Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဩစတြေးလျမှာ ကိုဗစ်လူနာ ၄၀၀ လောက်ရဲ့ ဆေးစစ်ရလဒ် အဖြေ အမှားအယွင်းဖြစ်

ဒီဇင်ဘာ ၂၆ ရက် ထုတ်ပြန်ချက်အရ ဆေးရုံရဲ့ ဓာတ်ခွဲဌာနမှာ လူ့အမှားကြောင့် အခုလို လွဲချော်မှုတွေ ဖြစ်ခဲ့တာလို့ ဖော်ပြထားပါတယ်။ ဒီဇင်ဘာ ၂၂ ရက်နဲ့ ၂၃ ရက်မှာ ဆေးစစ်ခဲ့သူတွေမှာ ဆေးစစ်ရလဒ် အမှားတွေ ရှိနေခဲ့တာပါ။

ဩစတြေးလျ နိုင်ငံက ဆေးစစ်စင်တာ တစ်ခုဟာ ကိုဗစ်လူနာ ၄၀၀ လောက်ကို ဆေးစစ်ရလဒ် အမှားတွေ မတော်တဆ အကြောင်းကြားခဲ့မိကြောင်း သိရပါတယ်။

အဲဒီ လူ ၄၀၀ လောက်ဟာ အမှန်တကယ်မှာ ဆေးစစ်ရလဒ် Positiveအဖြေ ထွက်ခဲ့ပေမယ့် ဆေးရုံကတော့ Negativeဖြစ်တယ်၊ ရောဂါ ကူးစက်မထားဘူးလို့ မှားယွင်း အသိပေးခဲ့တာ ဖြစ်ပါတယ်။ စိန့်ဗင်းဆင့် ဆေးရုံက ဒီလို ဆိုးဆိုးရွားရွား လွဲချော်သွားတဲ့ အမှားကို ထုတ်ပြန် အတည်ပြုပြီး တောင်းပန်ခဲ့ပါတယ်။

ဒီဇင်ဘာ ၂၆ ရက် ထုတ်ပြန်ချက်အရ ဆေးရုံရဲ့ ဓာတ်ခွဲဌာနမှာ လူ့အမှားကြောင့် အခုလို လွဲချော်မှုတွေ ဖြစ်ခဲ့တာလို့ ဖော်ပြထားပါတယ်။ ဒီဇင်ဘာ ၂၂ ရက်နဲ့ ၂၃ ရက်မှာ ဆေးစစ်ခဲ့သူတွေမှာ ဆေးစစ်ရလဒ် အမှားတွေ ရှိနေခဲ့တာပါ။

အခုတော့ လွဲချော်သွားရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ အရေးပေါ် စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း၊ လူသားတွေရဲ့ အမှားအယွင်း တစ်ခုခုကြောင့် ဖြစ်နိုင်တယ်လို့ ကနဦး ယူဆထားကြောင်း ဆေးရုံက ကြေညာပါတယ်။

Public Service Announcement

Public Service Announcement

ဆေးစစ်ရလဒ် မှားယွင်းခဲ့တဲ့ အသက် ၃၄ နှစ်အရွယ် အမျိုးသား တစ်ဦးက သူ့ဆေးစစ်အဖြေ Negative ဖြစ်ခဲ့ပေမယ့် ရက်ပိုင်းအတွင်း နေထိုင်မကောင်းဘဲ ဖျားနာလာလို့ သံသယ ဝင်ခဲ့မိကြောင်း ပြောပါတယ်။ သူ့ဆရာဝန်က ဆေးစစ်ရလဒ်ကို ယုံကြည်သင့်ကြောင်း ပြောပေမယ့် စိတ်ရှင်းချင်လို့ ဆေးရုံကို နောက်တစ်ခါ ပြန်သွားပြီး စစ်ဆေးမှု ခံယူခဲ့ကြောင်း သူက ဆိုပါတယ်။

