Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယက ရုံးခန်း အဆောက်အအုံ မီးလောင်ပြီး လူပေါင်း နှစ်ဒါဇင်ကျော် အသက်ဆုံးရှုံး

မီးလောင်တဲ့ အဆောက်အအုံဟာ ရုံးခန်းတွေ ဖွင့်လှစ်ထားတဲ့ နေရာတစ်ခုဖြစ်ပြီး အခင်းဖြစ်ချိန်က လူ ၇၀ လောက် ရှိနေခဲ့တယ်လို့ ယုံကြည်ရပါတယ်။ ပြီးတော့ ရုံးဝန်ထမ်း အများစုဟာ အမျိုးသမီးတွေလို့လည်း သိရပါတယ်။

အိန္ဒိယ နိုင်ငံမှာ အဆောက်အအုံတစ်ခု မီးလောင်မှုကြောင့် လူ ၂၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရှိရပါတယ်။

ဒေလီမြို့တော်မှာရှိတဲ့ လေးထပ် အဆောက်အအုံမှာ မီးလောင်နေတဲ့အချိန် ပိတ်မိနေသူ တချို့ဟာ ပြတင်းပေါက်တွေကပါ ကြောက်အားလန့်အား ခုန်ချခဲ့ကြတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ မေလ ၁၄ ရက် မီးလောင်မှုဟာ ဝါယာရှော့ကနေ စတင်တယ်လို့ ယုံကြည်ရပါတယ်။

မီးလောင်တဲ့ အဆောက်အအုံဟာ ရုံးခန်းတွေ ဖွင့်လှစ်ထားတဲ့ နေရာတစ်ခုဖြစ်ပြီး အခင်းဖြစ်ချိန်က လူ ၇၀ လောက် ရှိနေခဲ့တယ်လို့ ယုံကြည်ရပါတယ်။ ပြီးတော့ ရုံးဝန်ထမ်း အများစုဟာ အမျိုးသမီးတွေလို့လည်း သိရပါတယ်။

အဆောက်အအုံမှာ ဖွင့်ထားတဲ့ လုံခြုံရေး ကင်မရာ ထုတ်လုပ်ရေး ကုမ္ပဏီ တစ်ခုကို ပိုင်ဆိုင်တဲ့ ညီအစ်ကို နှစ်ခုကို လတ်တလောမှာ ရဲတပ်ဖွဲ့က မီးပေါ့ဆမှုနဲ့ ဖမ်းဆီးထားလိုက်ပါတယ်။ ပြီးတော့ အဆောက်အအုံ တစ်ခုလုံးရဲ့ ပိုင်ရှင်ကိုလည်း ရဲတွေက လိုက်ရှာနေပါတယ်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရသူတွေကို ပို့ဆောင်ထားရာ ဆေးရုံတွေမှာတော့ ဆောက်တည်ရာမရ ပူပန် စိတ်သောကရောက်နေတဲ့ ကျန်ရစ်သူ မိသားစုတွေကို တွေ့နေရပါတယ်။ သေဆုံးသွားသူတွေထဲမှာ မိသားစုအတွက် အဓိက ဝင်ငွေ ရှာဖွေပေးနေသူတွေ တော်တော်များများ ပါဝင်ခဲ့တယ်လို့လည်း သိရပါတယ်။

ရဲတွေက လူတွေ သေဆုံးရတဲ့ အကြောင်းရင်းတွေမှာ မီးလောင်ခံရလို့၊ မီးခိုးမွှန်လို့ ဆိုတာတွေအပြင် အမြင့်ကနေ ခုန်ချကြလို့လည်း ဖြစ်တယ်လို့ ပြောပါတယ်။ အခု အဆောက်အအုံဟာ မီးဘေးကြုံလာရင် ထွက်ပြေးဖို့ လုံလောက်တဲ့ ထွက်ပေါက် လမ်းကြောင်းတွေ မရှိဘဲ တည်ဆောက်ထားတာလို့ ဆိုပါတယ်။

အိန္ဒိယက ရုံးခန်းတွေ၊ စက်မှုလုပ်ငန်းတွေဟာ မီးဘေးအန္တရာယ် ကာကွယ်ဖို့ လုံလောက်တဲ့ အစီအမံတွေ ဖြည့်တင်း မထားတာကြောင့် အရင်ကလည်း ဆိုးရွားတဲ့ မီးမတော်တဆမှုတွေ ဖြစ်ပေါ်ခဲ့ဖူးပါတယ်။ ၂၀၁၉ တုန်းက ဒေလီက အိတ်စက်ရုံ တစ်လုံးမှာ မီးအကြီးအကျယ် လောင်ကျွမ်းမှုကြောင့် လူ ၄၃ ဦးလောက် အသက်ဆုံးရှုံးခဲ့ရဖူးပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မိုးပျံရထားလမ်း တစ်နေရာမှာ မီးလောင်မှု ဖြစ်ပွားရာက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြေးဆွဲနေတဲ့ MRT ရထားခရီးစဉ် တချို့ကို ဆိုင်းငံ့ခဲ့ရပါတယ်။

သတင်း

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်က Bar4U ဆိုင်မီးလောင်ခဲ့ပြီး အမျိုးသား ၂ ဦး​သေဆုံးတယ်လို့ သွားရောက်ကူညီတဲ့ လူမှုကူညီရေးအဖွဲ့ဝင်​တွေကပြောပါတယ်။

နိုင်ငံတကာ

BRICS စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ရဲ့ ထိပ်သီးညီလာခံ တက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေ အိန္ဒိယ နိုင်ငံမှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံမှာ အပြင်းအထန် မီးလောင်ခဲ့တဲ့ ကူးတို့ရေယာဉ်ပေါ်ကို နာရီပေါင်း ၄၀ လောက် ကြာပြီးမှသာ ကယ်ဆယ်ရေး အဖွဲ့တွေ တက်ရောက်နိုင်ခဲ့ပါတယ်။