Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နိုင်ငံတကာ တားမြစ်ထားတဲ့ ICBM ဒုံးကျည် မြောက်ကိုရီးယား စမ်းသပ်

ICBMတွေဟာ နျူကလီးယား ထိပ်ဖူးတွေ တပ်ဆင်နိုင်အောင် ဒီဇိုင်းထုတ် တည်ဆောက်ထားတဲ့ ဒုံးကျည်တွေပါ။ မြောက်ကိုရီးယားရဲ့ တာဝေးပစ် ဒုံးကျည် စွမ်းရည်ဟာ အမေရိကန် ပိုင်နက်ထိ ရောက်ရှိအောင် ပစ်ခတ်နိုင်စွမ်း ရှိနေပြီလို့ ယူဆရပါတယ်။

နိုင်ငံတကာမှာ တားမြစ် ပိတ်ပင်ထားတဲ့ တိုက်ချင်းပစ် ဒုံးကျည် (ICBM) တစ်စင်းကို မြောက်ကိုရီးယားက စမ်းသပ် ပစ်လွှတ်ခဲ့ကြောင်း သိရပါတယ်။

တောင်ကိုရီးယားနဲ့ ဂျပန် စစ်ဘက် အရာရှိတွေက မြောက်ကိုရီးယားဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် ICBM စမ်းသပ်ခဲ့တယ်လို့ အတည်ပြု ထုတ်ပြန်ပါတယ်။ မတ်လ ၂၄ ရက် မနက်ပိုင်းမှာ ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်ဟာ တစ်နာရီအတွင်း ကီလိုမီတာ ၁၁၀၀ လောက်ထိ ပျံသန်းပြီးတဲ့နောက် ဂျပန်ကမ်းလွန် ရေပြင်ထဲ ကျရောက်သွားတယ်လို့ ဆိုပါတယ်။

ICBMတွေဟာ နျူကလီးယား ထိပ်ဖူးတွေ တပ်ဆင်နိုင်အောင် ဒီဇိုင်းထုတ် တည်ဆောက်ထားတဲ့ ဒုံးကျည်တွေပါ။ မြောက်ကိုရီးယားရဲ့ တာဝေးပစ် ဒုံးကျည် စွမ်းရည်ဟာ အမေရိကန် ပိုင်နက်ထိ ရောက်ရှိအောင် ပစ်ခတ်နိုင်စွမ်း ရှိနေပြီလို့ ယူဆရပါတယ်။

အခု ဒုံးကျည် စမ်းသပ်မှုဟာ တောင်ကိုရီးယား၊ အမေရိကန်၊ ဂျပန်တို့နဲ့ ဆက်ဆံရေး တင်းမာနေမှုကို မြောက်ကိုရီးယားဖက်က မီးစာ ထပ်ဖြည့်ပေးလိုက်တယ်လို့ ယူဆရပါတယ်။ အရင်ကတည်းက မြောက်ကိုရီးယားဟာ ဂြိုဟ်တု လွှတ်တင်တယ်ဆိုတဲ့ ဒုံးပျံ ပစ်ခတ်မှုတွေဟာ ICBM အစိတ်အပိုင်းတွေ စမ်းသပ်နေခဲ့တာလို့ အမေရိကန်က စွပ်စွဲပါတယ်။

Public Service Announcement

Public Service Announcement

အခုနောက်ဆုံး စမ်းသပ်တဲ့ ICBMဟာ လွန်ခဲ့တဲ့ ၅ နှစ်က ပစ်လွှတ်ခဲ့တဲ့ အမျိုးအစားထက် ပိုသစ်လွင်၊ ပိုခေတ်မီပြီး စွမ်းအား ပိုကောင်းတယ်လို့ ယူဆရပါတယ်။ ဒီဒုံးကျည်ဟာ အမြင့် ကီလိုမီတာ ၆၀၀၀ ကျော်ထိ ပျံတက်ခဲ့ပါတယ်။

ဒီလုပ်ရပ်ကို တုံ့ပြန်တဲ့ အနေနဲ့ တောင်ကိုရီးယားကလည်း မြေပြင်၊ ရေပြင်နဲ့ ဝေဟင်ကနေ ဒုံးကျည် စမ်းသပ်မှု ၅ ခု ပြုလုပ်ခဲ့ပါတယ်။ ကုလသမဂ္ဂက မြောက်ကိုရီးယား အနေနဲ့ နောက်ထပ် တားမြစ်ထားတဲ့ စစ်လက်နက်အသစ် စမ်းသပ်ခဲ့တဲ့အပေါ် အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

အမေရိကန် အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဂျန်ဆာကီက မြောက်ကိုရီးယားနဲ့ ဆွေးနွေးမယ့် တံခါးတွေကို အပြီးပိတ်လိုက်မှာ မဟုတ်ကြောင်း၊ ဒါပေမဲ့ မြောက်ကိုရီးယားဖက်ကလည်း ဒေသတွင်း တည်ငြိမ်မှု ပျက်စီးစေမယ့် လုပ်ရပ်တွေကို ဆင်ခြင်ဖို့လိုကြောင်း သတိပေးခဲ့ပါတယ်။ ဒီအတောအတွင်း မြောက်ကိုရီးယားဟာ အရင်က ဖျက်ဆီးဖြိုချထားတဲ့ နျူကလီးယား လက်နက် စမ်းသပ်နယ်မြေကို ပြန်လည်ပြင်ဆင် တည်ဆောက်နေတဲ့အပေါ် အမေရိကန်နဲ့ တောင်ကိုရီးယားတို့က သတိကြီးကြီး စောင့်ကြည့်နေပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်ရဲ့ လက်နက်ပြန်လည် တပ်ဆင်နေမှုအတွက် စစ်ရေးအရ ရွေးချယ်စရာ အစီအမံ အသစ်တွေကို ပြင်ဆင်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် တပ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ကြိုးစားခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို အပြင်းအထန် တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသမှာရှိတဲ့ အမေရိကန် တပ်တွေကို အီရန်က အငိုက်ဖမ်း တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

နောက်ထပ် မြောက်ကိုရီးယားစစ်သည် သောင်းနဲ့ချီ ထပ်မံခေါ်ယူနိုင်ဖို့ ရုရှားက ဆွေးနွေးနေကြောင်း သိရှိရပါတယ်။