Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အဆန်းထွင်ထားတဲ့ နှာခေါင်းစည်း ဒီဇိုင်းတွေအကြောင်း တောင်ကိုရီးယားမှာ ဝေဖန်မှုတွေ မြင့်တက်နေ

ဒါပေမဲ့ ကျန်းမာရေး ပညာရှင်တွေကတော့ ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ Sars-Cov-2 ကိုရိုနာ ဗိုင်းရပ်စ် အပါအဝင် ရောဂါပိုးတွေဟာ နှာခေါင်းသာမက၊ ပါးစပ်ကနေ တဆင့်လည်း အသက်ရှူ လမ်းကြောင်းထဲ ဝင်ရောက်နိုင်ကြောင်း ထောက်ပြကြပါတယ်။

အဆန်းထွင်ပြီး ထုတ်လုပ်ထားတဲ့ နှာခေါင်းစည်း Mask ဒီဇိုင်းသစ် တချို့နဲ့ ပတ်သက်လို့ တောင်ကိုရီးယားမှာ ဝေဖန်မှု၊ အငြင်းပွားမှုတွေ ဖြစ်ပေါ်နေပါတယ်။

Koskလို့ နာမည်ပေးထားတဲ့ Maskဟာ ဗိုင်းရပ်စ် ကူးစက်မှုကို ကာကွယ်ဖို့ ထုတ်လုပ်ထားတာလို့ ကြေညာခဲ့ပေမယ့် ပါးစပ်နေရာကို အဖြုတ်အတပ် လုပ်နိုင်အောင် ပြောင်းလဲ ချုပ်လုပ်ထားပါတယ်။ ဒီလို ဒီဇိုင်း ထုတ်ထားတဲ့ ရည်ရွယ်ချက်က ဝတ်ဆင်သူ အစားအသောက် စားတဲ့အခါ အဆင်ပြေစေဖို့ ဖြစ်တယ်လို့ ရောင်းချတဲ့ ကုမ္ပဏီ Atmanက ပြောပါတယ်။

Mask ၁၀ ခုပါတဲ့ ဘူးတစ်ဘူးကို ၉၈၀၀ ဝမ် (၈ ဒေါ်လာ ကျော်ကျော်) စျေးနှုန်းနဲ့ အွန်လိုင်းမှာ ရောင်းချနေတာ ဖြစ်ပါတယ်။ နှစ်ပိုင်းခွဲထားတဲ့ Maskဟာ အစားအသောက် စားတဲ့ အချိန်ကျရင် ပါးစပ်နားက တစ်လွှာကို အလွယ်တကူ ဖြုတ်ထားရုံပဲလို့ အွန်လိုင်း အရောင်းဆိုင် Coupangမှာ ကြော်ငြာထားတာ တွေ့ရပါတယ်။

ဒါပေမဲ့ ကျန်းမာရေး ပညာရှင်တွေကတော့ ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ Sars-Cov-2 ကိုရိုနာ ဗိုင်းရပ်စ် အပါအဝင် ရောဂါပိုးတွေဟာ နှာခေါင်းသာမက၊ ပါးစပ်ကနေ တဆင့်လည်း အသက်ရှူ လမ်းကြောင်းထဲ ဝင်ရောက်နိုင်ကြောင်း ထောက်ပြကြပါတယ်။

Public Service Announcement

Public Service Announcement

Kosk အပြင် Spar Clone Fabricက ထုတ်လုပ်တဲ့ Copper Antivirus Nose Maskဆိုတဲ့ ထုတ်ကုန်ကိုလည်း Coupangမှာ ရောင်းချနေပြီး အငြင်းပွားစရာတွေ ဖြစ်နေပါတယ်။ အဲဒီ Maskကတော့ နှာခေါင်း တစ်နေရာစာကိုပဲ ကာကွယ်ပေးပြီး ပါးစပ်တဝိုက်ကို လုံးဝ လွှတ်ထားပေးတဲ့ ပုံစံမျိုး ချုပ်လုပ်ထားတာပါ။ အရောင်မျိုးစုံ မှာယူနိုင်ပြီး ပြန်လည် လျှော်ဖွပ် အသုံးပြုနိုင်တဲ့ Maskသုံးခု ပါဝင်တဲ့ တစ်ဘူးကို ဝမ် ၂၀၀၀ (၁ ဒေါ်လာခွဲကျော်ကျော်) တန်ဖိုး ကျသင့်မှာ ဖြစ်ပါတယ်။

ရောဂါ တားဆီး ကာကွယ်ရေးနဲ့ ပတ်သက်ရင် အငြင်းပွားစရာတွေ အများကြီး ရှိနိုင်တဲ့ ဒီလို Maskမျိုးတွေဟာ ဝယ်ယူသူတွေကို အတော်ကြီး ဆွဲဆောင်နေကြောင်းလည်း သိရပါတယ်။ လူမှုကွန်ရက် သုံးစွဲသူတွေက ဒီထုတ်ကုန်မျိုးတွေကို ဝယ်ယူတယ် ဆိုတာဟာ လိုက်မမီတဲ့ အဆင့်ထိ မိုက်မဲတာမျိုး ဖြစ်နေပြီလို့ ဝေဖန်နေကြပါတယ်။

