Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒက်စ်မွန်တူးတူး ကွယ်လွန်

တူးတူးဟာ တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆန် မန်ဒဲလားလိုပဲ နိုင်ငံရဲ့ အထင်ရှားဆုံး၊ လူသိအများဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့ပါတယ်။

အသားရောင် ခွဲခြားမှု တိုက်ဖျက်ရေး ဦးဆောင် လှုပ်ရှားသူနဲ့ နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင် တစ်ဦးဖြစ်တဲ့ ဒက်စ်မွန်တူးတူးဟာ အသက် ၉၀ အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။

တောင်အာဖရိက သမ္မတ ဆိုင်ရဲလ် ရာမာဖိုဆာက ကိပ်တောင်းမြို့ရဲ့ သာသနာပိုင်ချုပ်ဟောင်း တူးတူး ကွယ်လွန်တဲ့ သတင်းကို ဒီဇင်ဘာ ၂၆ ရက်မှာ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။ တူးတူးဟာ တောင်အာဖရိကမှာ ရဲရင့်ပြီး အမှန်တရားကို မြတ်နိုးတဲ့ မျိုးဆက်တစ်ခုကို ကိုယ်စားပြုခဲ့တဲ့ အထင်ကရ ပုံရိပ် တစ်ခုဖြစ်ပြီး တစ်နိုင်ငံလုံးအတွက် ဆုံးရှုံးမှုကြီး တစ်ခုလို့ သမ္မတက ဆိုပါတယ်။

တူးတူးဟာ တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆန် မန်ဒဲလားလိုပဲ နိုင်ငံရဲ့ အထင်ရှားဆုံး၊ လူသိအများဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့ပါတယ်။ လူနည်းစု လူဖြူတွေက နိုင်ငံသား လူမည်း အများစုကို ခွဲခြားဆက်ဆံပြီး ကြီးစိုး အုပ်ချုပ်ခဲ့တဲ့ နိုင်ငံရေး စနစ်ကို တူးတူးက ရွပ်ရွပ်ချွံချွံ ဆန့်ကျင်ခဲ့ပါတယ်။

သူဟာ ၁၉၈၄ ခုနှစ်မှာတော့ အသားရောင် ခွဲခြားမှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ အပြင်းအထန် ကြိုးစား ရုန်းကန်ခဲ့တဲ့အတွက် နိုဘယ်လ် ငြိမ်းချမ်းရေးဆု ချီးမြှင့် ခံခဲ့ရပါတယ်။ တူးတူးဟာ တောင်အာဖရိကရဲ့ နောက်ဆုံး လူဖြူ သမ္မတ ဖရက်ဒရစ်ခ် ဝီလျံ ဒီကလာ့ခ် သေဆုံးပြီး တစ်လကျော်လောက် အကြာမှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ ဒီကလာ့ခ် ဦးဆောင်တဲ့ အစိုးရ အဖွဲ့ဟာ တောင်အာဖရိကရဲ့ အသားရောင် ခွဲခြားမှု စနစ်ကို ဖျက်သိမ်းစေခဲ့ပြီး သူကိုယ်တိုင်လည်း ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိ သမ္မတ ရာမာဖိုဆာက တူးတူးဟာ တောင်အာဖရိကအတွက် အထင်ကရ အဖြစ်ဆုံး ဘာသာရေးနဲ့ အသားရောင် ခွဲခြားမှု တိုက်ဖျက်ရေး လှုပ်ရှားမှု ခေါင်းဆောင်တစ်ဦး၊ တစ်ကမ္ဘာလုံးအတွက် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားမှုမှာ အထူး ထင်ရှားသူ တစ်ဦးအဖြစ် ချီးကျူးခဲ့ပါတယ်။ ၂၀၁၇ တုန်းက တူးတူးဟာ မြန်မာနိုင်ငံမှာ စစ်တပ်က ရိုဟင်ဂျာ မျိုးနွယ်စုတွေအပေါ် ညှင်းပန်း သတ်ဖြတ်နေတာတွေ ရပ်တန့်ပေးဖို့အတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်း တောင်းဆိုခဲ့ဖူးပါတယ်။

တူးတူး ကွယ်လွန်ရတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးဘဲ သတင်းဖော်ပြမှုတွေ ရှုပ်ထွေးနေဆဲ ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ကျန်းမာရေး ချွတ်ယွင်းမှုတွေ ရှိလာတယ်လို့တော့ နီးစပ်သူတွေက ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကိုယ်တိုင်က ဒုစရိုက်ဂိုဏ်းတွေနဲ့ ယှက်နွှယ် ပတ်သက်နေကြောင်း စွပ်စွဲ ခံရတဲ့နောက် တောင်အာဖရိက ရဲတပ်ဖွဲ့ အကြီးအကဲဟာ ရာထူးကနေ ဆိုင်းငံ့ ခံထားလိုက်ရပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတဟောင်း၊ နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင်ဟောင်း ဂျင်မီကာတာဟာ အသက် ၁၀၀ အရွယ်မှာ ကွယ်လွန်သွားခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ပရော်ဖက်ဆာ မူဟာမက် ယူနွတ်စ်ဟာ ဘင်္ဂလားဒေ့ရှ် ကြားကာလ အစိုးရရဲ့ အကြီးအကဲအဖြစ် တရားဝင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။

နိုင်ငံတကာ

နောက်ဆုံးမှာတော့ ရုရှားက ပူတင်ဟာ အစည်းအဝေး တက်ဖြစ်တော့မှာ မဟုတ်ဘူးလို့ တောင်အာဖရိကဆီ ဆက်သွယ် အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် နိုင်ငံတကာ ဥပဒေရေးရာ ဘေးကျပ်နံကျပ် အခြေအနေကနေ အိမ်ရှင်နိုင်ငံ အနေနဲ့ လွတ်မြောက်သွားတဲ့ သဘောပါပဲ။