Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟေတီနဲ့ နယ်စပ်တလျှောက် တံတိုင်းစကာနေတဲ့ ဒိုမီနီကန်နိုင်ငံ

နှစ်နိုင်ငံ ကပ်လျက် ရှိနေပေမယ့်လည်း ဖွံ့ဖြိုးတိုးတက်မှုချင်းကတော့ အရမ်း ကွာခြားပါတယ်။ ဒိုမီနီကန်ဟာ တည်ငြိမ်တဲ့ နိုင်ငံရေး တိုးတက်မှုတွေနဲ့အတူ ကာရေဘီယန် ဒေသမှာ ကမ္ဘာလှည့် ခရီးသည်တွေကို အဆွဲဆောင်နိုင်ဆုံး နိုင်ငံတစ်ခု ဖြစ်လာပါတယ်။

ဟေတီနိုင်ငံနဲ့ နယ်နိမိတ်ကို ပိုင်းခြားထားမယ့် တံတိုင်းတစ်ခု စတင် တည်ဆောက်နေပြီလို့ ဒိုမီနီကန် နိုင်ငံ အစိုးရက ကြေညာခဲ့ပါတယ်။

အဲဒီ တံတိုင်းဟာ နှစ်နိုင်ငံကြား ၂၄၄ မိုင် ရှည်လျားတဲ့ နယ်နိမိတ် မျဉ်းရဲ့ ထက်ဝက်လောက် အကွာအဝေးကို လွှမ်းခြုံထားနိုင်မယ်လို့ သိရပါတယ်။ ဟေတီနဲ့ ဒိုမီနီကန် နှစ်နိုင်ငံဟာ ဟစ္စပန်နီယိုလာ ကျွန်းပေါ်မှာ တည်ရှိပြီး အချင်းချင်းကလွဲလို့ တခြား အိမ်နီးချင်း နိုင်ငံတွေလည်း မရှိပါဘူး။

နှစ်နိုင်ငံ ကပ်လျက် ရှိနေပေမယ့်လည်း ဖွံ့ဖြိုးတိုးတက်မှုချင်းကတော့ အရမ်း ကွာခြားပါတယ်။ ဒိုမီနီကန်ဟာ တည်ငြိမ်တဲ့ နိုင်ငံရေး တိုးတက်မှုတွေနဲ့အတူ ကာရေဘီယန် ဒေသမှာ ကမ္ဘာလှည့် ခရီးသည်တွေကို အဆွဲဆောင်နိုင်ဆုံး နိုင်ငံတစ်ခု ဖြစ်လာပါတယ်။

ဟေတီကတော့ နိုင်ငံရေး ပြဿနာတွေ၊ သဘာဝ ဘေးအန္တရာယ်တွေကြောင့် ချွတ်ခြုံကျနေပြီး အနောက်ကမ္ဘာခြမ်းမှာ အဆင်းရဲဆုံး နိုင်ငံအဖြစ် သတ်မှတ် ခံထားရပါတယ်။ ဟေတီနိုင်ငံသား အမြောက်အမြားဟာ နယ်စပ်ကို တရားမဝင် ဖြတ်ကျော်ပြီး ဒိုမီနီကန် ပိုင်နက်ဖက် ခိုးဝင်လေ့ ရှိသလို မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းတွေကလည်း ဟေတီကနေတဆင့် ဒိုမီနီကန်ကို ဝင်ရောက်တတ်ကြပါတယ်။

Public Service Announcement

Public Service Announcement

အခု တံတိုင်းသစ် တည်ဆောက်မှုဟာ နှစ်နိုင်ငံလုံးအတွက် ကောင်းကျိုး ဖြစ်ထွန်းနိုင်ဖို့ အရမ်းအရေးကြီးတယ်လို့ ဒိုမီနီနကန် သမ္မတ လူးဝစ် အဘီနန်ဒါက တံတိုင်းသစ် အုတ်မြစ်ချ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

တံတိုင်းရဲ့ ပထမအဆင့် ဆောက်လုပ်မှုတွေဟာ ၉ လအတွင်း အပြီးသတ်နိုင်မယ်လို့ အဘီနန်ဒါက ဆိုပါတယ်။ အဲဒီ တံတိုင်းဟာ ၁၃ ပေ နီးပါး အမြင့်ရှိပြီး ၈ လက်မလောက် ထူမှာပါ။ တံတိုင်း တလျှောက်မှာ အင်တာနက် ကွန်ရက် ဖြန့်ကျက်ထားပြီး ဆက်သွယ်ရေး စနစ်တွေ၊ လှုပ်ရှားမှု အာရုံခံ ကိရိယာတွေ၊ ကင်မရာတွေ၊ ရေဒါတွေနဲ့ ဒရုန်းတွေ တပ်ဆင်ထားမယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နယ်စပ်နားမှာ ထိုင်းနဲ့ ကမ္ဘောဒီးယား စစ်သားတွေကြား ကိုယ်ထိလက်ရောက် ပဋိပက္ခတချို့ ဖြစ်ခဲ့တဲ့နောက် အနီးတဝိုက် ဒေသခံတွေကို ထိုင်းစစ်တပ်က ယာယီ ရွှေ့ပြောင်းပေးထားကြောင်း သိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၆)နယ်မြေ၊မြဝတီမြို့​တောင်ဘက် မြန်မာ-ထိုင်းနယ်စပ်ရှိ လက်ကျန်စခန်းများကို စနိုက်ပါ၊ ဒရုန်းများ အသုံးပြု၍ ​နေ့စဥ် တိုက်ခိုက်နေကြောင်း KNU သတင်းရင်းမြစ်ကပြောသည်။

နိုင်ငံတကာ

ကမ္ဘောဒီးယားနဲ့ ထိုင်းတို့ဟာ နယ်စပ်နဲ့ နီးနီးကပ်ကပ်ထိ တပ်တွေ ဖြန့်ထားတာကို ပြန်ရုပ်သိမ်းပြီး မူလ စခန်းချတဲ့ နေရာတွေဆီ ပြန်ဆုတ်ခွာကြဖို့ သဘောတူခဲ့ပါတယ်။

သတင်း

နယ်စပ်နားမှာ လာအို လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုက တိုက်ခိုက်ခဲ့ပြီး ကျည်ဆန်တစ်တောင့်က ထိုင်းပိုင်နက်ထဲထိ ကျရောက်ခဲ့တယ်လို့ သိရပါတယ်။