဖီယာလာက ပြောကြားသွားပါတယ်။

အခမ်းအနားကို သမ္မတ ဇီမန်း တက်ရောက်လာချိန်မှာ အကာအကွယ် ဝတ်စုံပြည့် ဝတ်ဆင်ထားတဲ့ ဆေးဝန်ထမ်းတွေက သူ့ကို အကူအညီ ပေးခဲ့ကြပါတယ်။ ဇီမန်းဟာ သီးခြား ဖျားနာမှု တစ်ခုကြောင့် ဆေးရုံမှာ သီတင်း ခြောက်ပတ်လောက် တက်ရောက်နေရင်း ကိုဗစ်ရောဂါပါ ကူးစက် ခံခဲ့ရတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

နိုင်ငံတကာ

ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီ နုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲ တစ်ခုမှာ ပါဝင်ခဲ့တဲ့နောက် အိန္ဒိယ အတိုက်အခံ ခေါင်းဆောင် ရာဟူလ်ဂန္ဒီကို ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ပါတယ်။

နိုင်ငံတကာ

ပြည်သူအားလုံးအတွက် ရပ်တည်ပေးတဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်လာဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ဗြိတိန် ဝန်ကြီးချုပ် အလောင်းအလျာ အန်ဒီ ဘန်ဟမ်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေခဲ့တဲ့အတိုင်း ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာဟာ ရာထူးကနေ နုတ်ထွက်မယ်လို့ အတည်ပြု ကြေညာသွားခဲ့ပါတယ်။