သူဖျားနာတဲ့ လက္ခဏာတွေက ကိုဗစ်နဲ့ ဆင်တူနေတဲ့အကြောင်း ဆေးရုံက ဆရာဝန်တွေဆီ ပြောပြခဲ့ကြောင်း၊ နောက်ပိုင်းကျမှ ဆေးရုံက ဒီအမှားကို သိရှိပြီး ပြန်တောင်းပန်ကြောင်း၊ ဖြစ်ပျက်ခဲ့တာတွေက အတော်ကြီး စိတ်ရှုပ်စရာကောင်းကြောင်း အဲဒီ အမျိုးသားက ဆိုပါတယ်။ ပထမအကြိမ် ဆေးစစ်ရလဒ် Negative ထွက်ခဲ့ပြီး ၈၅ နာရီကြာမှ ကိုဗစ်ရောဂါ ခံစားနေရတယ်ဆိုတာ အတည်ပြုနိုင်ခဲ့တာလို့လည်း သူက ရှင်းပြပါတယ်။

လက်ရှိ အချိန်မှာ Omicronမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေဟာ ကမ္ဘာအနှံ့မှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပြီး နိုင်ငံတချို့မှာ ကူးစက်နှုန်း သိသိသာသာ ပြန်လည် မြင့်တက်လာနေပါတယ်။ Omicronဟာ လက်ရှိ အသုံးပြုနေတဲ့ ကာကွယ်ဆေးတွေရဲ့ အာနိသင်ကို ကျော်လွှားနိုင်တယ်ဆိုတဲ့ ယူဆမှုတွေ ရှိနေပေမယ့် ဆေးထိုးထားသူတွေမှာ ရောဂါလက္ခဏာ ပြင်းထန်နိုင်တဲ့ အခြေအနေတွေတော့ လျော့ကျသွားဖွယ် ရှိနေကြောင်း ပညာရှင်တွေက မှတ်ချက် ပေးထားကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အာရှ-ပစိဖိတ်ရပ်ဝန်းမှာ စစ်အင်အား အပြိုင်အဆိုင် ချဲ့ထွင် တည်ဆောက်လာတဲ့ အခြေအနေတွေကို အမီလိုက်ဖို့အတွက် ဩစတြေးလျ ရေတပ်ဟာလည်း ခေတ်နဲ့အညီ အဆင့်မြှင့် ပြင်ဆင် ပြောင်းလဲရမယ်လို့ ကာကွယ်ရေးဝန်ကြီး ရစ်ချတ်မားလ်စ်က ပြောပါတယ်။

သတင်း

အခုလို အရေးယူ ပိတ်ဆို့မှုတွေဟာ အာဏာသိမ်း စစ်တပ်က ပြည်သူလူထုအပေါ် ကြမ်းကြုတ် ရက်စက်လှတဲ့ လုပ်ရပ်တွေ ကျူးလွန်နေတာကို ကန့်သတ် လျှော့ချဖို့ ရည်ရွယ်ထားတာ ဖြစ်တယ်လို့ ဩစတြေးလျက ထုတ်ပြန်ပါတယ်။

ဆောင်းပါး

လုံခြုံရေးအခြေနေအရ တစ်မြို့ကနေအခြားတစ်မြို့ဆီ ပြောင်းရွှေ့ဖူးတာတော့ ရှိတယ်။ ဒါပေမဲ့ ခရီးသွားသက်သက် အနေနဲ့ ဘယ်မှ မထွက်ဖြစ်ခဲ့ဘူး။ ခုမှ မိသားစုကိစ္စနဲ့ ခရီးတစ်ခုသွားဖို့ ကြုံလာတာ။ မြို့တော်ရန်ကုန်ကနေတွက်ရင် မိုင် ၂၅၀ လောက်ဝေးတဲ့ ခရီးဆိုပါတော့။

နိုင်ငံတကာ

Optusဟာ အင်တာနက် ပြတ်တောက်တဲ့ ကိစ္စအပြင် မနှစ်တုန်းက အချက်အလက် ပေါက်ကြားမှုတွေ ဆိုးဆိုးရွားရွား ကြုံတွေ့ခဲ့ရဖူးပါတယ်။ အဲဒီတုန်းကလည်း ကုမ္ပဏီကို ရို့စ်မာရင်ပဲ အဓိက မောင်းနှင် ဦးဆောင်နေခဲ့တာပါ။