Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားက အကူအညီ တောင်းထားတယ်ဆိုတဲ့ အမေရိကန်ရဲ့ စွပ်စွဲချက်ကို တရုတ်ငြင်းဆို

ယူကရိန်း ပြဿနာကို အခြေပြုပြီး တရုတ်အပေါ် နိုင်ငံတကာ အထင်အမြင် လွဲမှားအောင် အမေရိကန်က ပြုမူ ဆောင်ရွက်နေတာတွေက လက်ခံနိုင်စရာ မရှိဘူးလို့ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ အခြေစိုက် တရုတ် သံရုံးက ကြေညာချက် ထုတ်ပြန်ပါတယ်။

ယူကရိန်း စစ်ပွဲနဲ့ ပတ်သက်လို့ ပါဝင် ထောက်ပံ့ဖို့ ရုရှားက အကူအညီ တောင်းထားတယ်ဆိုတဲ့ အမေရိကန်ရဲ့ စွပ်စွဲမှုတွေကို တရုတ်က ငြင်းဆိုသွားပါတယ်။

အမေရိကန် အစိုးရရဲ့ အမျိုးသား လုံခြုံရေး အကြံပေး အရာရှိ ဂျိတ်ခ် ဆူလီဗန်က အရေးယူ ပိတ်ဆို့မှုတွေကြောင့် ဘက်ပေါင်းစုံ အကျပ်အတည်း ကြုံနေတဲ့ ရုရှားဟာ တရုတ်ဆီက လက်နက်နဲ့ စီးပွားရေး အကူအညီတွေ ရနိုင်ဖို့ တောင်းခံနေကြောင်း ပြောကြားခဲ့ပါတယ်။ တကယ်လို့ တရုတ်က ရုရှားကို အကူအညီ ပေးခဲ့မယ် ဆိုရင်လည်း နောက်ဆက်တွဲ ဆိုးကျိုးတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ပါ သူက သတိပေးသွားပါတယ်။

ဒါပေမဲ့ တရုတ် အစိုးရကတော့ ဆူလီဗန်ရဲ့ စွပ်စွဲမှုတွေကို ငြင်းဆိုပြီး အမေရိကန်က တရုတ်နဲ့ ပတ်သက်လို့ သတင်းမှားတွေ ဖြန့်ဝေနေတာသာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

ယူကရိန်း ပြဿနာကို အခြေပြုပြီး တရုတ်အပေါ် နိုင်ငံတကာ အထင်အမြင် လွဲမှားအောင် အမေရိကန်က ပြုမူ ဆောင်ရွက်နေတာတွေက လက်ခံနိုင်စရာ မရှိဘူးလို့ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ အခြေစိုက် တရုတ် သံရုံးက ကြေညာချက် ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ရုရှား-ယူကရိန်း စစ်ပွဲမှာ တရုတ်ဟာ အပြုသဘောဆောင်ပြီး ငြိမ်းချမ်းရေးဆီ ဦးတည်တဲ့ ဆွေးနွေးမှုတွေ အကောင်အထည် ပေါ်လာအောင် အားပေး ကူညီနေတာသာ ဖြစ်တယ်လို့ သံရုံး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အခုအချိန်မှာ အရေးအကြီးဆုံးက ပြဿနာတွေ ပိုဆိုးအောင် မီးစာဖြည့်ဖို့ မဟုတ်ဘဲ တင်းမာမှုတွေ အမြန်ဆုံး လျော့ပါးသွားဖို့သာ ဖြစ်တယ်လို့လည်း တရုတ်ဖက်က ဆိုပါတယ်။

တရုတ်က အခုလို ငြင်းချက် ထုတ်ထားပေမယ့်လည်း ထောက်လှမ်းရေး အစီရင်ခံစာတွေအရ တရုတ်ဟာ ရုရှားကို အကူအညီတွေပေးဖို့ အစီအစဉ် ရှိနေကြောင်း အမေရိကန် စစ်ဘက် အရာရှိ တချို့က ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။