ဒီMaskမျိုးကို တပ်ဆင်သူတွေဟာ ပုံမှန် Maskကို နှာခေါင်းဖော် ဝတ်နေသူတွေနဲ့ ဘာမှ မခြားဘူးလို့လည်း Twitter သုံးစွဲသူ တစ်ဦးက ရေးသားထားပါတယ်။ ဩစတြေးလျနိုင်ငံ၊ ဒီရာကင် တက္ကသိုလ်ရဲ့ ကျန်းမာရေး ပြုပြင်ပြောင်းလဲမှုဌာန အကြီးအကဲ ပရော်ဖက်ဆာ ကက်သရင်း ဘန်းနက်ကတော့ နှာခေါင်းကိုပဲ ကာထားတယ်ဆိုတဲ့ Maskမျိုးက တော်တော် အူကြောင်ကြောင်နိုင်တဲ့ အတွေးအခေါ် ဖြစ်ပေမယ့် လုံးဝ Maskတပ်မထားတာထက်တော့ ပိုအဆင်ပြေလောက်ပါတယ်လို့ အရွှန်းဖောက်သွားပါတယ်။

တောင်ကိုရီးယားဟာ လတ်တလောမှာ တစ်နေ့ကို ကိုဗစ်လူနာသစ် ၂ သောင်းကျော်လောက် တိုးပွားလာတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါပေမဲ့ အာရှတိုက် အရှေ့ပိုင်းက နိုင်ငံဟာ ကပ်ရောဂါကြောင့် သေပျောက်နှုန်းကိုတော့ အတော်ကြီး ထိထိရောက်ရောက် လျှော့ချထားနိုင်ပါတယ်။ တောင်ကိုရီးယားမှာ လူ ၁ သန်း ရောဂါ ကူးစက်ရင် သေပျောက်နှုန်းက ပျမ်းမျှ ၁၃၃ ဦးသာ ရှိပါတယ်။ ဗြိတိန်နဲ့ အမေရိကန်တို့မှာတော့ ပျမ်းမျှ ကိုဗစ်လူနာ ၁ သန်းရှိတိုင်း ၂၃၀၀ နဲ့ ၂၇၄၇ ဦးစီ သေဆုံးနေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

လုံခြုံရေးအခြေနေအရ တစ်မြို့ကနေအခြားတစ်မြို့ဆီ ပြောင်းရွှေ့ဖူးတာတော့ ရှိတယ်။ ဒါပေမဲ့ ခရီးသွားသက်သက် အနေနဲ့ ဘယ်မှ မထွက်ဖြစ်ခဲ့ဘူး။ ခုမှ မိသားစုကိစ္စနဲ့ ခရီးတစ်ခုသွားဖို့ ကြုံလာတာ။ မြို့တော်ရန်ကုန်ကနေတွက်ရင် မိုင် ၂၅၀ လောက်ဝေးတဲ့ ခရီးဆိုပါတော့။

နိုင်ငံတကာ

လီယောင်ဆိုဟာ ကိုရီးယား နှစ်နိုင်ငံ ပေါင်းစည်းရေးအတွက် တက်ကြွ လှုံ့ဆော်သူ တဦးဖြစ်ပြီး သူက မြောက်ကိုရီးယားကို တခမ်းတနား ဂုဏ်ပြု ရေးဖွဲ့ထားတဲ့ ကဗျာကို ၂၀၁၆ ခုနှစ်မှာ မြောက်ကိုရီးယား အစိုးရ မီဒီယာက ဝါဒဖြန့် ဖော်ပြခဲ့ဖူးပါတယ်။

နိုင်ငံတကာ

ရုရှားဟာ မြောက်ကိုရီးယားထက် ဂြိုဟ်တု နည်းပညာပိုင်းမှာ ဆယ်စုနှစ်တွေနဲ့ချီ ရှေ့ရောက်နေတဲ့ နိုင်ငံတစ်ခု ဖြစ်တာကြောင့်ပါ။

နိုင်ငံတကာ

အမျိုးသားဟာ မျက်နှာနဲ့ ရင်ဘတ်မှာ ဆိုးဆိုးရွားရွား ပိမိတဲ့ ဒဏ်ရာတွေ ရရှိခဲ့ပြီး ဆေးရုံကို တင်ပို့ခဲ့ပေမယ့် ကွယ်လွန်သွားခဲ့ကြောင်း ယွန်ဟပ် သတင်းဌာနက ဖော်ပြပါတယ်။