Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟေတီနဲ့ နယ်စပ်တလျှောက် တံတိုင်းစကာနေတဲ့ ဒိုမီနီကန်နိုင်ငံ

နှစ်နိုင်ငံ ကပ်လျက် ရှိနေပေမယ့်လည်း ဖွံ့ဖြိုးတိုးတက်မှုချင်းကတော့ အရမ်း ကွာခြားပါတယ်။ ဒိုမီနီကန်ဟာ တည်ငြိမ်တဲ့ နိုင်ငံရေး တိုးတက်မှုတွေနဲ့အတူ ကာရေဘီယန် ဒေသမှာ ကမ္ဘာလှည့် ခရီးသည်တွေကို အဆွဲဆောင်နိုင်ဆုံး နိုင်ငံတစ်ခု ဖြစ်လာပါတယ်။

ဟေတီနိုင်ငံနဲ့ နယ်နိမိတ်ကို ပိုင်းခြားထားမယ့် တံတိုင်းတစ်ခု စတင် တည်ဆောက်နေပြီလို့ ဒိုမီနီကန် နိုင်ငံ အစိုးရက ကြေညာခဲ့ပါတယ်။

အဲဒီ တံတိုင်းဟာ နှစ်နိုင်ငံကြား ၂၄၄ မိုင် ရှည်လျားတဲ့ နယ်နိမိတ် မျဉ်းရဲ့ ထက်ဝက်လောက် အကွာအဝေးကို လွှမ်းခြုံထားနိုင်မယ်လို့ သိရပါတယ်။ ဟေတီနဲ့ ဒိုမီနီကန် နှစ်နိုင်ငံဟာ ဟစ္စပန်နီယိုလာ ကျွန်းပေါ်မှာ တည်ရှိပြီး အချင်းချင်းကလွဲလို့ တခြား အိမ်နီးချင်း နိုင်ငံတွေလည်း မရှိပါဘူး။

နှစ်နိုင်ငံ ကပ်လျက် ရှိနေပေမယ့်လည်း ဖွံ့ဖြိုးတိုးတက်မှုချင်းကတော့ အရမ်း ကွာခြားပါတယ်။ ဒိုမီနီကန်ဟာ တည်ငြိမ်တဲ့ နိုင်ငံရေး တိုးတက်မှုတွေနဲ့အတူ ကာရေဘီယန် ဒေသမှာ ကမ္ဘာလှည့် ခရီးသည်တွေကို အဆွဲဆောင်နိုင်ဆုံး နိုင်ငံတစ်ခု ဖြစ်လာပါတယ်။

ဟေတီကတော့ နိုင်ငံရေး ပြဿနာတွေ၊ သဘာဝ ဘေးအန္တရာယ်တွေကြောင့် ချွတ်ခြုံကျနေပြီး အနောက်ကမ္ဘာခြမ်းမှာ အဆင်းရဲဆုံး နိုင်ငံအဖြစ် သတ်မှတ် ခံထားရပါတယ်။ ဟေတီနိုင်ငံသား အမြောက်အမြားဟာ နယ်စပ်ကို တရားမဝင် ဖြတ်ကျော်ပြီး ဒိုမီနီကန် ပိုင်နက်ဖက် ခိုးဝင်လေ့ ရှိသလို မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းတွေကလည်း ဟေတီကနေတဆင့် ဒိုမီနီကန်ကို ဝင်ရောက်တတ်ကြပါတယ်။

Public Service Announcement

Public Service Announcement

အခု တံတိုင်းသစ် တည်ဆောက်မှုဟာ နှစ်နိုင်ငံလုံးအတွက် ကောင်းကျိုး ဖြစ်ထွန်းနိုင်ဖို့ အရမ်းအရေးကြီးတယ်လို့ ဒိုမီနီနကန် သမ္မတ လူးဝစ် အဘီနန်ဒါက တံတိုင်းသစ် အုတ်မြစ်ချ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

တံတိုင်းရဲ့ ပထမအဆင့် ဆောက်လုပ်မှုတွေဟာ ၉ လအတွင်း အပြီးသတ်နိုင်မယ်လို့ အဘီနန်ဒါက ဆိုပါတယ်။ အဲဒီ တံတိုင်းဟာ ၁၃ ပေ နီးပါး အမြင့်ရှိပြီး ၈ လက်မလောက် ထူမှာပါ။ တံတိုင်း တလျှောက်မှာ အင်တာနက် ကွန်ရက် ဖြန့်ကျက်ထားပြီး ဆက်သွယ်ရေး စနစ်တွေ၊ လှုပ်ရှားမှု အာရုံခံ ကိရိယာတွေ၊ ကင်မရာတွေ၊ ရေဒါတွေနဲ့ ဒရုန်းတွေ တပ်ဆင်ထားမယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံဖက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မဲဆောက်မှာရှိတဲ့ မဟာဝမ် ခရိုင်ခွဲထဲက နယ်စပ်ဂိတ် အားလုံးကို ယာယီ ပိတ်လိုက်ကြောင်းထိုင်းအာဏာပိုင်တွေကပြောပါတယ်။

နိုင်ငံတကာ

ဒိုမီနီကန် နိုင်ငံမှာ လေယာဉ်တစ်စီး အရေးပေါ် ဆင်းသက်ရင်း မီးလောင်ပေါက်ကွဲရာက လေယာဉ်မှူးနှစ်ဦး သေဆုံးသွားခဲ့ပါတယ်။

သတင်း

တိုက်ပွဲပြင်းထန်နေတဲ့ မြန်မာ-ထိုင်းနယ်စပ်မှာယ​နေ့မနက်ပိုင်းက ထိုင်းဘုရင့်လေတပ်က F-16 တိုက်လေယာဉ် ၂စင်းနဲ့ ကင်းလှည့်နေစဉ် အာဏာသိမ်း မြန်မာစစ်တပ်က နယ်စပ်အနီးကို တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ထိုင်းလူမှုကွန်ရက်မှာ ရေးသားနေကြပါတယ်။

နိုင်ငံတကာ

ဟေတီနိုင်ငံမှာ သမိုင်းဝင် ခံတပ်ဟောင်းကြီး တစ်ခုထဲ ဝင်ရောက် လည်ပတ်ရင်း ဝရုန်းသုန်းကား အခြေအနေတွေ ဖြစ်ပေါ်ရာက အနည်းဆုံး လူ ၃၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။