Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းမှာ ဆေးရုံတွေ၊ ကျန်းမာရေး ဌာနတွေ တိုက်ခိုက်ခံရတာ ပိုဆိုးလာနေကြောင်း WHOပြော

WHOရဲ့ ဥရောပတိုက်ဆိုင်ရာ အရေးပေါ် အခြေအနေ စီမံ ကွပ်ကဲရေးဌာန အကြီးတန်း အရာရှိ ကက်သရင်း စမောလ်ဝုဒ်က ဆေးရုံဆေးခန်းတွေအပြင် လူနာတင် ယာဉ်တွေကိုပါ တိုက်ခိုက် ခံနေရတာက ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း သိသိသာသာ ပိုများလာနေကြောင်း အတည်ပြုခဲ့ပါတယ်။

ယူကရိန်း နိုင်ငံမှာ ဆေးရုံတွေ၊ ကျန်းမာရေး ဌာနတွေ၊ လူနာတင် ယာဉ်တွေကို ပစ်မှတ်ထား တိုက်ခိုက် ခံရမှုတွေ ပိုပြီး ဆိုးရွားလာနေကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောကြားလိုက်ပါတယ်။

ဒီအခြေအနေတွေက ရုရှားနဲ့ အကြီးအကျယ် စစ်ဖြစ်နေတဲ့ နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ အရေးကြီးတဲ့ ဆေးဝါးတွေ ဖြန့်ဝေပေးနိုင်မှုကို ဒုက္ခပေါင်းစုံ ကြုံသွားစေနိုင်တယ်လို့ WHOက သတိပေးခဲ့ပါတယ်။ အစောပိုင်းမှာလည်း ယူကရိန်း အာဏာပိုင်တွေက ရုရှားစစ်တပ်တွေဟာ ဆေးရုံတွေ၊ ကျောင်းတွေကိုပါ မရှောင်ဘဲ တိုက်ခိုက်နေတယ်လို့ စွပ်စွဲ ပြောကြားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်က စတင်ခဲ့တဲ့ ရုရှားရဲ့ ကျူးကျော်စစ်အတွင်း ကျန်းမာရေးဆိုင်ရာ အဆောက်အအုံတွေ တိုက်ခိုက် ခံရလို့ လူ ၉ ဦးထက်မနည်း သေဆုံးပြီး အနည်းဆုံး ၁၆ ဦး ဒဏ်ရာ ရခဲ့တယ်လို့လည်း WHOက ဆိုပါတယ်။ ဒီတိုက်ခိုက်မှုတွေကို ဘယ်သူဘယ်ဝါ ကျူးလွန်နေသလဲ ဆိုတာကိုတော့ WHOက ထည့်ပြောမသွားပါဘူး။

WHOရဲ့ ဥရောပတိုက်ဆိုင်ရာ အရေးပေါ် အခြေအနေ စီမံ ကွပ်ကဲရေးဌာန အကြီးတန်း အရာရှိ ကက်သရင်း စမောလ်ဝုဒ်က ဆေးရုံဆေးခန်းတွေအပြင် လူနာတင် ယာဉ်တွေကိုပါ တိုက်ခိုက် ခံနေရတာက ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း သိသိသာသာ ပိုများလာနေကြောင်း အတည်ပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

WHOက စစ်ဖြစ်နေချိန် အတောအတွင်း ယူကရိန်းမှာ အရေးပေါ် လိုအပ်နိုင်တဲ့ အောက်စီဂျင်၊ အင်ဆူလင် ဆေးဝါးနဲ့ ကပ်ရောဂါ ထိန်းချုပ်ရေး တစ်ကိုယ်ရည် အသုံးအဆောင် အကာအကွယ် ပစ္စည်းတွေကို အမြန်ဆုံး ပေးပို့နိုင်အောင် စီမံ ဆောင်ရွက်နေတယ်လို့လည်း စမောလ်ဝုဒ်က ဆိုပါတယ်။

စစ်ဖြစ်နေတဲ့ အတောအတွင်း ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍမှာ အားနည်းလာနိုင်သလို အရပ်သား ပြည်သူတွေကို ရန်လို တိုက်ခိုက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေပါ မြင့်တက်လာနိုင်တယ်လို့လည်း WHOရဲ့ ဥရောပ ဌာနခွဲ အကြီးအကဲ ဟန်းစ်ကလုဂ်က သတိပေး ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

BRICS ထိပ်သီးအစည်းအဝေးမှ ပေကျင်း အရေးပေါ်ဆေးရုံအထိ မေးခွန်းထုတ်စရာ သတင်းများ

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတကာ

ယူကရိန်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှိလာရင်တောင်မှ တိုက်ခိုက်မှုတွေကိုတော့ ရုရှားက ရပ်တန့်ထားမှာ မဟုတ်ကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။